See our latest stories

written by our lovely staff members

မြင်းခွာပုံ ကျောက်ကပ် Horse Shoe Kidney( July, 2022 )

မြင်းခွာပုံ ကျောက်ကပ် ( Horse shoe kidney ) ကျောက်ကပ်၏အလုပ်? ကျောက်ကပ်သည် သွေးအတွင်းရှိ စွန့်ပစ်ရမည့်ပစ္စည်းများကို စွန့်ပစ် ၊ ပြန်စုပ်ယူရမည်တို့ကို ပြန်စုပ်ပေးပါသည်။ ခန္တာကိုယ်အတွက် အရေးပါသော ဓာတ်များကို ထိန်းညှိပေးပါသည်။ ခန္တာကိုယ်အတွက် မလိုအပ်တော့သည့်ရေနှင့်အညစ်အကြေးတို့ကို ဖယ်ရှားသန့်စင်ပေးပါသည်။ မြင်းခွာပုံကျောက်ကပ်ဆိုတာ ဘာလဲ? မြင်းခွာပုံကျောက်ကပ်ဆိုသည်မှာ မွေးရာပါရောဂါတစ်မျိုး ဖြစ်ပါသည်။...

ဝှေးစေ့ကင်ဆာ Testicular Cancer ( July,2022 )

“ဝှေးစေ့ကင်ဆာ အဖြေရှာ ၊ မရှက်ကြောက်ဘဲ ဆွေးနွေးတိုင်ပင်ပါ " Testicular Cancer ++++++++++++++++++++++++++++++++++++ • ဝှေးစေ့ (Testes) ဆိုတာကတော့ အမျိုးသားတို့ရဲ့ လိင်အင်္ဂါ (Penis) နားမှာရှိပြီး ကပ်ပယ်အိတ် (scrotum) ကဖုံးအုပ်ပေးထားတဲ့ ဘဲဥပုံသဏ္ဍာန် အင်္ဂါနှစ်ခုကို ဆိုလိုပါတယ်။ ဝှေးစေ့မှာ ဖြစ်တဲ့...

ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia ( May, 2022 )

သတိထားပါ ဆီးကျိတ်ပြဿနာ ???? အဖေဒီတလော ညဘက်ခဏခဏ ဆီးထထသွားနေတယ်နော်။ ဟုတ်လားအဖေ? ဆီးချိုရှိရင် အဲ့လိုဖြစ်တတ်တယ် ကြားဖူးတယ် ၊ ဆီးချိုသွားစစ်ကြည့်ရအောင်လေ ????‍???? အေးသမီး...တစ်ကယ်တော့ အဖေဖြစ်နေတာ တော်တော်တောင်ကြာနေပြီ။ အဲဒါကြောင့် ဟိုရက်ကပဲ သမီးအမေနဲ့ ဆေးခန်းမှာ နှစ်ယောက်လုံး မနက်အစော အစာမစားခင် ဆီးချိုသွားဖောက်ထားသေးတယ်။ ကောင်းတယ်လို့ပြောတယ်။ အဖေကလည်း ညဘက်ဆီးခဏခဏသွားတဲ့ကိစ္စ...

ပန်းသေပန်းညှိုးရောဂါ Erectile Dysfunction/ Impotency( May, 2022 )

ပန်းသေပန်းညှိုးမဖြစ်စေဖို့ ❓ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ...

ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infections (UTI) in Children

ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း =============================== ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုး၀င်တာကို ခေါ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေးသေးခံ(diaper) သုံးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ ဘယ်လိုဖြစ်တာလဲ ? ဘက်တီးရီးယားလို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ ဆီးလမ်းကြောင်းထဲ ၀င်သွားလို့ပါ။ အများအားဖြင့် စအို၀၊...

ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း Kidney Stones

ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း============================== (၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ ? ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ... နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်ပါတယ် နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြေးဖြေးတိုးပြီး နာလာတတ်ပါတယ် ဆီးသွားတဲ့အခါမှာ ပူတာ ၊ ကျင်တာ ၊ အောင့်တာ...