See our latest stories

written by our lovely staff members

Cancer (ကင်ဆာဆိုတဲ့ စကားနှစ်လုံး) (October, 2022)

ကင်ဆာဆိုတဲ့ စကားနှစ်လုံး ကင်ဆာဆိုတာကြားတာနဲ့ လူနာကလည်း ကြောက်သလို၊ မိသားစု၀င်တွေကလည်း လက်မခံချင်ကြပါဘူး။ နောက်ဆုံးအချိန်အထိ မဖြစ်ဖို့ ဆုတောင်းကြတယ်။ ဒီကင်ဆာရောဂါအကြောင်းကို တစေ့တစောင်းနားလည်စေဖို့ တင်ပြဆွေးနွေး လိုက်ရပါတယ်။ ????အရေးကြီးသော၊ သိစေချင်သော အချက်များ (၁) ကင်ဆာရောဂါဟာ ကမ္ဘာမှာ သေဆုံးရတဲ့ ထိပ်တန်း အကြောင်းရင်းထဲမှာ ပါပါတယ်။ ၂၀၂၀ မှာ ကင်ဆာကြောင့်...

အယ်လ်ဇိုင်းမား သတိမေ့ရောဂါ Alzheimer’s Disease (October, 2022)

အယ်လ်ဇိုင်းမား သတိမေ့ရောဂါ (Alzheimer's Disease) ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ generation gap အရ လူငယ်ကနေ လူကြီး၊ လူကြီးကနေ လူငယ် အပြန်အလှန်နားလည်ဖို့ ခက်လာချိန်မှာ တချို့လူကြီးရောဂါတွေကို သိနားလည်ထားဖို့ လိုအပ်လာပါတယ်။ အဲဒီ့အထဲမှာ သတိမေ့တတ်တာမဆန်းပေမယ့် လူကြီးတွေမှာ ရောဂါတစ်ခုအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ သတိမေ့တတ်တဲ့ရောဂါအုပ်စုကြီး Dementiaရဲ့အောက်မှာ သတိမေ့တတ်တဲ့ရောဂါမျိုးခွဲတွေအများကြီးရှိတဲ့ထဲက ၆၀-၇၀%ဟာ...

သိုင်းရွိုက်ဟော်မုန်းရောဂါများ Hypothyroidism and Hyperthyroidism (October, 2022)

“ သိုင်းရွိုက်ဟော်မုန်းရောဂါများ ( Hypothyroidism and Hyperthyroidism ) ” အရှေ့တစ်ပတ်က လည်ပင်းကြီးရောဂါ ( Goitre ) အကြောင်း ပြောပြပြီးပြီဆိုတော့ ခုက သိုင်းရွိုက်ဟော်မုန်းရောဂါတွေအကြောင်း ပြောပြပါမယ်။ သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲက ပြန်စလိုက်ရအောင် ….. သိုင်းရွိုက်ဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံ gland...

မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း Bell’s Palsy (October, 2022)

Bell’s Palsy (မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း) Bell’s palsy ဆိုတာဟာ အာရုံကြောထိခိုက်ပျက်စီးမှုကြောင့် မျက်နှာတစ်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ ၊ ဂလင်းတွေ အားနည်းသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့ သုံးနှုန်းကြပေမယ့် တကယ်တမ်းတော့ ဦးနှောက်သွေးကြောပေါက်တာ /ပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာမျိုးနဲ့ မတူပါဘူး အဲဒီ့အစား...ခါးရိုးအာရုံကြောညပ်တဲ့အခါ ခြေထောက်တွေ အားနည်းသွားသလိုမျိုးနဲ့ ပိုဆင်တူပါတယ်။...

အိပ်တဲ့အချိန် ဟောက်ခြင်း Snoring (October, 2022)

သင်ဟာ အိပ်ချိန်မှာ ဟောက်တတ်တဲ့ လူတစ်ယောက်လား? ဒါမှမဟုတ် သင့်မိသားစုထဲမှာ ညအိပ်တဲ့အခါ ဟောက်တတ်တဲ့သူရှိလို့ ညဘက် မအိပ်နိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်နေရလား? ကိုယ်ကိုယ်တိုင် အိပ်တဲ့အချိန် မဟောက်တတ်ဘူးဆိုရင်တောင်မှ အိမ်မှာ လူကြီးသူမတွေ အိပ်နေတုန်း ဟောက်တဲ့အသံကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ တချို့ကတော့ အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့နေ့တွေဆို ညဘက်အိပ်တဲ့အချိန်တွေမှာ ဟောက်တတ်တယ်လို့...

အမျိုးသမီးများတွင်ဖြစ်တတ်သော ဆီးအိတ်ရောင်ခြင်း (October,2022)

ဆီးအိတ်ရောင်ခြင်းဆိုတာ ဘာလဲ? ဆီးအိတ်ရောင်ခြင်းဆိုတာ အမျိုးသမီးတွေရဲ့ ဘဝ တလျှောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒုက္ခတစ်မျိုးပါ။ ဆီးအိတ်ရောင်ခြင်းအဖြစ်များတဲ့ အချိန်ကာလတွေကတော့ သံဝါသမှု စပြုခြင်း (ဝါ) ဟမ်းနီးမွန်းထွက်ပြီးနောက် ဆီးအိတ်ရောင်ခြင်း၊ ကိုယ်ဝန်ဆောင်စဥ်ဆီးအိတ်ရောင်ခြင်းနဲ့ သွေးဆုံးပြီးနောက် ဆီးအိတ်ရောင်ခြင်းတို့ဖြစ်ပါတယ်။ ဆီးအိတ်ရောင်ခြင်းကို ဖြစ်ပွားစေတတ်သော အကြောင်းတရားများမှာ အဘယ်နည်း? ဘတ်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ခြင်းကိုဖြစ်ပေါ်စေတတ်ပြီး အများစုဟာ E.coli လို့ခေါ်တဲ့...

လည်ပင်းကြီးရောဂါ Goitre (October, 2022)

လည်ပင်းကြီးရောဂါ ( Goitre ) လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အခြေအနေတစ်ခုပါ။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးတာဖြစ်နိုင်သလို တစ်စိတ်တစ်ပိုင်းပဲ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာက လည်ပင်းအောက်နားက လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပဲ ဖြစ်ပါတယ်။ ????လည်ပင်းကြီးရောဂါ အမျိုးအစားတွေကတော့ ….(၁) Diffuse smooth goitre ဒီအမျိုးအစားမှာတော့ သိုင်းရွိုက်ဂလင်းတစ်ခုလုံး...

Irritable Bowel Syndrome- IBS ( October, 2022)

အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါ (Irritable bowel syndrome- IBS) အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ရောဂါ (IBS) က အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေထဲ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ ဖြစ်ပြီဆိုရင်တော့ ဗိုက်ထဲကြွက်တက်သလိုပဲ ရစ်ရစ်နာ၊ ထိုးထိုးအောင့်တယ်၊ လေပွတယ်၊ ဗိုက်ကယ်တယ်၊ ၀မ်းပျက် သို့ ၀မ်းချုပ်တယ်။ ဒီရောဂါက...