See our latest stories

written by our lovely staff members

အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )

????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့???? နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။ ???? ရာသီဥတု...

ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ Shaken Baby Syndrome ( March, 2022 )

???? Shaken Baby Syndrome သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ ???? ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ မတိုင်ခင်အထိ အသက် (၂) နှစ်ခွဲအရွယ် Austin လေးဟာ သာမန်ကလေးတွေလိုပဲ လမ်းလျှောက်တယ်၊ ကစားရတာကြိုက်တယ်၊...

ရာသီသွေးအဆင်းများခြင်း Menorrhagia ( March, 2022 )

ရာသီသွေးအဆင်းများခြင်း ( March, 2022 ) ဘာကြောင့်ဖြစ်တာလဲ ? ????Dysfunctional Uterine Bleeding အများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ်စစ်ဆေးမှုတွေမှာလဲ ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ကာစအရွယ်နဲ့ သွေးဆုံးခါနီးအသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့...

ရာသီလာချိန်ကိုက်ခဲခြင်း Dysmenorrhea ( March, 2022 )

ရာသီလာချိန်ကိုက်ခဲခြင်း ရာသီလာချိန်ကိုက်ခဲတာဟာ ရောဂါအခံမရှိဘဲ ဖြစ်နိုင်သလို သားအိမ်အတွင်း အလုံးရှိတာမျိုး၊ သားအိမ်တွင်း ပိုးဝင်တာမျိုးကြောင့်လဲဖြစ်တတ်ပါတယ်။ ????ရောဂါအခံမရှိဘဲ ဘာကြောင့် ကိုက်ခဲရတာလဲ? Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို သားအိမ်ရဲ့ အတွင်းနံရံက လိုအပ်တာထက်ပိုပြီး ထုတ်တာများလို့ပါ။ အဲဒီ့ဟော်မုန်းရဲ့လုပ်ဆောင်ချက်တစ်မျိုးက သားအိမ်ကြွက်သားတွေကိုညှစ်တာမျိုးဖြစ်စေလို့ပါ။ ????ရောဂါလက္ခဏာများတစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်း မတူနိုင်ပါဘူး။ တချို့တွေမှာ ဗိုက်အောက်ပိုင်း ဆီးစပ်လောက်မှာပဲ ကိုက်ခဲတာဖြစ်ပြီး တချို့တွေမှာတော့...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

အစာအိမ်ရောင်ခြင်း Gastritis ( February 2022 )

အစာအိမ်ရောင်ခြင်း စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး...

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း Hepatitis B Virus & Hepatitis C Virus ( February 2022 )

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ပြီးခဲ့တဲ့တစ်ခေါက် အသည်းရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၁)မှာ ပေါများလာနေတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ အသည်းကင်ဆာ အကြောင်း တစေ့တစောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အကြောင်း အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံမှာ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါဖြစ်စေတဲ့အကြောင်းရင်း ၆၀~၇၀%က ဘီပိုး...

ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ( February, 2022 )

တစ်ချိန်က တစ်ကမ္ဘာလုံးကို ကပ်ရောဂါကြီးအနေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ Shigella dysenteriae ၊ Vibrio cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ရောဂါပိုးတွေကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ အခုချိန်ထိလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးမှုအများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာမရှိတာတွေကြောင့်...