See our latest stories

written by our lovely staff members

အသက်အန္တရာယ်ရှိနိုင်သော နှလုံးပိုးဝင်ခြင်း Infective Endocarditis (December,2023)

အသက်အန္တရာယ်ရှိနိုင်သော နှလုံးပိုးဝင်ခြင်း (Infective Endocarditis) ❤️ Infective endocarditis ဆိုတာက နှလုံးအဆို့ရှင် သို့မဟုတ် endocardium လို့ခေါ်တဲ့ နှလုံးအခန်းတွေရဲ့ အတွင်းပိုင်းမျက်နှာပြင်အလွှာမှာ ရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဒီအခြေအနေဟာ အများအားဖြင့် ဘက်တီးရီးယားပိုးတွေ သွေးကြောကနေတစ်ဆင့် နှလုံးဆီကို ဝင်ရောက်ကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေဟာ သွေးကြောထဲကို ပါးစပ်၊...

သွေးတိုးရောဂါကုသရာမှာ သုံးတဲ့ဆေးဝါးများ(October,2023)

သွေးတိုးရောဂါကုသရာမှာ သုံးတဲ့ဆေးဝါးများအကြောင်း သွေးတိုးရောဂါဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ရောဂါပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ မထိန်းသိမ်း၊ မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးတိုးရှိပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ဆေးပုံမှန်သောက်သုံးဖို့ လိုအပ်ပါတယ်။ သွေးတိုးရောဂါကုသရာမှာ အသုံးများတဲ့ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ . (၁) Angiotensin converting enzyme (ACE) inhibitors များ ACE inhibitors...

အဆုတ်လေအိတ်များ ပျက်စီးခြင်း Emphysema (October,2023)

အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဆိုတာ အဆုတ်ရောဂါတစ်ခုဖြစ်ပြီး ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အဆုတ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ တခြားပစ္စည်းတွေကို ပုံမှန်ရှူရှိုက်မိသူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဆုတ်လေအိတ်တွေ ပျက်စီးတယ်ဆိုတာဟာ အဆုတ်အတွင်းရှိ လေအိတ်လေးတွေဖြစ်တဲ့ (alveoli) လေးတွေကို ပျက်စီးစေတာပါ။ လေအိတ်လေးတွေဟာ အားပျော့သွားပြီး နောက်ဆုံးမှာတော့ ကွဲထွက်သွားကာ အဆုတ်ရဲ့မျက်နှာပြင်ဧရိယာနဲ့ သွေးကြောထဲသို့ ရောက်ရှိနိုင်တဲ့...

စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်း Box Breathing (October,2023)

Box Breathing နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။ Box breathing လို့ခေါ်တဲ့ ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်းဟာ အလွန်ထိရောက်တဲ့ စိတ်ဖိစီးမှုဖြေလျှော့တဲ့နည်းလမ်း (relaxation techniques) လေးတစ်ခုပါ။ ဒီလို ရှူသွင်းရှူထုတ်လုပ်ခြင်းဟာ သင့်ကို စိတ်ပြေလျော့စေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။...

“ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း” Gestational Hypertension and Preeclampsia (September,2023)

"ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း" ????ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ သွေးတိုးရောဂါဆိုတာ ဘာလဲ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်များစေတဲ့ အမျိုးအစားကို အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။ (၁) Gestational hypertension ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာမှဖြစ်တဲ့ သွေးတိုးရောဂါပါ။ ကိုယ်ဝန် အပတ် ၂၀ အကြာမှာ စဖြစ်တတ်ပါတယ်။ အများအားဖြင့် ဘာရောဂါလက္ခဏာမှ မရှိတတ်ဘဲ...

နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ Atrial Septal Defect (September,2023)

နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ (Atrial Septal Defect) Atrial Septal Defect ဆိုတာ နှလုံးရဲ့အပေါ်ခန်း (atria) ကို ပိုင်းခြားထားတဲ့ နံရံ (septum) မှာ အပေါက်ပါတဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်ပါတယ်။ အပေါက်ဟာ အရွယ်အစား ကွဲပြားနိုင်ပြီး သူ့အလိုအလျောက် ပြန်ပိတ်သွားနိုင်သလို၊...

နေရာလွဲနေသော အသည်းနဲ့ နှလုံးသား Dextrocardia with Situs Inversus (September,2023)

နေရာလွဲနေသော အသည်းနဲ့ နှလုံးသား (Dextrocardia with situs inversus) ဓာတ်မှန်အဖြေတစ်ခုမှာ ဓာတ်မှန်ဆရာဝန်ရဲ့ မှတ်ချက်က ‘Dextrocardia due to situs inversus’ တဲ့။ ဆိုလိုတာက နှလုံးသားက ရင်ခေါင်းရဲ့ ဝဲဘက်ခြမ်းမှာ မရှိဘဲ လက်ယာဘက်ကို ရောက်နေသလို၊ အသည်းနဲ့တခြားကလီစာတွေကလည်း နေရာမှားနေတယ်လို့ ဆိုတာပါ။ ပြဿနာက...

အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း Asian Flush (September,2023)

“အရက်သောက်ပြီးနောက် မျက်နှာနီမြန်းခြင်း (Asian flush)” တချို့လူတွေက အရက်သောက်ပြီးရင် မျက်နှာတွေ နီရဲလာတတ်ပါတယ်။ ဒါဟာခန္ဓာကိုယ်က အရက်ကို ထိရောက်စွာ မ​ချေဖျက်နိုင်တာကြောင့် Acetaldehyde လို့ခေါ်တဲ့ ဓာတ်တွေ အလွန်အကျွံများလာတာကြောင့် ဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ အဆိပ်အတောက်ဖြစ်စေပြီး histamine ထွက်စေကာ နီမြန်းခြင်းနှင့် အခြားလက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ အချို့လူတွေဟာ မျိုးရိုးဗီဇလက္ခဏာတွေကြောင့်...