See our latest stories

written by our lovely staff members

Snake Bite

ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့…..မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ….... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ “Raynaud’s Phenomenon” (April, 2023)

“Raynaud's Phenomenon” (ရေးနော့ဒ် ဖြစ်စဉ်) Raynaud's phenomenon ဆိုတာ လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ချောင်းခြေချောင်းတွေမှာရှိတဲ့ သွေးလွှတ်ကြောလေးတွေဟာ အပူချိန်လျော့နည်းလာတဲ့အခါ ရုတ်တရက်ကျုံ့သွားပြီး သွေးလည်ပတ်မှု နည်းသွားတာပါ။ ပထမပိုင်းမှာ ခေတ္တခဏသာ ကျုံ့တာဖြစ်ပြီး အနွေးဓာတ်ရရင် သက်သာပေမယ့် နောက်ဆုံးမှာတော့...

“ ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)” (April 2023)

"ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)"Hamstrings ဆိုတာ ပေါင် အနောက်ဘက်မှာရှိတဲ့ ကြီးမားပြီး အားကောင်းတဲ့ ကြွက်သားအုပ်စုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာ ကောင်းစွာ ကြီးထွားဖွံဖြိုးလေ့ရှိပါတယ်။Hamstrings ကြွက်သားတွေဟာ တင်ပါးဆုံရိုးနဲ့ ဒူးကြားမှာရှိပြီး လမ်းလျှောက်တာ (ဒါမှမဟုတ်) ပြေးတဲ့အခါ...

“ Common Infectious Diseases in Summer” (Video) (April 2023)

"နွေရာသီတွင် အဖြစ်များသော ကူးစက်ရောဂါများ" ခုလို ပူလောင်ပြင်းထန်တဲ့ နွေရာသီမှာ တဖြည်းဖြည်း မြင့်တက်လာတဲ့ အပူဒဏ်အပြင် လူထုကို ဒုက္ခပေးနိုင်တဲ့ ကူးစက်ရောဂါတွေလည်း ကူးစက်ပျံ့နှံ့လေ့ ရှိပါတယ်။ ဂရုတစိုက် ကာကွယ်ခြင်းမရှိရင် လူအများအပြားကို ကူးစက်စေတတ်တဲ့ နွေရာသီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းနဲ့ ကာကွယ်ရေးနည်းလမ်းတွေကို ဒေါက်တာဆုတောင်းပြည့်က စိတ်ဝင်စားဖွယ်...

“ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း “

"သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း " အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာပြီး အသက် (၆၅) နှစ်အထက်မှာ သက်ကြီးပိုင်းတွေမှာ ချော်လဲတာ အများဆုံးနဲ့ အဆိုးဆုံး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အရိုးပွရောဂါ ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပြီး ချော်လဲမှုတွေရဲ့ (၅) ရာခိုင်နှုန်း​လောက်မှာ အရိုးကျိုးလေ့ရှိတယ်လို့ သုတေသနတစ်ချို့က...

Ganglion (ခပ်မာမာ အလုံးလေး)(September, 2022)

Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ? လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ ◼️ ရောဂါလက္ခဏာတွေက ? Ganglion လုံးဟာ...

ခါးရိုးစောင်းခြင်း Scoliosis ( August, 2022 )

ခါးရိုးစောင်းခြင်း (Scoliosis) မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိအောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ ခန္ဓာကိုယ်အနေအထား မမှန်တဲ့ရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူကြားထဲထွက်ရင် အနေအထားမမှန်တဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ခဏခဏရှက်ရတယ်။ စိတ်အဆင်မပြေ ခံစားရတယ်။ ဒီလိုရောဂါတွေထဲကမှ scoliosis လို့ခေါ်တဲ့ ခါးရိုးစောင်းခြင်းနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဘာတွေလုပ်‌ဆောင်ရမယ်ဆိုတာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Scoliosis ဆိုတာကတော့ မိမိရဲ့ခါးရိုဟာ...