Cosmos

587 POSTS
0 COMMENTS

လက်ဆစ်များ ညိုမည်းနေခြင်း Dark Knuckles

“လက်ဆစ်များ ညိုမည်းနေခြင်း (Dark knuckles)” လက်ဆစ်တွေ ညိုမည်းရခြင်းဟာ အဓိကအားဖြင့် မယ်လနင်ထုတ်လုပ်မှု လွန်ကဲခြင်းကြောင့် ဖြစ်ရပါတယ်။ Melanin ဆိုတာ အရေပြားကို အရောင်ပေးစွမ်းနိုင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပြီး အရေပြားတစ်ဝိုက်မှာ အမည်းကွက်များ ဖြစ်စေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ ရောဂါလက္ခဏာတွေဟာ မစိုးရိမ်ရဘဲ အခြားရောဂါအခံရှိဖို့ အခွင့်အလမ်းကလည်း နည်းပါးပါတယ်။ လူအများစုမှာ ဒီလိုလက်ဆစ်တွေ...

ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း Nocturia

“ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း (Nocturia)” ညအိပ်ရာဝင်ပြီးနောက် တစ်ကြိမ်ထက်ပိုပြီး ဆီးထသွားရတာကို Nocturia လို့ခေါ်ပါတယ်။ အသက် ၃၀ အရွယ် လူလတ်ပိုင်းတွေ သုံးယောက်မှာ တစ်ယောက်လောက်က ဒီပြဿနာရှိတတ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ ဒီလို ညဘက်ဆီးထသွားရတဲ့ပြဿနာ ပိုများလာပါတယ်။ တချို့အတွက်တော့ ဒီလို ညဘက်ဆီးထသွားရတာ သူတို့ရဲ့တချို့သောအကျင့်တွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျန်းမာရေးပြသနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ .. .. ⬜...

မိန်းမကိုယ် ရောင်ရမ်းခြင်း Vulvitis

“မိန်းမကိုယ် ရောင်ရမ်းခြင်း (Vulvitis)” ???? Vulvitis ဆိုတာ ဘာလဲ Vulvitis ဆိုတာ အမျိုးသမီးအင်္ဂါ (vulva) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ Vulva လို့ပြောရင် မွေးလမ်းကြောင်း (vagina) ကို ဝန်းရံထားတဲ့ အရေပြားနဲ့အတူ မိန်းမကိုယ်ရဲ့ အပြင်နှုတ်ခမ်း (labia majora) ၊ အတွင်းနှုတ်ခမ်း...

သတ္ထုဓာတ်ကြွယ်ဝပြီး ရေဓာတ်ပြည့်ဝစေတဲ့ဖျော်ရည်များ Electrolyte-Rich Drinks

သတ္ထုဓာတ်ကြွယ်ဝပြီး ရေဓာတ်ပြည့်ဝစေတဲ့ဖျော်ရည်များ မိုးက အုံ့တုံ့တုံ့နဲ့ ပူအိုက်အိုက်ကြီး ဖြစ်နေပြီလား... ပူပြင်းစိုစွတ်တဲ့ မြန်မာနိုင်ငံမှာ နေထိုင်ရတဲ့အခါ ကျွန်ုပ်တို့ဟာ ရေဓာတ်ပမာဏကို ဦးစားပေးဖို့က အရေးကြီးလာပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနဲ့ ကြွက်တက်ခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ရိုးရိုးရေဟာ ရေငတ်ပြေစေတယ်ဆိုပေမယ့်လည်း အလွန်ပူပြင်းစိုစွတ်တဲ့နေ့တွေနဲ့ အချို့သောအခြေအနေတွေမှာ ခန္ဓာကိုယ်ရဲ့သတ္ထုဓာတ် (electrolyte)...

အဆု‌တ်ရောင်နမိုးနီးယားရောဂါ How To Prevent Pneumonia in Ethnic Languages

ခုလိုမိုးတွင်းကာလမှာ အဆု‌တ်ရောင်နမိုးနီးယားရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ မိမိတို့ရဲ့ သားငယ် သမီးငယ်၊ တူ/တူမလေးတွေမှာ ဒီလိုရောဂါမဖြစ်ရလေအောင် လူကြီးတွေအနေနဲ့ သတိထားပြီး ဂရုစိုက်ရှောင်ကြဉ်လို့ရတဲ့ အချက်လေးတွေလည်း ရှိနေတာကြောင့် မှတ်သားဖွယ်ရာဗဟုသုတအဖြစ် လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊...

မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများ Monsoon Diseases

“မုတ်သုံရာသီတွင် အဖြစ်များသောရောဂါများအကြောင်း (Monsoon Diseases)” ခုလို မုတ်သုံရာသီကာလမှာ စိုစွတ်တဲ့ရာသီဥတု၊ မိုးသည်းထန်စွာရွာခြင်းနဲ့ လေထန်ခြင်းတို့ကြောင့် ကူးစက်ရောဂါအများအပြား ဖြစ်နိုင်ပါတယ်။ မိုးရာသီဟာ ပူပြင်းလှတဲ့အပူဒဏ်ကနေ သက်သာမှုပေးစွမ်းနိုင်သော်လည်း ပူထိုင်းစိုစွတ်မှုဟာ ပိုးမွှားများ ပေါက်ဖွားလာစေရန် ဖန်တီးပေးကာ ကူးစက်ရောဂါအမျိုးမျိုးကို ဖြစ်ပွားနိုင်ခြေ တိုးလာစေပါတယ်။ အဖြစ်များဆုံးရောဂါတွေကတော့ အရေပြားဓာတ်မတည့်ခြင်း၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ အခြားတုပ်ကွေးရောဂါတို့ ဖြစ်ပါတယ်။ ရိုးရှင်းသောကြိုတင်ကာကွယ်မှုများနဲ့...

ဖြည့်စွက်အား‌ဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့ Supplement Vitamins

ဖြည့်စွက်အား‌ဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့ "ဆရာမ အားဆေး ‌သောက်ရမလား..." အဲ့မေးခွန်းက ကျွန်မအတွက် လူနာတွေ အမေးအများဆုံး မေးခွန်းတစ်ခုပါ။ လူအတော်များများက အားဆေးသောက်ရ၊ အားဆေးထိုးရတာကို ‌အတော် နှစ်ခြိုက်ကြပါတယ်။ "အားဆေး" ဆိုတဲ့ စကားလုံးမှာတင် စွမ်းအားတွေရှိနေတယ် ထင်ပါရဲ့။ တကယ်လည်း လက်တွေ့မှာ ကိုယ်ပြောစရာမလိုဘဲ အားဆေးတွေ အမျိုးစုံသောက်နေတဲ့သူတွေ များပါတယ်။...

အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း Mallory Weiss Tears

"အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း (Mallory Weiss Tears)" အစာရေမျိုပြွန်ဆိုတာ လည်ချောင်းနဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ ပြွန်တစ်ခု ဖြစ်ပါတယ်။ Mallory Weiss Syndrome မှာ အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်လေ့ရှိပါတယ်။ ဒီလိုပြဲထွက်ပြီး ဖြစ်လာတဲ့အကွဲကြောင်းတွေကို Mallory Weiss Tear လို့ ခေါ်ပြီး...