See our latest stories

written by our lovely staff members

စိတ်ဝင်တစား နားထောင်ပေးခြင်းသည် ကုသမှုတစ်ခုဖြစ်ကြောင်း

"စိတ်ဝင်တစား နားထောင်ပေးခြင်းဟာလည်း ကုသမှု မည်ပါတယ် " ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ဖွင့်ပြောဆိုခြင်းတွေကို စိတ်ဝင်တစား အလေးအနက်ထားပြီး နားထောင်ပေးဖူးပါသလား။ ရင်ဖွင့်သူအပေါ် အကဲဖြတ်ခြင်းတွေ၊ အလျင်စလိုကောက်ချက်ချခြင်းတွေ၊ ဝေဖန်အကြံပြုခြင်းတွေမပါဘဲ အရှိအတိုင်းလက်ခံပြီး နားထောင်ပေးဖူးပါသလား။ တစ်ဖက်သား ရင်ဖွင့်ပြောဆိုတဲ့ အကြောင်းအရာကို မိမိအနေဖြင့် သဘောမတူသည့်တိုင် ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်စွာ နားထောင်ပေးဖူးပါသလား။ တကယ်တော့ အခြားသူတစ်ယောက်ကို...

စိတ်ကျန်းမာရေးအတွက် Safety Planning

လတ်တလော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကြားမှာ ကျွန်မတို့ဟာ စိတ်မလုံခြုံမှုတွေကြောင့် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေများပြီး စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေကြမှာပဲနော်။ မိမိရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ၊ မကောင်းတဲ့အရာတွေနဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါ အလွယ်တကူ စိတ်ထိခိုက်နိုင်ပါတယ်။ ပိုပြီးစိတ်တိုတာ စိတ်ဆတ်တာတွေ ဖြစ်နိုင်သလို၊ ပူပန်မှုတွေ၊ အတွေးတွေ...

စိတ်ခံစားချက်တွေကို ရေးမှတ်ရအောင် Journaling

စိတ်ခံစားချက်တွေကို ရေးမှတ်ခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ရေးချလိုက်တာဟာ ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့၊ နှုတ်လုံတဲ့၊ ချစ်ရတဲ့ မိတ်ဆွေတစ်ဦးကို ရင်ဖွင့်လိုက်ရတာနဲ့တူပါတယ်။ နောက်ပြီး ကိုယ်တိုင်ရဲ့ မသိစိတ်ထဲကနေတောင် အဖြေရှာမရတဲ့ ကိုယ့်အတွေးထဲမှာ ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကို ချရေးလိုက်ခြင်းအားဖြင့် ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေဆီ...

ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို အထင်မှားလေ့ရှိကြတဲ့ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါအကြောင်း

ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက...

နေရာတစ်ခုခုတွင် ပိတ်မိမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း Agoraphobia

လူတော်တော်များများမှာ phobia လို့ခေါ်တဲ့ တစ်စုံတစ်ခုကို ထူးထူးခြားခြား တခြားသောအရာတွေထက်ပိုပြီး ကြောက်လန့်တတ်တဲ့ စိတ်လှုပ်ရှားမှုရောဂါတွေ ရှိကြပါတယ်။ တချို့က အမှောင်ကို ကြောက်တယ်။ တချို့က အင်းဆက်ပိုးမွှားတွေကို ကြောက်တယ်။ တချို့က အမြင့်ကို ကြောက်တယ်။ ဒီနေ့မှာတော့ အဲဒီလို phobia တွေထဲက နေရာတစ်ခုခုမှာ ပိတ်မိမှာကိုကြောက်တဲ့...

စိတ်ဖိစီးမှုကြောင့် အလွန်အကျွံစားသောက်ခြင်း Overeating due to Stress

ကျွန်တော်တို့စားတဲ့ အစားအသောက်တွေထဲမှာ ဗိုက်ဆာလို့စားတဲ့ အစားအသောက်နဲ့ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်မျိုးကို emotional eating လို့လည်း ခေါ်ပါတယ်။ အခြေအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် စားကြတာရှိပေမယ့် ဒီနေရာမှာ ကျွန်တော် အဓိကအလေးပေး တင်ပြသွားမယ့်အပိုင်းက မိမိစိတ်ခံစားချက် အတက်အကျကြောင့် ကျန်းမာရေးနဲ့...

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့

မနက်တိုင်း မနက်တိုင်း အိပ်ရာထပြီးနောက် အားအင်ကုန်ခမ်းနေသလို မလန်းမဆန်း ခံစားရဖူးပါသလား။ တစ်ခါတလေ အိမ်ကနေ အလုပ်ကိုတောင် မသွားရသေးဘူး၊ တစ်နေ့တာအတွက် အားမရှိသလို ခံစားနေရပါသလား။ ဒီလိုဖြစ်နေတယ်ဆိုရင် သင်တစ်ယောက်ထဲ မဟုတ်ပါဘူးနော်။ တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ အိပ်စက်အနားယူချိန်ဟာ ၇ နာရီကနေ ၉ နာရီ ဖြစ်ပေမယ့်...

ဆေးရုံ/ဆေးခန်း ကြောက်တဲ့ရောဂါ Nosocomephobia

ဆေးရုံ/ဆေးခန်းသွားရတာကို မနှစ်သက်နိုင် ဖြစ်ရတာ၊ စိတ်မသက်မသာ ဖြစ်ရတာဟာ ပုံမှန်စိတ်ခံစားချက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးရုံ/ဆေးခန်းကို ကြောက်လွန်းလို့ မိမိရဲ့ဆေးကုသမှုလိုအပ်ချက်အတွက်တောင် မသွားရဲတာမျိုး၊ နာမကျန်းဖြစ်နေတဲ့ ချစ်ရသူတွေဆီ လူနာသတင်း‌လေး သွားမေးဖို့တောင် ဝန်လေးနေတာမျိုးဆိုရင်တော့ သင့်မှာ ဆေးရုံ/ဆေးခန်းကြောက်တဲ့ စိတ်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ... ... ???? ရောဂါရဲ့ သဘောသဘာဝ - ဆေးရုံ/ဆေးခန်းတွေကို...