သည်းခြေအိတ်ကင်ဆာဆိုတာ မပြောခင် သည်းခြေအိတ်အကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်…

???? သည်းခြေအိတ်ဆိုတာ အသည်းကထုတ်ပေးတဲ့ အစာခြေပေးတဲ့သည်းခြေရည်ကို (အစာစားချိန်မှ အူလမ်းကြောင်းထဲ ထုတ်ပေးနိုင်ဖို့) ကြားကာလမှာ ယာယီအားဖြင့် သိုလှောင်ပေးတဲ့ အိတ်ငယ်လေးပါ။ ချက်အပေါ် ဗိုက်ရဲ့ညာဘက် အသည်းအောက်ခြေနားမှာ ကပ်တွယ်နေတာပါ။

.

???? သည်းခြေအိတ်ရဲ့ ရောဂါ/ပြဿနာတွေကတော့…

– ကျောက်မရှိဘဲ သည်းခြေအိတ်ရောင်ခြင်း

– သည်းခြေကျောက်တည်ခြင်း

– သည်းခြေ‌ကျောက်ကြောင့် သည်းခြေအိတ်ရောင်ခြင်း

– သည်း‌ခြေအိတ် ပြည်တည်ခြင်း

– သည်း‌ခြေအိတ် ပြည်တည်နာပေါက်ခြင်း

– သည်း‌ခြေအိတ် ခဏခဏရောင်ခြင်းနဲ့

– သည်းခြေအိတ် ကင်ဆာတို့ပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှ ရေးထားသလိုပဲ သည်းခြေအိတ်ကင်ဆာဟာ အဖြစ်လည်း နည်းပါတယ်။ စောစောသိရင် ခွဲစိတ်ပြီး ပျောက်ကင်းအောင် ကုသနိုင်ခြေအခွင့်အလမ်းကောင်း ရှိပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ လူနာအများစုဟာ နောက်ကျမှသိကြရပြီး….အဲဒီလို အသိနောက်ကျရင်တော့ ကုသမှုရဲ့ရလဒ်အလားအလာက မကောင်းပါဘူး။

???? သည်းခြေအိတ်ကင်ဆာဟာ ဘာလို့နောက်ကျမှ သိရလဲဆို ရောဂါလက္ခဏာတွေကို တိတိကျကျ မခံစားရတာနဲ့ ရောဂါလက္ခဏာ မပြတာတွေကြောင့် ဖြစ်ပါတယ်။

သည်းခြေအိတ်ကင်ဆာ ဖြစ်ရင် အောက်ပါလက္ခဏာတွေတော့ ခံစားရတတ်ပါတယ်…

– ချက်အပေါ် ဗိုက်ညာဘက် အောင့်တတ်ပါတယ်။

– လေကယ်သလို လေပွသလိုဖြစ်တတ်ပါတယ်။

– ပိန်သွားတတ်ပါတယ်။

– အသားဝါ၊ မျက်လုံးဝါ ဖြစ်လာပါတယ်။

ဒီလက္ခဏာတွေက အခြားရောဂါတွေမှာလည်း ဖြစ်တတ်တာမို့ လွတ်သွားတတ်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေပေါ်လာရင်/ခံစားရရင်တော့ ဆရာ၀န်နဲ့ပြသင့်ပါတယ်။

..

..

???? သည်းခြေအိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိသူများ (Risk factor)…

– အမျိုးသမီးတွေက ပိုဖြစ်နိုင်ခြေရှိပါတယ်။

– အသက်ကြီးလေ ဖြစ်နိုင်ခြေများလေပါ။။

– သည်းခြေကျောက်တည်သူ (အထူးသဖြင့် ကျောက်အရွယ်အစားကြီးရင်) ပိုဖြစ်နိုင်ပါတယ်။

သည်းခြေကျောက်တည်ခြင်းက အဖြစ်များပေမယ့် သည်းခြေအိတ်ကင်ဆာကတော့ အဖြစ်နည်းပါတယ်။

– သည်းခြေအိတ် ခဏခဏရောင်ခြင်း၊ အသားပို ရှိခြင်း၊ ပိုး၀င်ခြင်းတွေကလည်း သည်းခြေအိတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

– ကိုယ်ခံအားကြောင့် သည်းခြေလမ်းကြောင်း ရောင်ရမ်းတဲ့ရောဂါ (primary sclerosing cholangitis) တွေရှိရင် သည်းခြေအိတ်ကင်ဆာ‌နဲ့အတူ အသည်းနဲ့ သည်းခြေလမ်းကြောင်း ကင်ဆာတွေပါ ဖြစ်နိုင်ခြေများပါတယ်။

..

..

ဒါကြောင့် ဖော်ပြပါလက္ခဏာတွေခံစားရရင်၊ ဖော်ပြပါ risk factor တွေရှိရင် ဆရာ၀န်နဲ့ သေချာပြတိုင်ပင်ပါ။ အစိုးရိမ်လည်း မကြီးပါနဲ့။ ပေါ့လည်းမပေါ့ပါနဲ့လို့မှာကြားလိုက်ရပါတယ်…။

Reference ????

http://www.mayoclinic.org/…/symptoms-causes/syc-20353370

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here