See our latest stories

written by our lovely staff members

မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ Diseases Caused by Drinking Contaminated Water in Ethnic Languages

ခုလိုကာလ တိုင်းပြည်နေမကောင်းချိန်မှာ စစ်ဘေးရှောင်ဦးရေတွေလည်း တိုးပွားနေတာမို့ နေရာအသီးသီးမှ စစ်ဘေးရှောင်အားလုံးအတွက် မသန့်ရှင်းသောရေကြောင့် ရောဂါဘယများဖြစ်နိုင်တယ်ဆိုတာ ဂရုပြုမိအောင် ဒီအပတ်မှာတော့ "မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ" အကြောင်းကို တိုင်းရင်းသားဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊...

“ Diarrhoeal Disease” (May 2023)

မုန်တိုင်းတိုက်ခတ်ပြီးတဲ့နေရာတွေနဲ့ ရေကြီးရေလျှံခြင်း ကြုံတွေ့ခံစားရတဲ့နေရာတွေမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတစ်မျိုးကတော့ ၀မ်းပျက်၀မ်းလျှောရောဂါပဲဖြစ်ပါတယ်။ အစားအစာ၊ သောက်သုံးရေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းခြင်းတို့ကြောင့် အဓိကဖြစ်တဲ့ ၀မ်းပျက်၀မ်းလျှောရောဂါရဲ့ သတိထားရမယ့် ‌ေရာဂါလက္ခဏာတွေ၊ နောက်ဆက်တွဲပြဿနာတွေနဲ့ တားဆီးကာကွယ်နိုင်တဲ့အချက်တွေစတဲ့ အရေးကြီးတဲ့ သတင်းစကားတွေကို ဒေါက်တာပန်ပန်က ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/Q_x0iF18_co Published...

“ Typhoid and Paratyphoid Fever” (Video) (May 2023)

ခုလိုပူပြင်းတဲ့ နွေရာသီမှာ မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေတွေကြောင့် ရောဂါဘယတွေလည်း ထူပြောတတ်ပါတယ်။ သတိပြုရမယ့်ရောဂါတစ်ခုကတော့ တိုက်ဖွိုက်ရောဂါလို့ လူသိများတဲ့ အူရောင်ငန်းဖျားရောဂါပဲဖြစ်ပါတယ်။ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိတဲ့ တိုက်ဖွိုက်ရောဂါရဲ့ ကူးစက်ပျံ့နှံ့ပုံ၊ ရောဂါလက္ခဏာတွေနဲ့ ကာကွယ်ရေးနည်းလမ်းအတွက် ဒေါက်တာဆုတောင်းပြည့်က ပြည့်ပြည့်စုံစုံမျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/W1lsGGeCB8M Last updated:...

ဆီးကျိတ်ရောင်ရောဂါ Prostatitis (May 2023)

"သိကောင်းစရာ ဆီးကျိတ်ရောင်ရောဂါ (Prostatitis)" အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာ Prostate လို့ခေါ်တဲ့ ဆီးကျိတ်လေးရှိပါတယ်။ ဒီဆီးကျိတ်လေးဟာ အမျိုးသားသုတ်ရည်ကြည်တွေ ထုတ်လွှတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒီကနေ့မှာတော့ ဆီးကျိတ်ကလေးကို ပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ ဆီးကျိတ်ရောင်ရောဂါ (Prostatitis) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ .. .. ????ဆီးကျိတ်ရောင်ရခြင်း အကြောင်းတရားများ အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကတစ်ဆင့် ဆီးကျိတ်ကိုပါ ပိုးဝင်စေပြီး...

“ WORLD MALARIA DAY 2023” (25 APRIL)

ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ (၂၅၊ ဧပြီ၊ ၂၀၂၃)WORLD MALARIA DAY 2023 (25 APRIL) ၂၀၂၁ ခုနှစ်တွင် ငှက်ဖျားရောဂါဖြင့် လူပေါင်း (၆၁၉,၀၀၀) ဦး အသက်ဆုံးရှုံးခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း လူပေါင်း (၂၄၇) သန်း ငှက်ဖျားရောဂါ ကူးစက်ခံရကြောင်းတွေ့ရှိရသည်။ (၉၅) ရာခိုင်နှုန်းသော ငှက်ဖျားရောဂါဖြစ်ပွားမှုများကို...

လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ “Raynaud’s Phenomenon” (April, 2023)

“Raynaud's Phenomenon” (ရေးနော့ဒ် ဖြစ်စဉ်) Raynaud's phenomenon ဆိုတာ လက်ချောင်းတွေနဲ့ (တစ်ခါတစ်ရံ) ခြေချောင်းတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ချောင်းခြေချောင်းတွေမှာရှိတဲ့ သွေးလွှတ်ကြောလေးတွေဟာ အပူချိန်လျော့နည်းလာတဲ့အခါ ရုတ်တရက်ကျုံ့သွားပြီး သွေးလည်ပတ်မှု နည်းသွားတာပါ။ ပထမပိုင်းမှာ ခေတ္တခဏသာ ကျုံ့တာဖြစ်ပြီး အနွေးဓာတ်ရရင် သက်သာပေမယ့် နောက်ဆုံးမှာတော့...

“ E.coli ပိုးဝင်ခြင်း” (April 2023)

"E.coli ပိုးဝင်ခြင်း" E.coli ဆိုတာ အူလမ်းကြောင်းမှာ ပုံမှန်အတိုင်းရှိတတ်တဲ့ ဘတ်တီးရီးယားပိုးဖြစ်ပြီး အစားအစာတွေကို ​ချေဖျက်တဲ့နေရာမှာ ကူညီပေးပါတယ်။ အချို့ E.coli မျိုးကွဲတွေကတော့ ရောဂါဖြစ်စေနိုင်ပြီး အခြားသူတွေကိုလည်း ကူးစက်စေနိုင်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာတွေကနေ ဒါမှမဟုတ် ရောဂါရှိတဲ့လူနဲ့ တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ဝမ်းလျှောစေပြီး သွေးဝမ်းသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ...

လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဂနိုရောဂါ “ Gonorrhoea” (April 2023)

" ဂနိုရောဂါ (Gonorrhoea) " လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဂနိုရောဂါဟာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒီရောဂါက ???????????????????????????????????? ???????????????????????????????????????????? လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပြီး အထူးသဖြင့် အမျိုးသားတွေမှာ ကူးစက်ခံရတာ များပါတယ်။ ဆီးလမ်းကြောင်း၊ လိင်အင်္ဂါနဲ့ တစ်ခါတလေ လိင်ဆက်ဆံမှုအပေါ် မူတည်ပြီး စအိုဝမှာလည်း ဖြစ်တတ်ပါသေးတယ်။ ဒါ့အပြင် လေပြွန်နဲ့...