See our latest stories

written by our lovely staff members

“ ပါးချိတ်ရောင်ခြင်း (Mumps)”

"ပါးချိတ်ရောင်ခြင်း (Mumps)" ပါးချိတ်ရောင်တယ်ဆိုတာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါပါ။ တံတွေးဂလင်းတွေထဲကမှ parotid gland လို့ခေါ်တဲ့ နားရွက်ရဲ့ အရှေ့ဘက်နဲ့ အောက်ဘက် (လွ​ယ်လွ​ယ်ပြောရရင် မေးရိုးနေရာ/ နားသယ်အစပ်က ဆံပင်ထောက်တဲ့နေရာ) က တံတွေးဂလင်းတွေ ရောင်ရမ်းတာ ဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါ (mumps) ဟာ ကလေးတွေမှာ တွေ့ရများတဲ့...

အပျင်းကြီးတဲ့ မျက်လုံး Amblyopia (March, 2023)

အပျင်းကြီးတဲ့ မျက်လုံးကလေး (သို့မဟုတ်) amblyopia "Amblyopia" လို့ခေါ်တဲ့ ရောဂါမှာ မျက်လုံးလေးတစ်လုံးဟာ အပျင်းထူနေပြီးတော့ သူလုပ်ရမယ့် အလုပ်ကို ကောင်းကောင်း မလုပ်ပါဘူးတဲ့။ တကယ်တမ်းမှာတော့ မျက်လုံးလေး တစ်ဘက်က မြင်နိုင်စွမ်းအား (vision) ကျသွားတဲ့အတွက် အား​ကောင်းတဲ့ မျက်လုံးဘက်က ပိုအလုပ်လုပ်ရတာပါ။ တစ်ဘက်ထဲ ပိုအလုပ်လုပ်လို့ ကျန်တဲ့တစ်ဘက်က အပျင်းထူသွားတာ/...

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း Medication overuse headache (March, 2023)

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Medication overuse headache) ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားအတိုင်း မိမိဂရုစိုက်တာဟာ လွန်လွန်ကျွံကျွံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုတာထက်ပိုပြီး ဆေးတွေကို ပိုသုံးခဲ့ရင် ရှိရင်းစွဲရောဂါဟာ...

ကလေးတွေအနေနဲ့ ခွေးကိုက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲ Prevention of Dog Bite and Rabies (Video) (March, 2023)

ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခြင်းကတစ်ဆင့်အများဆုံးကူးစက်ပြီးတော့ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။ အသက်ငယ်ရွယ်တဲ့ကလေးတွေဟာ ခွေးကိုက်ခံရမှုအများဆုံးဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကလေးတွေအနေနဲ့ ခွေးကိုက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို ဒေါက်တာပန်ပန်က ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/XHuqhc4Ihdk?si=5T1jYzh3fZVDfLn8

အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း Obstructive Sleep Apnoea – OSA (March, 2023)

“ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း (Obstructive Sleep Apnoea - OSA) ” အိပ်ရင်း ဟောက်တတ်တဲ့ သူတွေရှိကြပါသလား ?အဲ့လိုလူတွေနဲ့ ကြုံဖူးပါသလား ? OSA ဆိုတာ အိပ်​ပျော်နေစဉ် အချိန်ခဏတာ (၁၀ စက္ကန့်နှင့် အထက်) အသက်ရှူနှေးသွားခြင်း (သို့) ရပ်သွားခြင်း (apnoea)...

မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်အောင် ကာကွယ်ခြင်း Prevention of Mother to Child Transmission of HIV (March, 2023)

မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်အောင် ကာကွယ်ခြင်းPrevention of Mother to Child Transmission of HIV ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမတ်လ၊ ၂၀၂၃ ခုနှစ်----------------------- တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းhttps://facebook.com/telehealthmm Ministry of Health, National Unity Government.

နာတာရှည်ချောင်းဆိုးခြင်း Chronic Cough (March, 2023)

“နာတာရှည်ချောင်းဆိုးခြင်း (chronic cough)” အရွယ်ရောက်ပြီးလူကြီးတွေမှာ ချောင်းဆိုးတာ (၈) ပတ်ထက်ကြာရင်၊ ကလေးတွေမှာ လေးပတ်ထက် ပိုကြာရင် နာတာရှည်ချောင်းဆိုးတာလို့ ခေါ်ပါတယ်။ နာတာရှည် ချောင်းဆိုးတာဟာ သာမန် အာဂနုမဟုတ်ဘဲ နောက်ကွယ်က အရေးကြီးတဲ့ရောဂါအခံ အကြောင်းအရင်းတစ်ခုခု ရှိနေတာကို ပြပါတယ်။....  နာတာရှည်ချောင်းဆိုးတာနဲ့ တွဲတတ်တဲ့ အခြား လက္ခဏာတွေ အထူးအရေးကြီးတဲ့ လက္ခဏာတွေကတော့… – ချောင်းဆိုး...

“သွေးဆုံးချိန် သွေးတိုးခြင်း” Menopause and High Blood Pressure (March, 2023)

“သွေးဆုံးချိန် သွေးတိုးခြင်း” သွေးတိုးခြင်း/ သွေးပေါင်ချိန်တက်ခြင်းဆိုတာ သွေးကြောထဲစီးဆင်းနေတဲ့ သွေးရဲ့ဖိအားမြင့်လာခြင်း ဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာကတော့ အမျိုးသမီးတွေမှာ လစဉ်ပုံမှန်ဖြစ်တဲ့ ဓမ္မတာရာသီစက်ဝန်း ရပ်ဆိုင်းသွားခြင်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ “မ” ဟော်မုန်းဖြစ်တဲ့ estrogen နည်းသွားခြင်းကြောင့် ဖြစ်ရပါတယ်။ သွေးပေါင်ချိန်တက်တာရော သွေးဆုံးတာရောဟာ ရောဂါရယ်လို့ မဆိုသာပေမယ့် သူတို့ကြောင့် အခြားသောရောဂါများစွာ ဖြစ်နိုင်ခြေများပါတယ်။...