See our latest stories

written by our lovely staff members

ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း Baby Blues (September,2023)

ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း (Baby blues) Baby blues ဆိုတာ မီးဖွားပြီးမိခင် ၈၀ ရာခိုင်နှုန်းခန့်မှာ ခံစားရတဲ့ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု၊ ဖိစီးမှုနဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေများတဲ့ တိုတောင်းတဲ့အချိန်ကာလကို ဆိုလိုပါတယ်။ ပထမဦးဆုံးကလေးမွေးပြီး မိခင်အသစ် ၅ ယောက်မှာ ၄ ယောက်ဟာ ဒီလို baby...

စိတ်ကျန်းမာရေး ဦးစားပေး Mental Health (September,2023)

----------|| စိတ်ကျန်းမာရေး ဦးစားပေး ||---------- စိတ်ကျန်းမာရေးဆိုတာ ကျွန်မတို့ နေ့စဉ် တွေးတောခံစား ပြုမူနေတာ‌တွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်ခြင်းဟာ နေ့စဉ်ရှင်သန်ရာ ဘဝ၊ ပေါင်းသင်းဆက်ဆံရေးတွေသာမက ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုပဲ လူတွေဟာ ဘဝမှာ ရုန်းကန်ရှင်သန်ရမှုတွေ၊ ဘေးပတ်ဝန်းကျင်က အခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ...

ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း School Anxiety, School Refusal, School Avoidance or School Phobia (August,2023)

ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း ကျောင်းသား/ကျောင်းသူတစ်ယောက်က တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့ပြီး ကျောင်းသွားဖို့ အကြောက်အကန်ငြင်းဆန်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပြီး စာမသင်ချင်လို့၊ ကျောင်းမှာမပျော်လို့ ကျောင်းပြေးတာမျိုးနဲ့မတူပါ။ ကျောင်းနေအရွယ် ကလေး (၁ - ၅ %) လောက်မှာ ဒီလိုပြဿနာမျိုးရှိနိုင်ပြီး အသက် ၅၊ ၆၊ ၁၀ နဲ့ ၁၁...

ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း Gaming Disorder(August,2023)

ဂိမ်းကစားမှုကို အလွန်အကျွံစွဲလမ်းခြင်း (Gaming disorder) အွန်လိုင်းဂိမ်းတွေ အလွန်ခေတ်စားလာပြီး eSport ဆိုပြီး နိုင်ငံတကာပြိုင်ပွဲတွေပါ ဖြစ်လာတာနဲ့အတူ ဂိမ်းကို အလွန်အကျွံစွဲလမ်းပြီး ဘဝပျက်သွားတဲ့လူငယ်တွေရဲ့သတင်းတွေလည်း များသည်ထက်များလာပါတယ်။ ကွန်ပြူတာ၊ ဖုန်း စတာတွေ ဝယ်မယ်ဆိုရင်တောင် ဂိမ်းကစားလို့ကောင်းတဲ့ပစ္စည်းဆိုပြီး လိုအပ်ချက်တစ်ခုအနေနဲ့ ထည့်သွင်းရွေးချယ်ကြတာ များလာပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာရောဂါအုပ်စုခွဲသတ်မှတ်ခြင်း အမှတ်စဉ်...

မိမိတို့ရဲ့ စိတ်အခြေအနေကို စောစောသိဖို့ မေးခွန်းလေးတွေဖြေပြီး အမှတ်တွေပေါင်းလို့ ဆန်းစစ်ကြည့်လိုက်ပါ Mental Health Test(August,2023)

ဘ၀မှာ‌ နေမပျော်ဘူး၊ ဘ၀က အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ယူဆနေရပါလား... အသက်ရှူမ၀၊ ကတုန်ကယင်ဖြစ်ပြီး စိုးရိမ်စိတ်တွေ ကြီးစိုးနေသလို ခံစားနေရပြီလား... စိတ်အနှောင့်အယှက်ဖြစ်လွယ်၊ ရတက်မအေးနိုင်ဘဲ စိတ်ပေါ့ပေါ့ပါးပါးနေဖို့ ခက်ခဲနေတာ သတိထားမိနေလား... ... ... ဒီခေတ်ဒီအခါမှာ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျန်းမာရေး အားနည်းလာကြပါတယ်။ စိုးရိမ်စိတ်များခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း စသဖြင့် အဆင့်ဆင့်ခံစားလာကြရပြီး မိမိတို့ရဲ့...

သင့်စိတ်ကိုပျော်ရွှင်စေသော ဟော်မုန်းတွေထွက်ရှိအောင်

သင့်စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်အောင် ဘယ်လိုနေထိုင်ပြုမူကြမလဲ ? ဟော်မုန်းတွေဟာ ခန္ဓာကိုယ်အနှံ့ရှိ ဂလင်းအမျိုးမျိုးမှ ထုတ်လုပ်တဲ့ဓာတုပစ္စည်းများ ဖြစ်ပါတယ်။ ၎င်းတို့ဟာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ရောက်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများစွာမှာ ပါဝင်ကြပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေထဲမှာ စိတ်ခံစားချက်ကို ထိန်းညှိပေးတာလည်းပါပါတယ်။ အချို့ဟော်မုန်းတွေဟာ ပျော်ရွှင်မှုအပါအဝင် အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို မြှင့်တင်ဖို့ကူညီပေးကြောင်း လူသိများပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် သီချင်းနားထောင်ခြင်းကဲ့သို့သော...

မိမိကိုယ်မိမိ ဝ နေသည်ဟုသာ ထင်မြင်၍ အစားလျှော့ပြီးရင်း လျှော့ခြင်း Anorexia Nervosa

Anorexia Nervosa ဆိုတာ ဘာလဲ ? လူတော်တော်များများက ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ စိုးရိမ်ပူပန်မှုဟာ စွဲလမ်းမှုတစ်ခုဖြစ်လာပြီး anorexia nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန်တက်မှာကိုကြောက်တဲ့ စိတ်ရောဂါအခြေအနေတစ်ခုဖြစ်လာပါတယ်။ Anorexia nervosa ဆိုတာ အလွန်အမင်းကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေနိုင်တဲ့ အစာမစားတဲ့စိတ်ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။ Anorexia ရှိသူဟာ ကိုယ်စားသုံးတဲ့ ကယ်လိုရီပမာဏနဲ့...

နားငြီးမခံနိုင်တဲ့ရောဂါ Misophonia

Misophonia ဆိုတာက အသံတစ်ခုကို ကြားလိုက်ရချိန်မှာ စိတ်ခံစားချက်အရဖြစ်စေ၊ ခန္ဓာကိုယ်က အလိုအလျောက်ဖြစ်စေ မခံမရပ်နိုင်အောင် တုံ့ပြန်လိုက်မိခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါကို တစ်ခါတစ်ရံ Selective Sound Syndrome လို့လည်း ခေါ်ပါသေးတယ်။ Misophonia ကို ခံစားနေရသူတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ခံတွင်းကထွက်တဲ့အသံတွေဖြစ်တဲ့ အခြားသူ အစားစားနေတဲ့အသံ၊...