See our latest stories

written by our lovely staff members

ရုံးအလုပ်ကြောင့်ဖြစ်တဲ့ရောဂါများ Office Syndrome (Video) (October,2023)

ရုံးအလုပ်ကြောင့်ဖြစ်တဲ့ရောဂါများ (Office syndrome) ဒီနေ့ခေတ်မှာ ကွန်ပျူတာတစ်လုံးနဲ့ တကုပ်ကုပ်ထိုင်လုပ်နေရတဲ့ ရုံးအလုပ်လုပ်သူတွေ ပိုများလာပါတယ်။ ဒီ video မှာတော့ ရုံးအလုပ်လုပ်သူတွေ၊ ထိုင်ပြီးတော့ အချိန်ကြာမြင့်စွာ အာရုံစူးစိုက်လုပ်ရတဲ့သူတွေမှာ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်ကြသလဲ၊ ဘာကြောင့်ဖြစ်ကြသလဲ၊ ဘယ်လိုအခြေအနေအထိ ဆိုးနိုင်သလဲ၊ ဘယ်လိုကာကွယ်ရမလဲ စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာတွေကို ဒေါက်တာဆုတောင်းပြည့်က...

‼️ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ အထူးသတိပြုစရာ Postmenopausal Bleeding (October,2023)

‼️ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ အထူးသတိပြုစရာပါ။ ♦️ ရာသီသွေးဆုံးခြင်းဆိုတာ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ မဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် (Oestrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းထုတ်လုပ်မှု နည်းလာတာ ဖြစ်ပါတယ်။ လစဉ် သားဥအိမ်ကထုတ်ပေးတဲ့ သားဥလေးတွေ နည်းလာပြီး ကုန်သွားတဲ့အခါမှာ သွေးဆုံးခြင်းနဲ့အတူ ခန္ဓာကိုယ်မှာ အပြောင်းအလဲများ စတင်ခံစားလာရတာပဲ...

အတက်ရောဂါအကြောင်း Epilepsy in Ethnic Languages (October,2023)

ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့ အတက်ရောဂါ (Epilepsy) အကြောင်း အခြေခံသိမှတ်ဖွယ်ရာတချို့ကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးထားပါတယ်နော် ???? ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ စုံစုံလင်လင်...

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး Jock Itch / Tinea Cruris (October,2023)

ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris) Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ...

လိင်ဆက်ဆံစဉ် နာကျင်ခြင်း Dyspareunia (October,2023)

လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) Dyspareunia ဆိုတာ လိင်ဆက်ဆံစဉ်အတွင်း လိင်အင်္ဂါဧရိယာ (သို့မဟုတ်) တင်ပါးဆုံတွင်း နာကျင်မှုခံစားရတာအတွက် အသုံးအနှုန်းဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်တတ်ပြီး လိင်မဆက်ဆံမီ၊ လိင်ဆက်ဆံနေစဉ်နဲ့ လိင်ဆက်ဆံပြီးနောက်မှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံစဉ် နာကျင်ခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းများစွာရှိသော်လည်း ကုသနိုင်ပါတယ်။ .. .. ????ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ လိင်ဆက်ဆံစဉ်...

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း Tension Headache (October,2023)

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတ‌မောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ...

ကြောင်ချစ်သူတို့နဲ့ ကျန်းမာရေး (October,2023)

အိမ်မှာ ပွတ်သီးပွတ်သပ်ချွဲတတ်တဲ့ ကြောင်လေးတွေကိုမွေးထားတာက ပိုင်ရှင်ရဲ့စိတ်ကျန်းမာရေးကို တစ်စိတ်တစ်ဒေသအားဖြင့် အထောက်အကူဖြစ်စေသလို အခြားတစ်ဖက်မှာလည်း ကျန်းမာရေးကိုဒုက္ခပေးနိုင်တဲ့ အန္တရာယ်တွေ ရှိပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါတွေ ကြောင်ကနေ လူကိုကူးစက်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများကို အဲဒီလို ကူးစက်ရောဂါတွေ ကူးစက်ခံရပါက အသက်အန္တရာယ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ... ... ကြောင်ကနေ လူကိုကူးစက်နိုင်တဲ့ ရောဂါတွေကတော့... ◾ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါများ - Campylobacteriosis...

မျက်စိစွန်တဲ့အကြောင်း Stye & Chalazion (October,2023)

မျက်စိစွန်တဲ့ အကြောင်းလေး ပြောပြမယ်။ ကြီးမှ ဝက်သက်ပေါက်တယ်လို့ ပြောကြသလို မျက်စိစွန်ရင် လူပါစွံတော့မယ်ဆိုလား။ မျက်စိစွန်တာ ၂ မျိုး ရှိပါတယ်။ ၁။ Stye မျက်စိအပြင်စွန် ၂။ Chalazion မျက်စိအတွင်းစွန် မျက်စိအပြင်စွန်ထက် မျက်စိအတွင်းစွန်က ပိုအဖြစ်များပါတယ်။ မျက်စိအပြင်စွန်က မျက်တောင်မွှေးအရင်းကို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ အဖြစ်များတာက မျက်စိအတွင်းစွန်ပါ။ ပြောပြမယ်နော်။ မျက်ခမ်းမှာ မျက်ရည်အဆီထွက်တဲ့...