ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
An official website of the National Unity Government
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
ပန်းနာရင်ကြပ်ရောဂါ Asthma(June,2022)
ဇွန် 4, 2022
ပန်းနာရင်ကြပ်ရောဂါ (Asthma) ❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ ကျဥ်းသွားတယ်ဆိုတာဟာ (၁) လေပြွန်ရောင်ခြင်း (၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း (၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို) အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်) ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း မတည့်သောအစာများ...
ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ BIPOLAR AFFECTIVE DISORDER (June, 2022 )
ဇွန် 3, 2022
ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ (BIPOLAR AFFECTIVE DISORDER) ❓ Bipolar disorder ဆိုတာဘာလဲ ???? စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ဆိုတာ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့ Mood disorder တစ်မျိုးဖြစ်ပြီး စိတ်ကြွနေတဲ့အချိန် (Mania) နဲ့ စိတ်ကျနေတဲ့အချိန် (Depression) ဆိုပြီး အစွန်းနှစ်ဖက် ရှိလို့...
ကိုယ်ဝန်တားဆေးကဒ် ( လက်ညှိုးကဒ် )အကြောင်း ဗဟုသုတ ( May, 2022 )
မေ 31, 2022
ကိုယ်ဝန်တားဆေးကဒ် ( လက်ညှိုးကဒ် )အကြောင်း ဗဟုသုတ ( May, 2022 )====================================== တားဆေးကဒ် သောက်ဖို့ခဏခဏ မေ့တယ်။ ဘယ်လိုလုပ်ရမလဲ တားဆေးကဒ်သောက်မယ်လို့ ဆုံးဖြတ်ရင် နေ့တိုင်းမပျက်မကွက် သောက်ဖို့လိုသလို သောက်တဲ့အချိန်လဲ မှန်ဖို့လိုပါတယ်။ ဥပမာအားဖြင့် မနက် (၇)နာရီမှာသောက်မယ်ဆိုရင် နေ့တိုင်း မနက် (၇)နာရီမှာသောက်သင့်ပါတယ်။ ဒီနေ့ မနက်...
မျောက်ကျောက်ရောဂါ Update on Monkeypox Virus Infection (May,2022)
မေ 30, 2022
???? မျောက်ကျောက်ရောဂါ နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၃၀-၅-၂၀၂၂) ???? မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ...
ခြေထောက်သွေးပြန်ကြော သွေးခဲခြင်း Deep Vein Thrombosis ( May, 2022 )
မေ 30, 2022
ခြေထောက်သွေးပြန်ကြော သွေးခဲခြင်း (Deep Vein Thrombosis) DVTဆိုတာမပြောခင် အရင်ဆုံးတော့ သွေးပြန်ကြော(Vein)ရဲ့ပုံမှန်အလုပ်လုပ်ပုံလေး သိထားသင့်ပါတယ်။ သွေးပြန်ကြောဟာ သူ့နာမည်အတိုင်း ခန္ဓာကိုယ်အနှံ့ကသွေးတွေကို နှလုံးထဲပြန်ရောက်အောင် သယ်ပေးတာပါ။ သွေးပုံမှန်စီးဆင်းနေပြီး သွေးမခဲသွားအောင် သွေးပြန်ကြောဘေးတလျောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ညှစ်အားနဲ့ ပြန်ကြောအတွင်းရှိအဆို့ရှင်(Valves)လေးတွေက ကူညီပေးကြပါတယ်။ ❓ဘယ်လိုအချိန်မှာသွေးခဲမှာလဲ အကြောင်းအမျိုးမျိုးကြောင့် သွေးလည်ပတ်မှုပျက်သွားရင်တော့ သွေးခဲခြင်း(thrombosis)ဖြစ်ပါတယ်။ခြေသလုံးအတွင်းရှိသွေးပြန်ကြောအတွင်း သွေးခဲခဲ့ရင်တော့ Deep vein thrombosis လို့ခေါ်ပါတယ်။ ❓ဘယ်လိုလူတွေမှာဖြစ်တတ်လဲ -...
သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )
မေ 29, 2022
သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...
Trench Foot or Immersion Foot
မေ 28, 2022
ခြေထောက်စိုနာရောဂါ (Trench Foot or Immersion Foot) ဆိုသည်မှာ ခြေထောက်များ အချိန်ကြာမြင့်စွာ စိုထိုင်းခြင်းကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုပါသည်။ ရောဂါဖြစ်ပွားပါက ခြေထောက်များ အလွန်အမင်း နာကျင်စွာခံစားရစေတတ်သော်လည်း ကြိုတင်ကာကွယ်၊ ကုသ၍ ရနိုင်ပါသည်။ ခြေထောက်စိုနာရောဂါသည် အအေးဓာတ် (အေးခဲသည်အထိ မဟုတ်)၊ စိုထိုင်းမှုနှင့် တစ်ခါတစ်ရံ...
ထိပ်ကပ်နာ Sinusitis ( May, 2022 )
မေ 28, 2022
ထိပ်ကပ်နာ (Sinusitis) ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။ Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။ sinuses ရှိတဲ့နေရာတွေကတော့ Frontal sinuses (...
1
...
117
118
119
...
127
Page 118 of 127