ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
An official website of the National Unity Government
တယ်လီကျန်းမာ
An official website of the National Unity Government
Facebook
Mail
Youtube
တယ်လီကျန်းမာ
ပင်မစာမျက်နှာ
ကျန်းမာရေးဆောင်းပါးများ
တယ်လီကျန်းမာအကြောင်း
အကြံပြုချက်ပေးပို့ရန်
Search
See our latest stories
written by our lovely staff members
သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease
နိုဝင်ဘာ 19, 2024
"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...
ချို့ယွင်းမှု ၄ မျိုးဖြင့် ပြာနှမ်းနေသော မွေးရာပါ နှလုံးရောဂါ Tetralogy of Fallot (TOF)
နိုဝင်ဘာ 4, 2024
မွေးရာပါ နှလုံးရောဂါတွေထဲက အခုပြောချင်တာလေးက ပြာနှမ်းနေတဲ့ မွေးရာပါနှလုံးရောဂါထဲက တစ်ခုဖြစ်တဲ့ TOF အကြောင်းဖြစ်ပါတယ်။ TOF လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါမှာ . . . (၁) အဆုတ်သို့သွားသော သွေးကြော၏အဝတွင် ကျဉ်းနေခြင်း (Right Ventricular Outflow Tract Obstruction) (၂) ထိုကျဥ်းသော သွေးကြောရှိရာ ညာဘက်နှလုံးအခန်းက...
ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် ခံစားတုံ့ပြန်မှုများ
အောက်တိုဘာ 27, 2024
ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ ၎င်းတို့ရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအပေါ် အခြေခံပြီး ၎င်းတို့ရဲ့ခံစားချက်တွေ၊ တုံ့ပြန်မှုတွေကို နားလည်လက်ခံပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေဟာ လူကြီးတစ်ယောက်နည်းတူ ထိခိုက်ခံစားကြရပေမယ့် လူကြီးတစ်ယောက်ကဲ့သို့ တုံ့ပြန်ပြုမူနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် ကလေးသူငယ်တွေ ဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့အခါ အောက်ပါအပြုအမူတွေ ဖြစ်ပွားတတ်ပါတယ်။ (၁) စိုးရိမ်ကြောက်လန့်တဲ့ လက္ခဏာတွေပေါ်ခြင်း (မျက်နှာသွင်ပြင်မှာ...
ကလေးငယ်များ ဝမ်းချုပ်ခြင်းအတွက် သိထားသင့်သော ဆောင်ရန်၊ရှောင်ရန်များ
အောက်တိုဘာ 12, 2024
ကြုံဖူးကြတဲ့သူတွေလည်း ရှိလိမ့်မယ် . . . ကလေးငယ်တွေ၀မ်းချုပ်ရင် သိပ်သနားစရာကောင်းတာ၊ ၀မ်းညှစ်ရင်းနဲ့ မျက်ရည်တွေကျ၊ ၀မ်းသွားရင်းနဲ့ စအိုကွဲတာတွေ ဖြစ်တတ်ကြ၊ သွေးလေးတွေ တစို့စို့နဲပေါ့။ ဒီအတွက် ဆောင်ရန်/ရှောင်ရန် ဗဟုသုတလေးတွေ မျှဝေပေးချင်လို့ပါ 😇…… မိခင်နို့တစ်မျိုးတည်း သောက်စဥ်မှာတော့ ကလေးတွေက ၀မ်းချုပ်ခဲပါတယ်။ မိခင်နို့ရည်ဟာ လုံလောက်တဲ့ရေဓာတ်ပမာဏပါ၀င်ပြီး အူလမ်းကြောင်းကျန်းမာစေတဲ့ ပိုးလေးတွေနဲ့...
ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ
စက်တင်ဘာ 19, 2024
ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...
ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို အထင်မှားလေ့ရှိကြတဲ့ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါအကြောင်း
ဩဂုတ် 29, 2024
ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက...
နို့ဦးရည် (Colostrum) အကြောင်း သိကောင်းစရာ
ဩဂုတ် 25, 2024
မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ မွေးကင်းစကလေးငယ်ကြား အရေပြားချင်းထိတွေ့ပြီး ရင်းနှီးမှုရစေတဲ့အပြင် မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မီးဖွားပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ colostrum လို့ခေါ်တဲ့ နို့ဦးရည်ကို ထုတ်ပေးပါတယ်။. 🔸 Colostrum နို့ဦးရည်ဆိုတာ ဘာလိုမျိုးလဲ နို့ဦးရည်က များသောအားဖြင့် ရွှေဝါရောင်ဖြစ်ပြီး ကြက်ဥအနှစ်နဲ့ ဆင်တူပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက်...
ကလေးငယ်များအတွက် သွားကျန်းမာရေး
ဩဂုတ် 4, 2024
ကလေးငယ်များ၏ ကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းမှာ အလွန်အရေးပါသည့် အရာတစ်ခုဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို သွားနှင့် ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းများသင်ပေးခြင်းမှာလည်း အထူးအရေးကြီးလှပါသည်။…… ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ ▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း နေ့စဉ် တနေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို...
1
2
3
...
9
Page 1 of 9