See our latest stories

written by our lovely staff members

“ Food Deserts (ကျန်းမာစွာ စားသောက်ခွင့် မရသည့် နေရာများ) နှင့် Food Deserts များကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများ” (February, 2024)

Food deserts (ကျန်းမာစွာ စားသောက်ခွင့် မရသည့် နေရာများ) ဆိုတာကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရှိနေပေမယ့် လက်လှမ်းမမီနိုင်အောင် ကန့်သတ်ခံထားရသလို ဖြစ်နေတဲ့နေရာတွေကို သဲကန္တာရတစ်ခုအဖြစ် တင်စားခေါ်ဝေါ်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နေရာဒေသတစ်ခုမှာ ဝင်ငွေနည်းပါးတာကြောင့် ဒါမှမဟုတ် လမ်းခရီးဝေးနေတာတွေကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်မှုရရှိဖို့ ခက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး...

အားဖြည့်အချိုရည်နှင့် ကျန်းမာ​ရေးဆိုးကျိုးများ (Video) (February, 2024)

ဒီ​နေ့​ခေတ်ကာလမှာ အားဖြည့်အချိုရည်လို့ အလွယ်​ခေါ်ကြတဲ့ အချိုရည်ဘူး​တွေ ​စျေးကွက်မှာ​ပေါများလာတာနဲ့အမျှ အလွယ်တကူ​သောက်​နေကြတာ​ တွေ့ရပါတယ်။ ဒီလိုအချိုရည်​တွေမှာ ဘာ​တွေပါဝင်သလဲ၊ ရေရှည်​သောက်ရင် ဘယ်လိုကျန်းမာ​ရေးဆိုးကျိုး​တွေရှိလဲ၊ အထူးသဖြင့် က​လေး​တွေမှာ ဘယ်လိုသက်​ရောက်မှု​တွေရှိသလဲ စတဲ့ အ​ရေးကြီးတဲ့အချက်​တွေကို ဒေါက်တာဟန်နီက မျှ​ဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/C5yNlglQFso?si=mAv4JHqlvjDL2zsX

ဟင်းနုနွယ်ရွက်နှင့် ကျန်းမာ​ရေးအကျိုး​ကျေးဇူးများ (Video)

အစာလည်း​ဆေး ​ဆေးလည်းအစာ ဆိုသလိုပါပဲ... ကျွန်​တော်တို့ ​နေ့စဥ်စား​နေတဲ့ အစားအစာ​တွေဟာ ကျန်းမာ​ရေးကို အကျိုးပြုနိုင်သလို ထိခိုက်​စေနိုင်တာ​တွေလည်း ရှိပါတယ်။ အစားမ​တော်တစ်လုတ် ဆိုတဲ့စကားအတိုင်း သတိပြုဆင်ခြင်ဖို့ လိုတာ​ပေါ့ခင်ဗျာ။ ဒီ video​ လေးမှာ​တော့ ကျွန်​တော်တို့အားလုံး စားဖူးကြတဲ့ ဟင်းနုနွယ်ရွက်ရဲ့ အကျိုးအာနိသင်​တွေ၊ သိပ်မသိကြ​သေးတဲ့ ကျန်းမာ​ရေးအ​ပေါ် အကျိုးသက်​ရောက်ပုံ​တွေနဲ့...

ဆိုဒီယမ် သို့မဟုတ် ဆားစားသုံးမှုကို လျှော့ချခြင်း (January, 2024)

ဆိုဒီယမ် (သို့) ဆားကို အစားအစာတွေ အရသာရှိစေဖို့နဲ့ အသင့်စားအစားအစာတွေ တာရှည်ခံစေဖို့ အသုံးပြုတတ်ကြပါတယ်။ ◽လူတစ်ယောက်ဟာ တစ်ရက်ကို ဆား စားသုံးမှု (၅) ဂရမ် (လက်ဖက်စားဇွန်း တစ်ဇွန်းခန့်) ထက် မပိုသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အကြံပြုထားပါတယ်။ ◽လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ ၉၅ %...

ဝိတ်ချလျှက်နဲ့ မကျတဲ့ နည်းလမ်းမှားများ (၁) (January, 2024)

ကျန်းမာရေးအတွက်ရော၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက်ရော၊ လှပစေဖို့အတွက်ရောကြောင့် ဝိတ်တက်လာတဲ့အခါ လူတိုင်း ဝိတ်ချဖို့ ကြိုးစားတတ်ကြပါတယ်… ပိန်လိုက်တာလို့ အမြဲပြောခံရတဲ့သူတွေကလွဲလို့ ဝိတ်မများတဲ့သူတွေတောင် ခေတ်စားနေမှုအရ၊ ခန္ဓာကိုယ်ပုံပန်းသွင်နဲ့ပတ်သက်ပြီး လက်ခံထားကြတဲ့ အမြင်တွေအရ လက်မောင်းတုတ်တယ် ဗိုက်ရွှဲတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်တတ်ကြတာ သဘာဝပါ။ ကဲ ဘာကြောင့်ပဲဖြစ်ဖြစ် ဝိတ်ချချင်တဲ့သူတွေအတွက်ဒီတစ်ပတ်မှာ အကြံပေးလိုပါတယ်…. ဝိတ်ချတဲ့အခါ diet plan...

အားဆေး‌အကြောင်း သိကောင်းစရာ (January,2024)

လူနာတွေက အားရှိအောင် အားဆေး ဘာသောက်ရမလဲ မေးကြတယ်…. အားဆေးတွေက တကယ်ရော အားရှိလား ???? အားရှိတယ်၊ အလုပ်လုပ်တယ်၊ ပြေးတယ် လွှားတယ်... ဒီလိုမျိုး လှုပ်ရှားမှုတွေအတွက် ခန္ဓာကိုယ်က ကယ်လိုရီ ဆိုတဲ့အရာကို အသုံးပြုပါတယ်။ ကယ်လိုရီတွေက ဘယ်ကရလဲဆိုတော့ ကားဆီဖြည့်သလို 92 ၊ 95 ၊...

ပျားရည်၏ ကျန်းမာရေးကောင်းကျိုးများHoney & Health (January,2024)

ဓားသွားထက် ပျားရည်စက်လို ခုံမင်နေတယ်…♫♪♪ ????ဒီနေ့မှာတော့ ဓားသွားထက်က ပျားရည်စက်လေးက ဘာလို့ ခုံမင်စရာကောင်းနေလဲဆိုတာ ပြောပြသွားပါမယ်။ ... ... ????ပျားကောင်လေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ ရလာတဲ့ ပျားရည် (၁) ဇွန်းမှာ... * ကယ်လ်လိုရီ (၆၁) ယူနစ် * ကာဗိုဟိုက်ဒရိတ် (၁၇) ဂရမ် * ကော့ပါး (၁%) * သတ္တုဓာတ်နဲ့ * ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ... ... ????ပျားရည်ရဲ့...

ပန်းရောင်ဆား (ဟိမဝန္တာဆား) (Himalayan salt) က သွေးတိုးလူနာတွေအတွက် တကယ်သွေးတိုးကျစေလား(December,2023)

ပန်းရောင်ဆား (ဟိမဝန္တာဆား) (Himalayan salt) က သွေးတိုးလူနာတွေအတွက် တကယ်သွေးတိုးကျစေလား…. ???? ... ... အားလုံးသိပြီးသား သွေးတိုးအကြောင်းလေးအနည်းငယ် အရင်ရှင်းပြပါမယ်နော်… သွေးတိုးတယ်ဆိုတာ သွေးကြောတွေအတွင်း ဖိအားတွေများလို့ ဖြစ်တာပါ။ ဘာလို့များလဲဆိုတာတော့... အသက်ကြိီးလာတော့ သွေးကြောတွေထဲမှာ အဆီတွေစုပုံလာပြီး သွေးကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားလည်း လျော့ကျသွားတာကြောင့် ဖြစ်လာနိုင်သလို စိိတ်ဖိစီးမှုများတာ၊ နှလုံးခုန်နှုန်းမြန်နေတာ၊ ကိုယ်တွင်း သွေးကြာတွေထဲမှာ...