See our latest stories

written by our lovely staff members

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...

အူကျရောဂါလူနာတွေ များလာရခြင်းအကြောင်း

ခုတော်လှန်ရေးကာလ မြေပြင်ရှေ့တန်းဆေးရုံမှာ ကျွန်တော် Reducible indirect inguinal hernia အမျိုးသားအူကျရောဂါတွေ အများကြီးခွဲခဲ့ရတယ်။ ရောဂါရာဇဝင်မေးကြည့်တယ်။ ဖြစ်နေတာဘယ်လောက်ကြာပြီလဲဆိုတော့ ငါးနှစ်နဲ့အထက်တွေချည်းပဲ။ တော်လှန်ရေးမတိုင်ခင်ကာလကတည်းက ဖြစ်နေကြတာ။ ဘာလို့ခုမှ လာခွဲကြသလဲ ဆန်းစစ်ကြည့်တော့ ငယ်ငယ်က ဖတ်ဖူးခဲ့တာလေး သွားသတိရတယ်။ မြန်မာပြည်မှာ လူနာလည်းမရှားဘူး။ ဆရာဝန်လည်း မရှားဘူးတဲ့။ ဘာကရှားနေတာလဲဆိုတော့...

နှင်းကိုက်ခြင်း Frostbite

နှင်းကိုက်တယ်ဆိုလို့ အနှင်းကိုက်တာကို ပြောတာမဟုတ်ဘူးနော်။ Snow လို့ခေါ်တဲ့ တကယ်နှင်းကိုက်တာကို ပြောတာပါ 😁။ နှင်းကိုက်ခြင်းဟာ အရမ်းအေးတဲ့နေရာမှာ အကြာကြီးနေလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နေရာအများစုနဲ့ကျ သိပ်ပြီးမရင်းနှီးကြပေမယ့် UK တို့လို့ အရမ်းအေးတဲ့ အနောက်နိုင်ငံတွေမှာတော့ ဆောင်းတွင်းရောက်ပြီဆိုရင် အိမ်ခြေယာမဲ့ (Homeless) တွေမှာ အတွေ့များတတ်ပါတယ်။.... နှင်းကိုက်ခြင်းမှာ...

ကင်ဆာရောဂါအတွက် အရေးပါလှ‌သော ကုထုံးတစ်မျိုးဖြစ်တဲ့ ဓာတ်ရောင်ခြည်ကုထုံးအကြောင်း

ဓာတ်ရောင်ခြည်ကုထုံးကို အချို့က ဓာတ်ကင်တယ်ဆိုပြီး အလွယ်ခေါ်ကြပါတယ်။ ဒီအသုံးအနှုန်းကို ကြားရင်ဖြစ်‌‌စေ၊ ကင်ဆာရောဂါဖြစ်တယ်ဆိုတာ သိရရင်ဖြစ်စေ လူနာတွေအနေနဲ့ ရောဂါနဲ့ကုသမှုတွေကို စိတ်ပူကြကြောက်ကြမှာ အမှန်ပါပဲ။ ဓာတ်ကင်ရမယ်ပြောရင် မသိနားမလည်တဲ့လူနာတွေက နာမည်ကြားရုံနဲ့ ကုသမှုကိုလန့်သွားတတ်ပြီး ငြင်းဆန်တတ်ကြပါတယ်။ ကင်ဆာရောဂါကို မလွဲရှောင်သာ ကြုံတွေ့ရတဲ့အခါ ကုသမှုတွေကို မကြောက်ကြဖို့ ဦးစွာပြောလိုပြီး၊ ဓာတ်ရောင်ခြည်ကုထုံးဟာ...

စိတ်ခံစားချက်တွေကို ရေးမှတ်ရအောင် Journaling

စိတ်ခံစားချက်တွေကို ရေးမှတ်ခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ရေးချလိုက်တာဟာ ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့၊ နှုတ်လုံတဲ့၊ ချစ်ရတဲ့ မိတ်ဆွေတစ်ဦးကို ရင်ဖွင့်လိုက်ရတာနဲ့တူပါတယ်။ နောက်ပြီး ကိုယ်တိုင်ရဲ့ မသိစိတ်ထဲကနေတောင် အဖြေရှာမရတဲ့ ကိုယ့်အတွေးထဲမှာ ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကို ချရေးလိုက်ခြင်းအားဖြင့် ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေဆီ...

အစာအဆိပ်သင့်ခြင်း Food Poisoning

အစာအဆိပ်သင့်ခြင်းဆိုတာ ညစ်ညမ်းတဲ့အစားအစာတွေကို စားသုံးမိခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ အများအားဖြင့် ရောဂါမပြင်းထန်တတ်ပါဘူး။ လူအများစုက ကုသမှုမခံယူဘဲ ရက်အနည်းငယ်အတွင်း ကောင်းလာတတ်ကြပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်း အများစုကတော့ အစားအသောက်တွေမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် စတဲ့ရောဂါပိုးတွေ ပါနေတာကြောင့်ဖြစ်ပါတယ်။ အဖြစ်များတဲ့ ပိုးမွှားတွေကတော့ Campylobacter, Salmonella, Escherichia coli, Norovirus နဲ့...

နို့ဦးရည် (Colostrum) အကြောင်း သိကောင်းစရာ

မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ မွေးကင်းစကလေးငယ်ကြား အရေပြားချင်းထိတွေ့ပြီး ရင်းနှီးမှုရစေတဲ့အပြင် မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မီးဖွားပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ colostrum လို့ခေါ်တဲ့ နို့ဦးရည်ကို ထုတ်ပေးပါတယ်။. 🔸 Colostrum နို့ဦးရည်ဆိုတာ ဘာလိုမျိုးလဲ နို့ဦးရည်က များသောအားဖြင့် ရွှေဝါရောင်ဖြစ်ပြီး ကြက်ဥအနှစ်နဲ့ ဆင်တူပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက်...

ညှော်နံ့၊ ညှော်ငွေ့များနှင့် အနာရင်းခြင်းအကြောင်း

"ဒီမှာ ညှော်နံ့ရတယ် ဝေးဝေးနေ…အနာရင်းနေလိမ့်မယ်" စသဖြင့် ပြောကြတာတွေကို ကြားဖူးကြမှာပါ။ ဒါက တကယ်ပဲ အမှန်ပဲလား 🤔 ဆိုတော့ အဲဒီ ညှော်နံ့၊ ညှော်ငွေ့တွေထဲမှာ ဘာတွေ ပါလဲ၊ ဘာတွေဖြစ်စေလဲ ဦးစွာပြောပြပေးပါမယ်။. ❓မီးဖိုကထွက်တဲ့ ညှော်နံ့ထဲမှာ ဘာတွေပါလဲ အဓိကအားဖြင့်တော့ Nitrogen dioxide, Carbon monoxide, Carbon dioxide အပြင် တခြားသော ဓာတုပစ္စည်း၊...