See our latest stories

written by our lovely staff members

စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း NSAIDs ( December, 2022)

စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း ( NSAIDs ) မြန်မာနိုင်ငံမှာက အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မပါလည်း လွယ်လွယ်ကူကူဝယ်လို့ ရနေတာဆိုတော့ လူအများဟာ ဒီလိုဆေးတွေရဲ့ ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေကို မသိကြပါဘူး။ ဆေးတွေဟာ ရောဂါလက္ခဏာတွေကို ခဏတာသက်သာစေနိုင်ပေမယ့် ရေရှည်စွဲသောက်ရင် ဘေးထွက်ဆိုးကျိုးအရမ်းများပါတယ်။ ဒါကြောင့် NSAIDs အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။..  Non-steroidal...

Dry Skin “ ဆောင်းတွင်းအသားပတ်ခြင်း” (December, 2022)

"ဆောင်းတွင်းအသားပတ်ခြင်း" ဆောင်းတွင်းရောက်လာပြီဆိုတော့ ဆောင်းတွင်းအသားပတ်ခြင်း/ အသားခြောက်ခြင်းအကြောင်း ဗဟုသုတရအောင် တင်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ လေထုစိုထိုင်းဆနည်းတာကြောင့်ရော အေးတာရောကြောင့် အသားခြောက်ရပါတယ်။ ဆောင်းတွင်းမှာ ဘယ်လိုတွေကြောင့် အသားခြောက်ရသလဲ? အရေပြားရဲ့အပြင်ဘက်ဆုံးအလွှာဟာ အဆီနဲ့ ဆဲလ်သေတွေနဲ့ဖွဲ့စည်းထားပြီး အရေပြားအကာအကွယ် (skin barrier) အနေနဲ့ လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီ skin barrier ပျက်စီးထိခိုက်တဲ့အခါ အရေပြားခြောက်ခြင်းနဲ့ ယားနာစတာတွေ...

CoQ10 ကြောင်းသိကောင်းစရာ ( December, 2022)

CoQ10 အကြောင်းသိကောင်းစရာ CoQ10 ( Coenzyme Q10 ) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းရှိတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ နေ့စဉ်စားသုံးနေတဲ့ အစားအစာအများစုမှာလည်း CoQ10 ပါဝင်ပါတယ်။ Antioxidant အနေနဲ့လည်း လုပ်ဆောင်လို့ ဆဲလ်တွေကို ပြန်လည်ပြုပြင်တဲ့နေရာမှာလည်း အရေးပါပါတယ်။ CoQ10 ဟာ ပုံမှန်ကျန်းမာရေးကောင်းသူတွေမှာ ခန္ဓာကိုယ်တွင်း လုံလောက်တဲ့ပမာဏရှိပေမယ့်...

စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ECSTASY ( the love drug) (November, 2022)

ECSTASY ( the love drug) Ecstasy ဆိုတာဘာလဲ? Ecstasy ဟာ ဥပဒေအရပိတ်ပင်ထား​တဲ့ Amphetamine မျိုးနွယ်ဝင် စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိန်မြှင့်ချင်လို့ သုံးကြတာပါ။ သူ့မှာပါတဲ့ အဓိက ဓာတုပစ္စည်းကတော့ Methylenedioxymethamphetamine (MDMA ) ဖြစ်ပါတယ်။ MDMA...

Body Odor “ ကိုယ်နံ့ကလေးဆိုးတဲ့အခါ” ( November, 2022)

ကိုယ့်ကိုယ်ကထွက်တဲ့ ကိုယ်နံ့ဆိုးတဲ့အခါ ကိုယ်တိုင်စိတ်ရှုပ်ရတဲ့အပြင် လူအများကြား အခြားသူတွေကို အနံ့ဆိုးကြောင့် အားနာရတာ၊ ရှက်စရာလို့တွေးနေမိတတ်တာ၊ နောက် စိတ်မလုံခြုံဘဲ တစ်ချိန်လုံး ဒီအပေါ်ပဲစိတ်ရောက် အလုပ်မတွင်ဘဲ စိတ်နောက်စရာပါ။ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းတရားတွေကတော့ - တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလို့ - စနစ်တကျသန့်ရှင်းရေးမလုပ်မိလို့ - ချွေးထွက်များလို့( ချွေးထွက်များတဲ့အခါ အ​​ရေပြားပေါ်က ဘတ်တီးရီးယားပိုးမွှားတွေ ပွားများ​ပြီး အနံဆိုးထွက်​စေပါတယ်။...

Halitosis ” ခံတွင်းအနံ့ဆိုးခြင်းအကြောင်း ” ( November, 2022)

" ခံတွင်းအနံ့ဆိုးခြင်းအကြောင်း " စကားပြောမယ် ကြံလိုက်တိုင်း ပါးစပ်ကနေ အနံ့ဆိုးထွက်တာကြောင့် တော်တော် စိတ်ညစ်ရတယ်ဟုတ်? ဒီလို ခံတွင်းနံ့ဆိုးထွက်တာဟာ မိမိရဲ့ ခံတွင်းကျန်းမာရေးမကောင်းတာကို ဖော်ပြနေရုံသာမကပဲ အများသူငါနဲ့ ဆက်ဆံပြောဆိုရာမှာ ယုံကြည်မှုကိုလည်း ကျဆင်းစေပါတယ်။ ဒါဆို ဘာကြောင့် ခံတွင်းနံ့ဆိုးတွေ ထွက်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။...... “Halitosis” လို့ခေါ်တဲ့ ခံတွင်းနံ့ဆိုးခြင်းက...

Hangover( အရက်နာကျခြင်း ) (November, 2022)

အရက်နာကျတဲ့ ခံစားချက်က ဆိုးလွန်းလို့ ‘နောက်ဘယ်တော့မှ မသောက်တော့ဘူး’လို့ ပြောဖူးလား ? အရက်နာကျတဲ့ဝေဒနာ သက်သာအောင် အသုံးဝင်မယ့် ဆောင်ရန်၊ရှောင်ရန်နည်းလမ်းတွေ သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။ အရက်နာကျခြင်း ( Hangover ) အရက်နာကျတယ်ဆိုတာ ညဘက်အရက်အလွန်အကျွံသောက်ပြီး နောက်နေ့မနက်မှာ အားအင်ကုန်ခမ်းခြင်းနှင့်အတူ အခြားသောဆိုးရွားတဲ့လက္ခဏာတွေ ခံစားရခြင်းပဲ ဖြစ်ပါတယ်။တနည်းအားဖြင့် အယ်လ်ကိုဟောမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ အဆိပ်တက်ခြင်း...

How to quit smoking “ ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ” (November, 2022)

ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ (၈)သန်းလောက် ရှိပါတယ်။ အဲ့ဒီထဲကမှ (၇)သန်းလောက်ကတော့ ကိုယ်တိုင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးတာဖြစ်ပြီး (၁.၂)သန်းလောက်ကတော့ ကိုယ်တိုင်သောက်သုံးတာကြောင့် မဟုတ်ဘဲ second-hand smokeကြောင့် သေဆုံးတာ ဖြစ်ပါတယ်။ second-hand smokeဆိုတာကတော့ ဆေးလိပ်ငွေ့ကို နှစ်ရှည်လများ ကာလတော်တော်ကြာ ရှူရှိုက်မိတာကို ဆိုလိုပါတယ်။ အထူးသဖြင့်...