Cosmos

587 POSTS
0 COMMENTS

အစာမကြေခြင်း Indigestion

အစာမကြေဘူးဆိုတဲ့ လက္ခဏာရပ်ဟာ ကမ္ဘာပေါ်မှာ လူတိုင်းကြုံဖူးကြမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ရောဂါကြောင့် မစာမကြေခံစားရတာ ဖြစ်နိုင်သလို တစ်ခါတစ်ရံလည်း ရောဂါကြောင့်မဟုတ်ဘဲ မိမိရဲ့ စားသောက်နေထိုင်မှုမမှန်လို့ အစာမကြေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ လူတိုင်း မလွဲမသွေကြုံတွေ့ရနိုင်တာကြောင့် အစာမကြေခြင်းနဲ့ပတ်သက်ပြီး သိထားဖို့တော့ လိုအပ်ပါတယ်။ အစာမကြေဖြစ်တဲ့ လူတစ်ယောက်မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့...

ပုရစ်ကြော်ရဲ့ အာဟာရ

"ပုရစ်ကြော်ရဲ့အာဟာရ" ------------------------------------ ပုရစ်ကြော် (Fried Crickets) ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကြီးတဲ့ Street Food ခေါ် လမ်းဘေးအစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ခုလို မိုးဦးကျပြီ၊ မိုးဝင်ပြီဆိုရင် ပုရစ်သံတညံညံကြားရသလို ပုရစ်ကြော်ရောင်းတဲ့ဆိုင်တွေလည်း တစ်စတစ်စပိုများလာကြပါတယ်။ တကယ်တော့ ပုရစ်ဆိုတာ နှယ်နှယ်ရရမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေမှာ စပြီးစားကြရာကနေ ခုဆို မြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာပါ ပုရစ်မွေးမြူရေးခြံတွေတည်ဆောက်ပြီး...

သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ဦးဘယ်သူလေ မနေ့ကမှ စကားပြောနေသေး... အခု တီဗီကြည့်ပြီး အိပ်ပျော်နေရင်း ဆုံးသွားလို့။ ဒေါ်ဘယ်၀ါပေါ့ မနက်ကအကောင်းကြီးကို ညနေကျချော်လဲပြီး ဆုံးသွားပြီတဲ့... ကြားဖူးကြတဲ့ ဖြစ်ရပ်လေးတွေပါ။ ဒီဖြစ်ရပ်လေးတွေရဲ့ နောက်ကွယ်က တရားခံအစစ်ကတော့ သွေးတိုးရောဂါပါပဲ။ သွေးတိုးရောဂါဟာ တော်ရုံနဲ့ လက္ခဏာမပြတတ်လို့ သေချာမထိန်းရင် နောက်ဆက်တွဲရောဂါတွေနဲ့ ရုတ်တရက် အသက်ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါကို...

သံပုရာရည်နှင့် သွေးပေါင်ချိန် Lemon Juice and BP

ဆေးခန်းမှာ မိုးကလေးက စိုတိုတိုနဲ့ ဖျားလို့နာလို့ လာပြတဲ့ ကလေးငယ်တွေကြည့်အပြီးမှာတော့ ဒေါ်ညိုမြ အလှည့်ရောက်လာပါပြီ… ဆရာ။ ကဲ ဒီမှာထိုင်ပါဦး ... ဘယ်လိုဖြစ်တုန်း အဒေါ်ရ......ဟုပြောပြောဆိုဆိုဖြင့် သွေးပေါင်ချိန်ရန် လက်ပတ်ကို လူနာ၏လက်မောင်းမှာ ပတ်ရွယ်လိုက်သည်။ ဒေါ်ညိုမြ။ ဆရာရေ အဒေါ်က သွေးတိုးရှိတော့လေ ဒီနေ့ အရမ်းသွေးပေါင်တက်နေလားမသိဘူး၊ ခေါင်းတွေ တအားအုံနေတာပဲ...

လက်သည်းခြေသည်း မှိုစွဲခြင်း Nail Fungus

အခုလို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်အခါမှာ ကိုယ့်ရဲ့ခြေသည်းလက်သည်းလေးတွေကလည်း သန့်ရှင်းပြီးလှပနေဖို့ အရေးကြီးတာပေါ့... ဒါကြောင့် မိမိရဲ့ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းနေ‌အောင် အမြဲဂရုစိုက်နေဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့မှာတော့ လူတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ လက်သည်းခြေသည်း မှိုစွဲတာနဲ့ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။ လက်သည်းခြေသည်း မှိုစွဲတာက အဖြစ်များတဲ့ ရောဂါပြဿနာတစ်ခု ဖြစ်ပါတယ်။ မှိုစွဲတဲ့အတွက်ကြောင့် ခြေသည်းလက်သည်းတွေဟာ ဝါလာတာ၊...

ဒေါက်တာလီယိုနှင့် ဇိုးဘဲများ

"ဒေါက်တာလီယိုနှင့် ဇိုးဘဲများ" ဂျီပီဆရာဝန်အနေနှင့် ကုသပေးရသော အရက်သမား လူနာတို့မှာ များလှပြီ။ များလွန်းလို့ အရက်သမားဆိုရင် မျက်စိမှိတ် ကုလို့ရပြီ... အခုလည်း လာပါပြီ။ ကိုယ်တော်ချောက အသက် ၃၀ ကျော်... ပိန်ပိန်ပါးပါး၊ ကတုန်ကယင်၊ အစာမဝင်ဘူး၊ စားချင်စိတ် မရှိဘူး၊ ဗိုက်အောင့်တယ်၊ အိပ်မပျော်ဘူး.. ခြေလက်ထုံတယ်။ စမ်းသပ်လိုက်တဲ့အခါ မျက်လုံးမဝါသေး၊...

နားအူခြင်း Tinnitus

နားအူတဲ့ပြဿနာဟာ ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နိုင်တဲ့ပြဿနာ ဖြစ်ပါတယ်။ နားအူတဲ့အခါမှာ မိမိရဲ့နားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ တဝီဝီမြည်နေတာမျိုး၊ ဒါမှမဟုတ် တခြားဆူညံနေတဲ့အသံတွေကို ကြားနေရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ ဆူညံသံတွေဟာ အပြင်မှာတကယ်ဆူညံနေလို့ ကြားနေရတာမျိုးမဟုတ်ဘဲ မိမိတစ်ယောက်တည်းကသာ ကြားနေရတာမျိုး ဖြစ်ပါတယ်။ လူအယောက် (၁၀၀) မှာ (၁၅)...

နှင်းခူ Atopic Eczema

Atopic dermatitis လို့ခေါ်တဲ့ နှင်းခူကတော့ နီရဲ၊ ‌ရောင်ရမ်းပြီး အရေပြားယားယံတဲ့ ရောဂါဖြစ်ပါတယ်။ Atopy ဆိုတာကတော့ အရေပြားမှာဖြစ်တတ်တဲ့ ဓာတ်မတည့်တဲ့ရောဂါကို ဆိုလိုတာဖြစ်ပြီးတော့ ဒီရောဂါမှာဆိုရင် ပန်းနာရင်ကြပ်၊ အရေပြားနဲ့ဓာတ်မတည့်တဲ့ရောဂါတွေ ပါဝင်ပါတယ်။ နှင်းခူက အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်...