မီနူး

See our latest stories

written by our lovely staff members

အရက်နာကျခြင်း (Hangover) သက်သာစေဖို့ (Video)

အရက်အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးကို များစွာထိခိုက်စေပါတယ်။ လူမှုရေးအရ သောက်ရတဲ့သူတွေ၊ မဖြတ်နိုင်သေးတဲ့သူတွေအတွက် အရက်နာကျခြင်းသက်သာစေတဲ့ အကြံပြုချက်တွေကို မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://www.youtube.com/watch?v=Wv9tX9Qw-6A

Body Odor “ ကိုယ်နံ့ကလေးဆိုးတဲ့အခါ” ( November, 2022)

ကိုယ့်ကိုယ်ကထွက်တဲ့ ကိုယ်နံ့ဆိုးတဲ့အခါ ကိုယ်တိုင်စိတ်ရှုပ်ရတဲ့အပြင် လူအများကြား အခြားသူတွေကို အနံ့ဆိုးကြောင့် အားနာရတာ၊ ရှက်စရာလို့တွေးနေမိတတ်တာ၊ နောက် စိတ်မလုံခြုံဘဲ တစ်ချိန်လုံး ဒီအပေါ်ပဲစိတ်ရောက် အလုပ်မတွင်ဘဲ စိတ်နောက်စရာပါ။ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းတရားတွေကတော့ - တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလို့ - စနစ်တကျသန့်ရှင်းရေးမလုပ်မိလို့ - ချွေးထွက်များလို့( ချွေးထွက်များတဲ့အခါ အ​​ရေပြားပေါ်က ဘတ်တီးရီးယားပိုးမွှားတွေ ပွားများ​ပြီး အနံဆိုးထွက်​စေပါတယ်။...

Cancer (ကင်ဆာဆိုတဲ့ စကားနှစ်လုံး) (October, 2022)

ကင်ဆာဆိုတဲ့ စကားနှစ်လုံး ကင်ဆာဆိုတာကြားတာနဲ့ လူနာကလည်း ကြောက်သလို၊ မိသားစု၀င်တွေကလည်း လက်မခံချင်ကြပါဘူး။ နောက်ဆုံးအချိန်အထိ မဖြစ်ဖို့ ဆုတောင်းကြတယ်။ ဒီကင်ဆာရောဂါအကြောင်းကို တစေ့တစောင်းနားလည်စေဖို့ တင်ပြဆွေးနွေး လိုက်ရပါတယ်။ ????အရေးကြီးသော၊ သိစေချင်သော အချက်များ (၁) ကင်ဆာရောဂါဟာ ကမ္ဘာမှာ သေဆုံးရတဲ့ ထိပ်တန်း အကြောင်းရင်းထဲမှာ ပါပါတယ်။ ၂၀၂၀ မှာ ကင်ဆာကြောင့်...

Sound Sleep (ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ) (October, 2022)

အိပ်ပျော်စေသော နည်းလမ်းကောင်း(၆)ချက် ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အလုပ်ပင်ပန်းလို့၊ မိသားစု တာ၀န်၀တ္တရားတွေနဲ့ ကျန်းမာရေး မကောင်းလို့ စသဖြင့်ပါ။ တစ်ခါတလေ ကိုယ့်ကိုညအိပ်မပျော်အောင်ဖြစ်စေတဲ့အရာတွေကို မထိန်းချုပ်နိုင်ကြပါဘူး။ သို့သော်လည်း အောက်မှာဖော်ပြထားတဲ့ လွယ်ကူရိုးရှင်းတဲ့အချက်ကလေးတွေကို ကျင့်သုံးပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကြိုးစားကြရအောင်ပါ (၁) အိပ်ချိန်မှန်မှန်အိပ်ပါ လူတယောက်အတွက် အိပ်စက်ချိန်က (၇)နာရီတော့ အနည်းဆုံး ရှိသင့်ပါတယ်။...

လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း Social phobia ( September, 2022 )

Social phobia (လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း) သင်ဟာ လူကြောက်တတ်သူ တစ်ယောက်လား❓ Social phobia ဆိုတာ❔ ကျွန်တော်တို့ လူသားတွေအတွက် ဟောပြောပွဲ၊တွေ့ဆုံပွဲစတဲ့ အခမ်းအနားတွေမှာ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့တယ်ခံစားရတာ ပုံမှန်အခြေအနေတစ်ခုပါ။ ဒါပေမယ့် Social phobia( social anxiety disorder) ရှိတဲ့သူတွေမှာဆိုရင်တော့ နေ့စဉ် လူမှုဆက်ဆံရေးမှာ...

Ganglion (ခပ်မာမာ အလုံးလေး)(September, 2022)

Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ? လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ ◼️ ရောဂါလက္ခဏာတွေက ? Ganglion လုံးဟာ...

How to reduce Cholesterol: ကိုယ်တွင်းအဆီဓာတ်များနှင့် ဘယ်လိုလျော့ချကြမလဲ ? ( September, 2022 )

ကိုယ်တွင်းအဆီဓာတ်များနှင့် ဘယ်လိုလျော့ချကြမလဲ ? နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အသက်ဆုံးရှုံးမှုအများဆုံး ရောဂါတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်သလို ၊ လေဖြတ်ခြင်းဟာလည်း အသက်အရွယ်ကြီးမြင့်သူအများအပြားကို မသန်မစွမ်းဘဝတွေ ဖြစ်စေနေပါတယ် ဒီရောဂါတွေဟာ ခန္ဓာကိုယ်တွင်း အဆီဓာတ်များခြင်း​နဲ့ အဓိကဆက်စပ်နေပါတယ် သွေးထဲမှာ အဆီတွေများလာတဲ့အခါမှာ သွေးကြောထဲမှာ သွားစုပုံပြီး သွေးကြောကျဥ်းတာ၊ သွေးကြောပိတ်တာ စတာတွေကို ဖြစ်စေပါတယ် ဒီလိုဖြစ်ရာကတစ်ဆင့် heart attack,...

ထိပ်ပြောင်ခြင်း Male Pattern Baldness (August, 2022)

ထိပ်ပြောင်တာ ရှက်စရာလား (Male Pattern Baldness) "အမျိုးသားတို့ ထိပ်ပြောင်တာ ရှက်စရာမဟုတ်၊ ထိပ်ပြောင်တာ သဘာဝဖြစ်စဉ်တစ်ခုပါ" ဆံပင်ဟာ ဒုတိယမျက်နှာလို့ ဆိုကြတော့ ဆံပင်ကျွတ် ထိပ်ကွက် ထိပ်ပြောင်ဖြစ်မှာကို စိုးရိမ်တတ်ကြတာကလည်း သဘာဝပါပဲ။ အမျိုးသားတို့ ထိပ်ကွက်ထိပ်​ပြောင်ဖြစ်စေရတဲ့ အကြောင်းတရားတွေနဲ့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ​ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါ.... ထိပ်ပြောင်ရခြင်း အကြောင်းတရားများ ✅ မျိုးရိုးလိုက်ခြင်း...