See our latest stories

written by our lovely staff members

ကမ္ဘာတစ်ဝှမ်း မေတ္တာတရားကို သက်ရှိအားလုံးအပေါ်ဖြန့်ကျက်သက်ရောက်နိုင်ရန် ရည်ရွယ်တဲ့နေ့ World Compassion Day (November,2023)

ဒီနေ့ နိုဝင်ဘာ (၂၈) ရက်နေ့က World Compassion Day ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း မေတ္တာတရားကို သက်ရှိအားလုံးအပေါ်ဖြန့်ကျက်သက်ရောက်နိုင်ရန် ရည်ရွယ်တဲ့နေ့ကို ဆိုလိုတာပါ။ မေတ္တာကို လူသားမျိုးနွယ်ရဲ့ အဓိက သဘာဝတစ်ခုအဖြစ် ကာလကြာရှည်စွာ မှတ်ယူထားခဲ့ပြီး သက္ကရာဇ် ၂၀၀၀ အစောပိုင်းလောက်မှာတော့ မေတ္တာသဘောကို အဓိကအာရုံစိုက်တဲ့ စိတ်ကုထုံးဆိုပြီး ပေါ်ပေါက်ခဲ့ပါတယ်။...

စိတ်ကိုပြန်လည်အခြေချခြင်း (Video) (November, 2023)

စိတ်သောကရောက်နေသူတွေ၊ စိတ်လှုပ်ရှား မုန်တိုင်းထန်နေသူတွေအတွက် စိတ်ပြေလျော့သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်... ???? လက်တွေ့လုပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲ စိတ်ဖိစီးမှုတွေနဲ့ စိတ်သောကတွေဟာ အနည်းနဲ့အများ သက်သာလျော့ပါးသွားတာကို သိသိသာသာ ခံစားမိသွားမှာ ဖြစ်တဲ့အတွက်ကြောင့်... အချိန် ၅ မိနစ်ပဲ ကြာမြင့်တဲ့ ဒီဗီဒီယိုလေးထဲက ဆရာမ ပြောပြထားတဲ့အတိုင်း တစ်ခေါက်နှစ်ခေါက်လောက် စမ်းသပ်လုပ်ဆောင်ကြည့်ကြပါဦးလို့ စေတနာများစွာနဲ့...

ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ (November,2023)

"ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ" နေရာတကာမှာ သူပဲ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်၊ အာရုံစိုက်ခံချင်တဲ့သူတွေကို ကြုံဖူးပါသလား။ ဒီလိုလူတွေ တွေ့ရတဲ့အခါ စိတ်ထဲ စနိုးစနောင့်ဖြစ်မိ၊ ဘဝင်မတွေ့စရာ ဖြစ်မိနိုင်ပေမဲ့ ဒီလိုအကျင့်စရိုက်ရှိသူ အချို့တွေဟာ Histrionic personality disorder (HPD) လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်နိုင်ပါတယ်တဲ့နော်။ Historic ဆိုတာက အင်္ဂလိပ်ဆို dramatic...

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း Tension Headache (October,2023)

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတ‌မောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ...

စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်း Box Breathing (October,2023)

Box Breathing နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အသုံးဝင်မယ့် အသက်ရှူလေ့ကျင့်ခန်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်နော်။ Box breathing လို့ခေါ်တဲ့ ဝင်လေထွက်လေ ညီမျှအောင် စည်းချက်ကျကျ အသက်ပြင်းပြင်းရှူသွင်းရှူထုတ်နည်းဟာ အလွန်ထိရောက်တဲ့ စိတ်ဖိစီးမှုဖြေလျှော့တဲ့နည်းလမ်း (relaxation techniques) လေးတစ်ခုပါ။ ဒီလို ရှူသွင်းရှူထုတ်လုပ်ခြင်းဟာ သင့်ကို စိတ်ပြေလျော့စေပြီး အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်။...

ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဆိုတဲ့ အကြောင်း Burnout Awareness in Ethnic Languages

လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ဟာ World Mental Health Day ဖြစ်ပါတယ်။ လူသားတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေအတွက် ရုန်းကန်လှုပ်ရှားကြရင်း သတိမထားမိဘဲ စိတ်ဖိစီးမှုတွေ များပြားလာတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေ တ​ဖြည်းဖြည်းများလာတဲ့အခါမှာတော့ ဘယ်အရာကိုမှ မတွေးတောနိုင်တော့ဘဲ...

စိတ်ကျန်းမာရေးဆိုတာ ဘာလဲ Mental Health Definition (October,2023)

အခုလာမယ့် အင်္ဂါနေ့.... အောက်တိုဘာ (၁၀) ရက်နေ့ဟာ "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့" "World Mental Health Day" ဖြစ်ပါတယ်နော် ???? ဒါကြောင့် စိတ်ကျန်းမာရေးဆိုတာ ဘာလဲ... စိတ်ကျန်းမာခြင်းကို ဘယ်လိုအနက်အဓိပ္ပာယ် ဖွင့်ဆိုထားသလဲဆိုတာလေးကို အားလုံးသိရှိရအောင် မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြည့် လေ့လာကြည့်ပေးကြပါဦးနော် ???? . ----------------------။ ။-------------------- . စိတ်ကျန်းမာခြင်း ဆိုသည်မှာ စိတ်ရောဂါများ ကင်းဝေးရုံသာမက... ၁။ မိမိကိုယ်မိမိ...

စာသင်ခန်းထဲက စကားမပြောတဲ့ ကလေးလေး Selective Mutism (October,2023)

သင်သိပါသလား..... အခု အောက်တိုဘာလဟာ Selective Mutism Awareness Month ဖြစ်ပါတယ်။ ဒါကြောင့် Selective Mutism ဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေကို လိုက်နာဆောင်ရွက်သင့်လဲ ဆိုတာလေးကို ပြည်သူလူထုက ပိုမိုသိရှိနားလည်ပြီး သက်ဆိုင်သူတွေကို ပိုကူညီနိုင်ဖို့အတွက် တယ်လီကျန်းမာရဲ့ အထူးကုဆရာဝန်တစ်ဦးက ဗဟုသုတ မျှဝေပေးထားပါတယ်နော်။ ဖတ်ကြည့် လေ့လာကြည့်ကြပါဦး... ???? . ----------------------။...