See our latest stories

written by our lovely staff members

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း Varicose Vein ( May, 2022 )

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein ) ???? ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ? ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။ အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့)...

Gout (အဆစ်ရောင်ဂေါက်ရောဂါ) ( May, 2022 )

လူတွေပြောပြောနေကြတဲ့ ဂေါက်ရောဂါ (Gout) ရောဂါဆိုတာဘာလဲ? Gout ရောဂါဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခြေဆစ်၊ လက်ဆစ်တွေနဲ့ တခြားအရိုးအဆစ်ကြီးကြီးမားမားတွေ (ဥပမာအားဖြင့် တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ)မှာ Uric Acid Crystals လို့ခေါ်တဲ့ ပုံဆောင်ခဲလေးတွေကတစ်စထက်တစ်စ စုပုံလာပြီးတဲ့နောက်မှာ အဲ့ဒီအရိုးအဆစ်လေးတွေကရောင်ရမ်းလာပြီးတော့အရိုးအဆစ်လေးတွေနာကျင်လာတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ပုံမှန်မှာတော့ ခန္ဓာကိုယ်ထဲကနေ Purine လို့ခေါ်တဲ့ Protein ဓာတ်တစ်မျိုးကို...

ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia ( May, 2022 )

သတိထားပါ ဆီးကျိတ်ပြဿနာ ???? အဖေဒီတလော ညဘက်ခဏခဏ ဆီးထထသွားနေတယ်နော်။ ဟုတ်လားအဖေ? ဆီးချိုရှိရင် အဲ့လိုဖြစ်တတ်တယ် ကြားဖူးတယ် ၊ ဆီးချိုသွားစစ်ကြည့်ရအောင်လေ ????‍???? အေးသမီး...တစ်ကယ်တော့ အဖေဖြစ်နေတာ တော်တော်တောင်ကြာနေပြီ။ အဲဒါကြောင့် ဟိုရက်ကပဲ သမီးအမေနဲ့ ဆေးခန်းမှာ နှစ်ယောက်လုံး မနက်အစော အစာမစားခင် ဆီးချိုသွားဖောက်ထားသေးတယ်။ ကောင်းတယ်လို့ပြောတယ်။ အဖေကလည်း ညဘက်ဆီးခဏခဏသွားတဲ့ကိစ္စ...

နှလုံးအားနည်းခြင်းရောဂါအကြောင်း Heart Failure ( May, 2022 )

နှလုံးအားနည်းခြင်းရောဂါအကြောင်း ( Heart Failure ) နှလုံးဟာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုစနစ်ရဲ့ အဓိကအင်္ဂါဖြစ်ပါတယ်။ နှလုံးအားနည်းသွားပြီဆိုရင်တော့ သွေးလည်ပတ်မှုစနစ်ချို့ယွင်းပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာမို့ "နှလုံးအားနည်းခြင်းရောဂါ"အကြောင်း သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်..... ❓ဘာကြောင့်ဖြစ်ရတာလဲ အဓိကကတော့...(၁) နှလုံးညှစ်အား မကောင်းတာရယ်(၂) နှလုံးသွေးဝင်ခန်းကကြွက်သားတွေတောင့်တင်းပြီး သွေးပြန်ကြောမှပြန်လာတဲ့ သွေးတွေကို ကောင်းကောင်းလက်မခံနိုင်တာရယ်ကြောင့် နှလုံးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ❓ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ နှလုံးအားနည်းတဲ့...

ပန်းသေပန်းညှိုးရောဂါ Erectile Dysfunction/ Impotency( May, 2022 )

ပန်းသေပန်းညှိုးမဖြစ်စေဖို့ ❓ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ...

ကလေးငယ်များဖျားပြီး တက်ခြင်း Febrile Convulsion ( May, 2022 )

ကလေးငယ်များဖျားပြီး တက်ခြင်း မိမိကလေးငယ်ဖျားပြီးတက်နေရင် စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် ဖျားပြီးတက်တဲ့ febrile convulsion အကြောင်းလေးတင်ပြလိုက်ပါတယ်။ ❓ဖျားပြီးတက်တာ ဘယ်လိုကလေးငယ်တွေမှာဖြစ်တတ်တာလဲ များသောအားဖြင့် ၆လအရွယ်မှ၆နှစ်အရွယ်အထိကလေးငယ်တွေ သားယောင်္ကျားလေးတွေမှာအဖြစ်များပါတယ် မေမေဖေဖေတို့ငယ်ငယ်တုန်းကလည်း ထိုနည်းတူစွာဖျားပြီးတက်ခဲ့တဲ့ရာဇဝင်ကို တွေ့လေ့ရှိပါတယ် ❓ဘယ်လိုအဖျားမျိုးကတက်စေတာလဲ ဖွံဖြိုးဆဲဖြစ်တဲ့ကလေးရဲ့ဦးနှောက်က အဖျားတက်တာကို တုံ့ပြန်မှုလွန်ကဲတာကြောင့် တက်တာပါ။ အများအားဖြင့် အဖျား 100°Fကျော်တဲ့အခါ (သို့) ရုတ်တရက် အဖျားတက်တဲ့အခါမျိုးမှာ တက်တတ်ပါတယ်။ ရာသီတုပ်ကွေးအပါအဝင် virusတော်တော်များများကြောင့်...

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...

ခြေစွယ်ငုပ်ခြင်း Ingrown Toenail ( April, 2022 )

ခြေစွယ်ငုပ်ခြင်း ခြေစွယ်ငုပ်ခြင်းဟာ ခုနောက်ပိုင်း ရှူးဖိနပ်တွေ စီးတဲ့ ‌ခေတ်ပိုင်းတွေမှာ ပိုအဖြစ်များလာပါတယ်။ အဓိကကတော့ ခြေသည်းညှပ်တဲ့ပုံစံမှားယွင်းလို့ ခြေသည်းက အသားထဲစိုက်၀င်ရာကနေ ခဏခဏနာ၊ ရောင် ၊ ပိုး၀င်ပြီး ပြည်တည်တဲ့အထိဖြစ်လာတတ်ပါတယ်။ အဲလိုပိုး၀င်တဲ့အခါ အနာဆုံးပါ။ ✅ခြေသည်းညှပ်နည်း ခြေသည်းညှပ်ရာမှာ ခြေသည်းထောင့်တွေကို ပုံပါအတိုင်း ထောင့်ကျကျညှပ်ရမယ်၊ ဘေးထောင့်က ခြေထောက်အသားကိုကျော်အောင် အရှည်ထားပြီးညှပ်ရမှာ...