ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma)

လေဖိအား သို့မဟုတ် ရေဖိအား ရုတ်တရက်ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးစေတာကို Barotrauma လို့ခေါ်ပါတယ်။ Airplane ear လို့ခေါ်တဲ့ လေယာဉ်ပျံစီးတဲ့အခါ နားအူခြင်းက barotrauma ရဲ့ အဖြစ်များတဲ့ဥပမာ ဖြစ်ပါတယ်။ Barotrauma ဟာ တစ်ခါတလေ ပြင်းထန်တဲ့ ဆေးဘက်ဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပြီး အထူးသဖြင့် အဆုတ်ကိုထိခိုက်စေတဲ့ Barotrauma ဖြစ်တာများပါတယ်။

????ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma) ရဲ့ ဥပမာအချို့ကတော့…

Ear Barotrauma (ဖိအား အပြောင်းအလဲကြောင့် နားကိုထိခိုက်ခြင်း) — ဒီအမျိုးအစားဟာ နားရဲ့အလယ်ပိုင်း (Middle ear) ကို ထိရောက်မှုရှိပါတယ်။ ရေငုပ်တာ ဒါမှမဟုတ် လေယာဉ်ပျံစီးတာကြောင့် Ear barotrauma ဖြစ်နိုင်ပါတယ်။ Ear barotrauma ဟာ နားထဲမှာ လေတွေနဲ့ပြည့်နေသလို ခံစားရစေပြီး အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် လေဖိအား အပြောင်းအလဲကြောင့် နားကိုထိခိုက်ခြင်းဟာ နားစည်ပေါက်ပြဲတာကို ဖြစ်စေနိုင်ပါတယ်။

Sinus barotrauma {နှာခေါင်းအရိုးများကြားရှိ အကန့်ငယ်လေးများ (Sinus) များကို ထိခိုက်ခြင်း} — လေဖိအား ဒါမှမဟုတ် ရေဖိအား ရုတ်တရက် ပြင်းထန်ပြောင်းလဲမှုတွေဟာ နှာခေါင်းအရိုးတွေကြားက အကန့်ငယ်လေးတွေကို ဖိအားဖြစ်စေပြီး ထိခိုက်စေနိုင်ပါတယ်။ အဆုတ်ကိုထိခိုက်စေတဲ့ Barotrauma လိုပဲ Sinus barotrauma ဟာလည်း ရေငုပ်တာကြောင့် ဖြစ်စေနိုင်ပါတယ်။

????ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma) ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ…….

Barotrauma ဟာ ၁၇ ရာစုလောက်မှာ သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိမှုကို ကိုယ်စားပြုပါတယ်။ ရူပဗေဒပညာရှင် Robert Boyle ဟာ အောက်ဆီဂျင်လိုဓာတ်ငွေ့တွေ ပါရှိတဲ့အရာတွေအပေါ် သက်ရောက်တဲ့ဖိအားတွေနဲ့ ဓာတ်ငွေ့တွေရဲ့နေရာယူမှုတို့ကြားက ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။

Boyle ရဲ့ ဥပဒေအရ ပြင်ပဖိအားတွေ တိုးလာတဲ့အခါမှာ အဆုတ်နဲ့ နားထဲမှာရှိတဲ့ လေနဲ့ဓာတ်ငွေ့တွေဟာ နေရာနည်းသွားပါတယ်။ ပြင်ပဖိအားနည်းသွားတဲ့အခါ ဓာတ်ငွေ့တွေဟာ နေရာပိုယူလာပါတယ်။ ပြင်ပလေ ဒါမှမဟုတ် ရေဖိအားပြောင်းလဲမှုဟာ ခန္ဓာကိုယ်က ဘေးကင်းစွာနဲ့လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်တာထက် ပိုမြန်လာတဲ့အခါမှာ ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း ဖြစ်လာပါတယ်။

ဒါကြောင့် လေယာဉ်ပျံသန်းချိန်နဲ့ ဆင်းသက်ချိန်တွေမှာ နားထဲမှာ ဂွမ်းတွေနဲ့ ပြည့်နှက်နေသလို ခံစားလာရခြင်းဖြစ်ပါတယ်။ လေဖိအားလျင်မြန်စွာပြောင်းလဲမှုဟာ အလယ်နား (Middle ear) နဲ့ နှာခေါင်းအနောက်ဘက်‌က အကန့်ငယ်လေးတွေကို ချိတ်ဆက်ပေးထားတဲ့ပြွန် (Eustachian tube) တွေကို ထိခိုက်စေပြီး ဖိအားမမျှတမှု‌တွေကို ဖြစ်စေပါတယ်။

????လက္ခဏာတွေက ဘာတွေလဲ…….

လေထု ဒါမှမဟုတ် ရေဖိအားရုတ်တရက်ပြောင်းလဲမှုဟာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကို အကျိုးသက်ရောက်ပုံပေါ်မူတည်ပြီး လက္ခဏာတွေကွဲပြားပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့…

ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် နားကိုထိခိုက်ခြင်း (Ear barotrauma) — ပြင်းထန်စွာ နားကိုက်တာ၊ ခေါင်းမူးတာ၊ ပျို့အန်တာ၊ စိတ်ရှုပ်ထွေးတာတွေ ဖြစ်နိုင်ပါတယ်။

ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် အဆုတ်ကိုထိခိုက်ခြင်း (Pulmonary barotrauma) — အကြောင်းရင်းပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားပါတယ်။ ဥပမာအနေနဲ့ ရေငုပ်သမားတွေဟာ ရေမျက်နှာပြင်ပေါ်ကို ပြန်ရောက်အောင် ကူးခတ်နေချိန်မှာ အသက်ရှူအောင့်ထားရတာ‌ကြောင့် အဆုတ်ကိုထိခိုက်စေတဲ့ Pulmonary barotrauma ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအခြေအနေမှာ ရင်ဘတ်အောင့်တာ၊ အသက်ရှူကျပ်တာ၊ နှာခေါင်းသွေးယိုတာ၊ ပါးစပ်ကနေ သွေးရောင်အမြှုပ်‌တွေထွက်တာတို့ ဖြစ်နိုင်ပါတယ်။

ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် နှာခေါင်းအတွင်း အကန့်ငယ်များကို ထိခိုက်ခြင်း (Sinus barotrauma) — မျက်နှာနာကျင်တာ၊ ခေါင်းကိုက်တာ၊ နှာခေါင်းသွေးယိုတာ၊ နှာခေါင်းပိတ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

????ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma) ကို ဘယ်လိုအတည်ပြုနိုင်လဲ…….

Barotrauma အမျိုးအစားပေါ်မူတည်ပြီး ရောဂါရှာဖွေနိုင်တဲ့နည်းလမ်းတွေ ကွာခြားပါတယ်။ ရောဂါရှာဖွေဖော်ထုတ်ဖို့ မတူညီတဲ့စမ်းသပ်မှုတွေကို အသုံးပြုနိုင်ပါတယ်။

Ear barotrauma — ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေအပြင် နားစည်ပျက်စီးတာ၊ ရောဂါပိုးဝင်တာနဲ့ တခြားပြဿနာတွေကိုရှာဖွေဖို့ Otoscope လို့ခေါ်တဲ့ ကိရိယာနဲ့ နားအတွင်းကို ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် နားအတွင်းပိုင်းကို သံလိုက်ဓာတ်မှန် (MRI) ရိုက်တာ၊ အကြားအာရုံ စမ်းသပ်စစ်ဆေးတာတွေကိုလည်း လုပ်နိုင်ပါတယ်။

Pulmonary Barotrauma — ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအပြင် အဆုတ်ထိခိုက်မှုအခြေအနေကို သိရဖို့ ရင်ဘတ်ဓာတ်မှန်ရိုက်တာကိုလည်း လုပ်ရပါမယ်။

Sinus barotrauma — နား၊ နှာခေါင်းနဲ့ လည်ချောင်းစစ်ဆေးမှုတွေ လုပ်ရပါမယ်။ နှာခေါင်းအတွင်းပိုင်းကို endoscope နဲ့ကြည့်တာ၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်တာတွေ လုပ်နိုင်ပါတယ်။

????ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma) ကြောင့်ဖြစ်လာတဲ့ ထိခိုက်မှုတွေကို ဘယ်လိုကုသကြမလဲ…….

ကုသမှုဟာ Barotrauma အမျိုးအစားပေါ် မူတည်ပြီး ကွာခြားပါတယ်။

Ear barotrauma — နားအတွင်းပိတ်နေတာတွေ သက်သာဖို့ ပိတ်ဆို့မှုကိုလျော့ပါးစေတဲ့‌ဆေး (Decongestant) တွေ ပေးနိုင်ပါတယ်။ နားစည်ပေါက်ပြဲသွားရင်တော့ နားစည်ဖာထေးတဲ့ခွဲစိတ်မှု (Tympanoplasty) လုပ်ဖို့ လိုနိုင်ပါတယ်။

Pulmonary Barotrauma — အများအားဖြင့် အောက်ဆီဂျင်ကုထုံးနဲ့ အိပ်ရာထဲမှာအနားယူဖို့ လိုအပ်ပါတယ်။ အဆုတ်ကို ဆိုးရွားစွာထိခိုက်မိရင်တော့ ခွဲစိတ်တာအပြင် တခြားကုသမှုတွေပါ လိုအပ်နိုင်ပါတယ်။

Sinus barotrauma — နှာခေါင်းပိတ်တာ သက်သာစေတဲ့ Decongestant တွေ ပေးနိုင်ပါတယ်။

????ရုတ်တရက် ဖိအားပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း (Barotrauma) မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ…….

လေယာဉ်ပျံသန်းနေချိန်မှာ နားကြပ်ကိရိယာတွေကို တပ်ဆင်ထားပါ။ ပီကေဝါးတာ၊ သမ်းတာတွေ ပြုလုပ်တာကလည်း လေဖိအားပြောင်းလဲမှုတွေကြောင့် နားတွေကို ထိခိုက်ပျက်စီးစေတာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ရေငုပ်တဲ့အခါ ဘေးကင်းစိတ်ချရတဲ့ရေငုပ်အလေ့အကျင့်တွေကို လိုက်နာပေးဖို့လည်း လိုအပ်ပါတယ်။

Reference: https: // my . clevelandclinic . org /health/diseases/22071-barotrauma

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here