See our latest stories

written by our lovely staff members

မျက်စိစွန်ခြင်း Stye( March, 2022 )

မျက်စိစွန်ခြင်း မျက်စိစွန်တယ်ဆိုတာ မျက်တောင်မွှေးအခြေနား မျက်ခမ်းအစပ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အလုံး(အဖု) ဖြစ်လာတာပါ။ ❓ဘာကြောင့်ဖြစ်တာလဲ - ဖြစ်ရတဲ့ အကြောင်းအရင်းတိတိပပပြောလို့မရပါဘူး။- ဖြစ်နိုင်ခြေရှိတာက မျက်လုံးကို လက်နဲ့ပွတ်လို့ပါ။- မျက်ခမ်းသားတွေ မျက်လုံးသားတွေဟာအရမ်းနုနယ်တဲ့အတွက် လက်နဲ့ပွတ်တဲ့အခါ သာမာန်မျက်စိနဲ့ မမြင်ရနိုင်တဲ့ ပွန်းပဲ့သွားတာမျိုးဖြစ်သွားပါတယ်။- အရေပြားပေါ်မှာ ကပ်နေလေ့ရှိတဲ့ ရောဂါပိုးမွှားတွေက သာမန်အချိန် ဘာပြဿနာမှမပေးပေမယ့် ပွန်းပဲ့သွားတဲ့အရေပြားလွှာလေးကတစ်ဆင့် မျက်တောင်အမြစ်အိတ်ကလေးတွေထဲ...

အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )

????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့???? နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။ ???? ရာသီဥတု...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

ပခုံးခဲ၊ ပခုံးကပ် ရောဂါ Frozen Shoulder (January 2022)

ပခုံးခဲ၊ ပခုံးကပ် ရောဂါ အထက်ပါရောဂါသည် ပြင်ပလူနာအဖြစ် ပြသခံယူရသော အဖြစ်များသည့်ရောဂါ တစ်ခုဖြစ်ပါသည်။ လူနာများအနေဖြင့် အရိုးအထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆရာဝန်၊ အဆစ်အမြစ်သမားတော်၊ အထွေထွေရောဂါကုဆရာဝန် စသည်တို့ထံတွင် ပြသကုသမှုခံယူလေ့ရှိပါသည်။ သို့ဖြစ်ရာ ပခုံးခဲရောဂါ သဘာဝနှင့် စပ်လျဉ်း၍ သိသင့် သတိပြုအပ်သော အချက်များကို တင်ပြအပ်ပါသည်။ ရောဂါသဘာဝ ပခုံးခဲရောဂါသည် ပခုံးပတ်လည်ရှိ...

ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis

"ကလေးပါးစပ်တွင်းက မှက်ခရု" မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ပုံ Candida က လူတို့၏ အရေပြား၊...

မျက်သားတက်ခြင်း Pterygium

မျက်သားတက်ခြင်း ============== မျက်သားတက်တယ်ဆိုတာ အများအားဖြင့် မျက်လုံးရဲ့အဖြူရောင်နေရာမှာ တြိဂံပုံစံ (နောက်ထပ်)အဖြူဖတ်လေး ကပ်ပြီး ၊ နေရတာ ခိုးလိုးခုလုဖြစ်နေတတ်ပါတယ်။ တခါတလေ သွေးကြောမျှင်လေးတွေ မြင်နေရနိုင်ပါတယ်။ အများအားဖြင့် နာလေ့မရှိပါဘူး။ အကယ်၍ ရောင်ယမ်းလာမယ်ဆိုရင်တော့ နာလာတာ၊ နီရဲလာတာမျိုးဖြစ်တတ်ပါတယ်။ မျက်စိရဲ့ အမဲရောင်နေရာအထိ မျက်သားတက်လာရင်တော့ ကြည့်ရတာ အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဘယ်သူတွေ ဖြစ်လဲ။...

Hand, Foot, and Mouth Disease (HFMD) (January 2022)

Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...