See our latest stories

written by our lovely staff members

ချာချာလည်မူးခြင်း Vertigo (November,2023)

မသောက်ဘဲ ချာချာလည်အောင် မူးတယ်ဆိုတာမျိုး ကြားဖူးကြသလို ဖြစ်လည်း ဖြစ်ဖူးကြမှာပါ။ ဒီလို ချာချာလည်မူးတာကို ဆေးပညာအခေါ်အဝေါ် အရဆိုရင်တော့ vertigo လို့ ခေါ်ပါတယ်။ . ????ချာချာလည်မူးခြင်း (Vertigo) ဘာကြောင့် ဖြစ်ရလဲ။ လူခန္ဓာကိုယ် လှုပ်ရှားသွားလာတဲ့အချိန်မှာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ နားအတွင်းမှာရှိတဲ့ ခရုခွေလေးတွေနဲ့ အဲဒီအထဲက အရည်လေးတွေက ထိန်းညှိပေးပါတယ်။ ဒီအရည်လေးတွေ...

အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း Swimmer’s ear (November,2023)

Swimmer’s ear (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း) Swimmer’s ear ဆိုတာကတော့ အတွင်းဘက် နားစည်ကနေ အပြင်ဘက် နားအပေါက်ဝအထိ ဆက်ထားတဲ့ အပြင်နားလမ်းကြောင်းမှာ ပိုးဝင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နားထဲမှာ ရေဝင်နေတဲ့အခါတွေမှာ စိုစိုစွတ်စွတ်ဖြစ်နေတာကြောင့် ဘက်တီးရီးယားပေါက်ပွားဖို့ ပိုလွယ်ကူတဲ့အတွက်ကြောင့် ဖြစ်လေ့ရှိပါတယ်။ နားထဲကို လက်ချောင်းတွေ၊ ဂွမ်းစတွေနဲ့ တခြားသောအရာဝတ္ထုပစ္စည်းတွေကို...

မျက်စိစွန်တဲ့အကြောင်း Stye & Chalazion (October,2023)

မျက်စိစွန်တဲ့ အကြောင်းလေး ပြောပြမယ်။ ကြီးမှ ဝက်သက်ပေါက်တယ်လို့ ပြောကြသလို မျက်စိစွန်ရင် လူပါစွံတော့မယ်ဆိုလား။ မျက်စိစွန်တာ ၂ မျိုး ရှိပါတယ်။ ၁။ Stye မျက်စိအပြင်စွန် ၂။ Chalazion မျက်စိအတွင်းစွန် မျက်စိအပြင်စွန်ထက် မျက်စိအတွင်းစွန်က ပိုအဖြစ်များပါတယ်။ မျက်စိအပြင်စွန်က မျက်တောင်မွှေးအရင်းကို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ အဖြစ်များတာက မျက်စိအတွင်းစွန်ပါ။ ပြောပြမယ်နော်။ မျက်ခမ်းမှာ မျက်ရည်အဆီထွက်တဲ့...

ကျီးကန်းပါးစပ်နာ Angular Stomatitis (October,2023)

နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ… အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။ . ???? ကျီးကန်းပါးစပ် ဆိုတာ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့်...

အဖြစ်များနေသော မျက်စိနာခြင်း Adenoviral Conjunctivitis

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။ ????ဘာတွေ ခံစားရမလဲ မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။...

နားအူခြင်း Tinnitus

နားအူတဲ့ပြဿနာဟာ ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နိုင်တဲ့ပြဿနာ ဖြစ်ပါတယ်။ နားအူတဲ့အခါမှာ မိမိရဲ့နားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ တဝီဝီမြည်နေတာမျိုး၊ ဒါမှမဟုတ် တခြားဆူညံနေတဲ့အသံတွေကို ကြားနေရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ ဆူညံသံတွေဟာ အပြင်မှာတကယ်ဆူညံနေလို့ ကြားနေရတာမျိုးမဟုတ်ဘဲ မိမိတစ်ယောက်တည်းကသာ ကြားနေရတာမျိုး ဖြစ်ပါတယ်။ လူအယောက် (၁၀၀) မှာ (၁၅)...

မျက်ခွံရောင်ခြင်း Blepharitis

Blepharitis ဆိုတာ နာတာရှည် မျက်ခွံရောင်ရမ်းစေတဲ့ မျက်စိရောဂါတစ်မျိုးပါ။ မျက်တောင်၊ မျက်စိအဖြူသား၊ မျက်ခွံနဲ့ မျက်စိကိုချောမွေ့စေတဲ့ အဆီထုတ်လုပ်ပေးတဲ့ Meibomian glands လို့ဆိုတဲ့ အကျိတ်လေးတွေအပါအဝင် မျက်ခွံတစ်ဝိုက် ရောင်ရမ်းနာကျင်စေတာပါ။ . ????️ နာတာရှည် မျက်ခွံရောင်တဲ့အခါ... ????မျက်ခွံတစ်ဝိုက်မှာ နာတာရှည် ကြည့်ရဆိုးတဲ့ ကြမ်းရှရှ အဖြူအဖတ်ဖတ် ချပ်ပြားတွေဖြစ်ပေါ်လာပါမယ်။ မျက်ခွံတစ်ဝိုက်၊...

အရောင်ခွဲခြားမြင်နိုင်စွမ်းမဲ့ရောဂါ Color Blindness

လူအများ ကြားဖူးနားဝရှိကြတဲ့ Color Blindness ဆိုတာ ဘယ်လိုမျက်စိရောဂါမျိုးလဲ ဒီကနေ့မှာ တင်ဆက်ပေးလိုက်ပါတယ်။ ????️ Color Blindness ဆိုတာ အရောင်တွေကို ခွဲခြားဖို့ခက်ခဲတဲ့ မျက်စိရောဂါတစ်ခုပါ။ ဒါဟာ မျိုးရိုးလိုက်တတ်ပြီး၊ အရောင်တွေကို ခွဲခြားဖို့ခက်ခဲလို့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ကြီးကြီးမားမား ထိခိုက်စေတာတော့ မရှိပါဘူးတဲ့။ ????️ အရောင်တွေကို ခွဲဖို့ခက်တယ်ဆိုရာမှာ ????အနီရောင်နဲ့...