နေ့ခင်းဘက်မှာ ဆယ်မိနစ်ကနေ နာရီဝက်လောက် တစ်ခဏတာမှေးစက်ခြင်းက ကျန်းမာရေးအတွက် အကျိုးများစွာရှိပါတယ်။

ဒီလိုမှေးစက်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့…

– ကိုယ်စိတ်နှစ်ပါး တင်းကျပ်ဖိစီးနေတာတွေကို ဖြေလျှော့ပေးနိုင်ခြင်း

– ပင်ပန်နွမ်းနယ်ခြင်းကို လျှော့ချပေးခြင်း

– ပိုမိုလန်းဆန်းစေခြင်း

– စိတ်ကိုကြည်လင်စေ နိုးကြားတက်ကြွစေခြင်း

– မှတ်ဉာဏ်၊ တုံ့ပြန်မှု စသည်လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေခြင်း

– စိတ်အာရုံစိုက်မှုပိုကောင်းမွန်စေခြင်း… စတာတွေ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ မှေးစက်သင့်သလဲ၊ နေ့ဘက်မှာ ဘယ်လောက်ကြာ ဘယ်လို မှေးစက်သင့်သလဲ

• ပင်ပမ်းနွေးနယ်လာလျှင်

• အိပ်ငိုက်လာလျှင်

• အကြောင်းကြောင်းကြောင့် အိပ်ရေးပျက်လာလျှင်

• ကျန်းမာရေးအတွက် တစ်ခဏတာမှေးစက်ခြင်းကို ပုံမှန်လုပ်ဆောင်ချက်တစ်ခုလို လုပ်တော့မယ်လို့ ဆုံးဖြတ်ထားလျှင်…. နေ့ခင်းမှာ ခဏတာမှေးစက်အနားယူပါ။

မှေးစက်တဲ့အခါ နေ့လယ်အစောပိုင်းမှာ မှေးစက်သင့်ပါတယ်။ ညနေ သုံးနာရီကျော်ပြီးမှ မှေးစက်ခြင်းက ညဘက်ပုံမှန်အိပ်စက်ခြင်းကို ထိခိုက်နိုင်ပါတယ်။

မှေးစက်တဲ့အခါ တိတ်ဆိတ်ပြီး ခပ်မှောင်မှောင်နေရာမျိုး၊ အပူအအေး မျှတတဲ့နေရာမျိုးမှာ သက်တောင့်သက်သာအနေအထားနဲ့ မှေးစက်သင့်ပြီး နိုးထလာပြီးလျှင်လည်း စိတ်နဲ့ခန္ဓာကို နိုးကြားလာဖို့ အချိန်ခဏပေးပြီးမှ လုပ်စရာအလုပ်တွေကို လုပ်သင့်ပါတယ်။

မှေးစက်ချိန် ဆယ်မိနစ်ကနေ မိနစ် ၂၀ လောက်၊ တချို့အတွက်တော့ နာရီဝက်လောက်အထိအချိန်က အကောင်းဆုံးလို့ ဆိုကြပါတယ်။ အချိန်ကြာကြာမှေးစက်ခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုလည်း ပေးနိုင်ပါတယ်။

တစ်ခဏတာမှေးစက်ခြင်းနဲ့ ပြဿနာတချို့

တချို့သူတွေအတွက်တော့ တစ်ခဏတာအိပ်စက်ပြီး ထလာတဲ့အခါ မလန်းဆန်းဘဲ ငူငူငေါင်ငေါင်ကြီး ဖြစ်နေတတ်ပါတယ်။ အဲဒီလိုသူတွေကတော့ နေ့ခင်းမှေးစက်ခြင်းမပြုတာ ပိုကောင်းမှာပါ။

အချိန်တို တစ်ခဏတာအိပ်စက်ခြင်းက ညဘက်ပုံမှန်အိပ်စက်ခြင်းကို ဒုက္ခပေးလေ့မရှိပေမယ့် လူတိုင်းအတွက်တော့ မှန်ချင်မှ မှန်ပါလိမ့်မယ်၊ အထူးသဖြင့် ညဘက် ကောင်းကောင်းအိပ်မရသူတွေအတွက်ပေါ့။

အချိန်ကြာကြာမှေးစက်ခြင်းကလည်း ညဘက် ပုံမှန်အိပ်စက်ခြင်းကို ဒုက္ခပိုပေးနိုင်ပါတယ်။

နေ့ခင်းဘက် အချိန်ကြာကြာမှေးစက်သူတွေမှာ အဝလွန်ရောဂါနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများလည်း ရနိုင်ပါတယ်။

နေ့ခင်းဘက်မှာ တစ်ကြိမ်မက ခဏခဏ မှေးစက်ဖို့လိုလာပြီဆိုလျှင်တော့ ညဘက်ပုံမှန်အိပ်ချိန်မှာ ကောင်းကောင်းမအိပ်ရလို့ ဖြစ်နိုင်သလို တခြားကျန်းမာရေးပြသနာတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးသင့်ပါတယ်…..။

Reference: 📚

https:// health. clevelandclinic. org /napping-3-proven-health-benefits/

https:// www. mayoclinic. org /healthy-lifestyle/adult-health/in-depth/napping/art-20048319

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here