Bedbugs ကို အနီးစပ်ဆုံး မြန်မာမှုပြုပြီးဘာသာပြန်ရင်တော့ ကြမ်းပိုးလို့လည်း ခေါ်ပါတယ်။ Bedbugs တွေက တစ်ခြားအင်းဆက်တွေလို ရောဂါပိုး သယ်ဆောင်ခြင်း၊ ဖြန့်ဝေခြင်း မလုပ်နိုင်ပေမယ့် အကိုက်ခံရရင်တော့ severe reaction တွေအထိ ရနိုင်ပါတယ်။

???? Bedbugs တွေကို ဘယ်လိုနေရာတွေမှာ အများစုတွေ့ရတတ်လဲဆိုရင် အိပ်ရာခင်း၊ မွေ့ရာကြားတွေ၊ ကြမ်းပြင်ကြားတွေ၊ စားပွဲနဲ့ ထိုင်ခုံအပေါက်ကြားတွေမှာ ကျက်စားလေ့ရှိပါတယ်။ အကိုက်ခံရပြီဆိုရင် အလွန်ယားယံပြီး တစ်ခါတစ်ရံ ရောင်ရမ်းတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ တစ်ချို့အင်းဆက်တွေ အကိုက်ခံရသလို anaphylaxis shock လောက်ထိ မရနိုင်ပေမယ့် Bedbugs ကိုက်ခံရခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ‌လက္ခဏာတွေက ဆိုးရွားနိုင်တဲ့အတွက်ကြောင့် ဂရုစိုက်သင့်ပါတယ်။

.

???? ခံစားရသော လက္ခဏာများ

၁။ ယားယံခြင်း

၂။ အင်ပျဉ်တွေထခြင်း

၃။ မျက်နှာ၊ လည်ပင်း၊ ခြေ၊ လက်တွေမှာပါ အနီကွက်တွေ ထနိုင်ပါတယ်။

.

???? အကိုက်ခံရရင် ဘယ်လိုကုသမလဲ

ကြမ်းပိုးကိုက်ခံရတာကို စာဖွဲ့ပြီး အရှည်ကြီးတွေရေးနေတယ် ထင်နေကြမှာပဲနော် ????????

တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက် ကြီးကြီးမားမား လက္ခဏာတွေ မဖြစ်နိုင်ပါဘူး။ တချို့တွေမှာတော့ တစ်ကိုယ်လုံးပါ ပျံ့သွားပြီး အနီကွက်တွေဖြစ်ခါ ယားယံတတ်ပါတယ်။

.

• အိမ်တွင်းကုထုံး (Home remedies) အနေနဲ့

၁။ အကိုက်ခံရတဲ့နေရာကို သန့်ရှင်းအောင်ထားပါ။

၂။ ရေခဲကဲ့သို့ အေးတာလေးတွေ ကပ်ထားပေးလို့ရပါတယ်။ ပိတ်စ (သို့) အဝတ်တစ်ခုခုခံပြီးမှ အကိုက်ခံရတဲ့နေရာကို ကပ်ထားပေးပါ။

၃။ အကိုက်ခံရတဲ့နေရာတွေကို မကုတ်မိအောင်ဂရုစိုက်ပါ။

.

• ကုသမှု (Treatments)

၁။ Itich relief cream တစ်ခုခု လိမ်းထားလို့ရပါတယ်။ အယားသက်သာစေရန်အတွက်ပဲ ဖြစ်ပါတယ်။ တစ်ခုသတိထားရမှာက steroid တွေပါတဲ့ cream တွေကို ဆရာဝန်တွေရဲ့ခွင့်ပြုချက်မရဘဲ လျှောက်မလိမ်းဖို့ပါ။

၂။ Antihistamines ဆေးအုပ်စုတွေက ယားတာကို သက်သာစေတဲ့အတွက် သောက်လို့ရပါတယ်။ သောက်ရမဲ့ ပမာဏကိုတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။

.

???? Bedbugs တွေကို ဘယ်လို ရှင်းလင်းရမလဲ

၁။ အဓိကအနေနဲ့ အိပ်ရာခင်းတွေ၊ အစွပ်တွေကို အနည်းဆုံး တစ်လတစ်ကြိမ်လောက် သန့်စင်အောင် လျှော်ပြီး လှမ်းသင့်ပါတယ်။

၂။ ခေါင်းအုံး၊ ဖက်လုံး၊ မွေ့ရာတွေကို အနည်းဆုံး မိနစ်သုံးဆယ်လောက် နေရောင်အောက် ပြသင့်ပါတယ်။

၃။ ကိုယ်အိပ်တဲ့ အိပ်ရာနားမှာ luggage တွေ၊ ထိုင်ခုံတွေ မထားသင့်ပါဘူး။ Bedbugs တွေ အောင်းနေလို့အကောင်းဆုံးက အဲဒီလိုနေရာတွေမှာ မို့လို့ပါ။

၄။ အိပ်ရာမဟုတ်တဲ့ တစ်ခြားနေရာတွေ (ဥပမာ။ စားပွဲ၊ ထိုင်ခုံ၊ luggage ၊ ကြမ်းပြင်တွေ) ဆိုရင်တော့ Bedbug killer spray တွေ ဖြန်းနိုင်ပါတယ်။

.

ဒီလောက်ဆိုရင်တော့ ကြမ်းပိုး (Bedbugs) တွေအကြောင်း သိလောက်ပြီထင်ပါတယ်။ Anaphylaxis shock လောက်ထိ ဖြစ်ဖို့တော့ခက်ပေမယ့် ရောဂါလက္ခဏာတွေက နေ့စဉ်ဘဝကို ထိခိုက်စေတဲ့အတွက် မပေါ့ဆဖို့တော့ လိုအပ်ပါတယ်။ ဆေးတွေ၊ cream တွေ သုံးတော့မယ်ဆိုလည်း ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှ သုံးစွဲသင့်ပါတယ်။

Reference : ????https://www.nhs.uk/conditions/bedbugs/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here