See our latest stories

written by our lovely staff members

နို့ဦးရည် (Colostrum) အကြောင်း သိကောင်းစရာ

မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ မွေးကင်းစကလေးငယ်ကြား အရေပြားချင်းထိတွေ့ပြီး ရင်းနှီးမှုရစေတဲ့အပြင် မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မီးဖွားပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ colostrum လို့ခေါ်တဲ့ နို့ဦးရည်ကို ထုတ်ပေးပါတယ်။. 🔸 Colostrum နို့ဦးရည်ဆိုတာ ဘာလိုမျိုးလဲ နို့ဦးရည်က များသောအားဖြင့် ရွှေဝါရောင်ဖြစ်ပြီး ကြက်ဥအနှစ်နဲ့ ဆင်တူပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက်...

ညှော်နံ့၊ ညှော်ငွေ့များနှင့် အနာရင်းခြင်းအကြောင်း

"ဒီမှာ ညှော်နံ့ရတယ် ဝေးဝေးနေ…အနာရင်းနေလိမ့်မယ်" စသဖြင့် ပြောကြတာတွေကို ကြားဖူးကြမှာပါ။ ဒါက တကယ်ပဲ အမှန်ပဲလား 🤔 ဆိုတော့ အဲဒီ ညှော်နံ့၊ ညှော်ငွေ့တွေထဲမှာ ဘာတွေ ပါလဲ၊ ဘာတွေဖြစ်စေလဲ ဦးစွာပြောပြပေးပါမယ်။. ❓မီးဖိုကထွက်တဲ့ ညှော်နံ့ထဲမှာ ဘာတွေပါလဲ အဓိကအားဖြင့်တော့ Nitrogen dioxide, Carbon monoxide, Carbon dioxide အပြင် တခြားသော ဓာတုပစ္စည်း၊...

စိတ်ဖိစီးမှုကြောင့် အလွန်အကျွံစားသောက်ခြင်း Overeating due to Stress

ကျွန်တော်တို့စားတဲ့ အစားအသောက်တွေထဲမှာ ဗိုက်ဆာလို့စားတဲ့ အစားအသောက်နဲ့ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်မျိုးကို emotional eating လို့လည်း ခေါ်ပါတယ်။ အခြေအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် စားကြတာရှိပေမယ့် ဒီနေရာမှာ ကျွန်တော် အဓိကအလေးပေး တင်ပြသွားမယ့်အပိုင်းက မိမိစိတ်ခံစားချက် အတက်အကျကြောင့် ကျန်းမာရေးနဲ့...

မနက်ကျေးငှက်၊ ညဇီးကွက် Early Bird, Night Owl

အင်္ဂလိပ်လိုဆိုရင်…. early bird, night owlမြန်မာလို ဆီလျော်အောင်ပြန်ရရင်“မနက်ကျေးငှက်၊ ညဇီးကွက်” ဆိုတာလေး ကြားဖူးကြမယ်ထင်ပါ့။ လူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ စောစောအိပ် စောစောနိုးတတ်တဲ့ပုံစံ (type) ထဲပါဝင်ပြီး ၃၀ ရာခိုင်နှုန်းလောက်ကတော့ နောက်ကျအိပ် နောက်ကျထတတ်တဲ့ အိပ်စက်ခြင်းပုံစံတွေ အသီးသီးရှိပါတယ်တဲ့။ ကျန်တဲ့ ၃၀ ရာနှုန်း...

မနက်ခင်းတွင် ညီလေးနိုးထခြင်းနှင့် ကျန်းမာရေး Morning Wood

မနက်ရောက်ရင် လူထက် ဖွားဖက်တော်ညီလေးက အရင်နိုးနှင့်နေတဲ့ အမျိုးသားတွေ ရှိကြတယ်မို့လား။ အဲဒီလို ညီလေးတွေ နိုးနှင့်နေတာက ရှက်စရာကိစ္စမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်တာကို ပြသနေတာဖြစ်ပါတယ်။ မနက်ခင်းမှာ ခဏတာ လိင်တံထောင်မတ်ခြင်းကို (Morning Wood) သို့မဟုတ် (Nocturnal Penile Tumescence) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဒီကိစ္စဟာ ယောက်ျားလေးတွေမှာ အသက်အရွယ်မရွေး...

လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး Sexual and Reproductive Health

“ရှောင်မလွှဲနိုင်တဲ့၊ တစ်ချိန်ချိန်မှာ ကြုံလာနိုင်ခြေရှိတဲ့ သဘာ၀တရားကြီးနဲ့ ကြုံလာတဲ့အခါ ကိုယ့်အတွက် အန္တရာယ်ဆိုးကျိုးတွေ မဖြစ်စေဖို့နဲ့ နောင်တရတာတွေ၊ ပူပန်ရတာတွေ မရှိစေဖို့ ဘယ်လိုပြင်ဆင် ကာကွယ်ကြမလဲ” ခေါင်းစဉ်ကြည့်ပြီး ဘာပါလိမ့်ပေါ့။ သဘာ၀တရားတဲ့။ ရေကြီးတာလား၊‌ မြေပြိုတာလား။ ငလျင်လှုပ်တာလား။ ဘာလားညာလား မထင်ပါနဲ့။ တို့ပြောမှာ အဲဒီထက်နက်နဲတယ် (အယ်လယ်)။ သိုင်းလောက...

B6 နှင့် Dimenhydrinate ဆေးနှစ်မျိုး၏ ကွာခြားချက်များအကြောင်း

ခရီးသွားရမှာ ကားမမူးအောင် B6 လေး သောက်သွားနော်ဆိုပြီး အဝါရောင်ဆေးကဒ်လေး ဆောင်ကြ၊ သောက်ကြတာကို မြင်ဖူးကြမှာပါ။  ဒါက အမှန်ပဲလားဆိုရင် လုံးဝ မဟုတ်ပါဘူးနော်။ 🟡 သူတို့က ပုံသဏ္ဍာန်အားဖြင့် အဝါရောင်ဆေးပြားလေးတွေအဖြစ် တူနေပေမဲ့ သက်ရောက်မှုကတော့ လုံးဝ ကွာခြားပါတယ်။. 🔹 B6 (Pyridoxine) ဆိုတာက  ဗိုက်တာမင် ဘီ (Vitamin...

လေလည်ခြင်းနှင့် ကျန်းမာရေး

ဘာကြောင့် အလွန်အကျွံ လေလည်ကြသလဲ။ လေလည်တယ်ဆိုတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက အစာအိမ်အူလမ်းကြောင်းမှာ ဂတ်စ်တွေ ရွေ့လို့ပဲ ဖြစ်ရသဗျ။  တကယ်တော့ လေလည်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အစာခြေစနစ်မှာ ပုံမှန်အစိတ်ပိုင်းတစ်ခုပါပဲ။ အစာစားပြီးရင်ဖြစ်ဖြစ် ဒါမှမဟုတ် စားနေတုန်းဖြစ်ဖြစ် လေလည်နိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အကြိမ် ၂၅ ကြိမ်လောက်ထိ လေလည်ကြပါသတဲ့။ တစ်ခါတစ်ရံ...