Atopic dermatitis လို့ခေါ်တဲ့ နှင်းခူကတော့ နီရဲ၊ ‌ရောင်ရမ်းပြီး အရေပြားယားယံတဲ့ ရောဂါဖြစ်ပါတယ်။ Atopy ဆိုတာကတော့ အရေပြားမှာဖြစ်တတ်တဲ့ ဓာတ်မတည့်တဲ့ရောဂါကို ဆိုလိုတာဖြစ်ပြီးတော့ ဒီရောဂါမှာဆိုရင် ပန်းနာရင်ကြပ်၊ အရေပြားနဲ့ဓာတ်မတည့်တဲ့ရောဂါတွေ ပါဝင်ပါတယ်။

နှင်းခူက အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကူးစက်တတ်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။

..

..

???? လက္ခဏာတွေက ဘာတွေလဲ ?

သိပ်မပြင်းထန်ရင်တော့ အရေပြားက နီရဲနေမယ်။ ယားယံမယ်။ ဒီလို လက္ခဏာတွေက မျက်နှာနဲ့ ဦးရေပြားမှာ စပေါ်လာပြီး ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို ပျံ့သွားတတ်ပါတယ်။

ဒါတွေအပြင် ရေကြည်ဖုတွေ ဖြစ်လာမယ်။ တော်တော်လေး ယားယံလာပြီးတော့ အဲ့ဒီအဖုတွေက အက်ကွဲလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် ကလေးတွေမှာ မသက်မသာ ခံစားရလေ့ရှိပါတယ်။

..

..

???? ဘယ်အသက်အရွယ်တွေမှာ ဖြစ်တတ်လဲ?

နှင်းခူဟာ ဘယ်အရွယ်တွေမှာမဆို ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ အသက် (၁၂) လ မတိုင်ခင်နဲ့ (၁) နှစ်နဲ့ (၂)နှစ်ကြားတို့မှာ ဖြစ်တတ်လေ့ရှိပါတယ်။

ဒါပေမယ့် အဲဒီအဖုအပိမ့်တွေက တံတောင်ဆစ်အကွေး၊ ဒူးခေါက်ခွက်၊ မျက်နှာ၊ လည်ပင်း၊ လက်ချောင်းနဲ့ ခြေချောင်းကြားတွေမှာ ဖြစ်ပါတယ်။ အဲဒီအဖုလေးတွေက တဖြည်းဖြည်းနဲ့ ကြမ်းလာပြီး ခြောက်သွေ့ယားယံလာတတ်ပါတယ်။

တချို့ကလေးတွေမှာဆိုရင်တော့ အသက်အရွယ်နည်းနည်းကြီးရင့်လာမှ (ဒါမှမဟုတ်) လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်မှ ဖြစ်တတ်လေ့ရှိပါတယ်။

..

..

???? ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများလဲ?

အဓိကကတော့ အရေပြားကို ကုတ်ခြစ်မိရာကနေ ပိုးဝင်ပြီး ဖြစ်တတ်ပါတယ်။ ရေယုန်ကူးစက်ရာကနေလည်း ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေဖြစ်တတ်တဲ့ ကလေးတွေမှာတော့ ပန်းနာရင်ကြပ်နဲ့ တခြားသော ဓာတ်မတည့်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။

ဥပမာ – ဆပ်ပြာ၊ ကြေးချွတ်ဆေးတွေ၊ အမွှေးပါတဲ့ အဝတ်အထည်တွေ၊ အရေပြားခြောက်တာတွေ၊ ဆောင်းတွင်းလို ကာလမျိုးမှာ မကြာခဏ ဆပ်ပြာနဲ့ ဆေးကြောတာမျိုးတွေ၊ စိတ်ဖိစီးမှု၊ မိမိနဲ့ ဓာတ်မတည့်တဲ့ တချို့သောအစားအစာတွေကြောင့် ဖြစ်တတ်ပါတယ်။

..

..

???? နောက်ဆက်တွဲဆိုးကျိုးတွေ ဘာဖြစ်နိုင်လဲ?

ပန်းနာရင်ကြပ်နဲ့ hay fever လို‌ခေါ်တဲ့ ဓာတ်မတည့်တဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။

အစားအသောက်နဲ့ ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

ယားယံလေ ကုတ်လေ ဖြစ်တဲ့အတွက် အရေပြားမှာရှိနေတဲ့ အာရုံကြောတွေကို နှိုးဆွသလိုဖြစ်ပြီး ပိုပြီး ယားယံလာတတ်ပါတယ်။ ယားယံလေ ကုတ်လေဖြစ်တဲ့အတွက် အဲဒီအရေပြားတစ်ဝိုက်ဟာ ဘေးပတ်လည်ကပုံမှန်အရေပြားနဲ့မတူဘဲ ထူလာတာ၊ အသားအရောင်ပြောင်းလာတာတွေ ဖြစ်တတ်ပါတယ်။

ခဏခဏ ကုတ်နေတာကြောင့် အဲဒီအရေပြားနေရာမှာ ပေါက်ပြဲပြီး ပိုးဝင်နိုင်ပါတယ်။

မကြာခဏ ယားယံနေတဲ့အတွက်ကြောင့် တချို့လူတွေမှာ ညဘက်အိပ်မပျော်တာတွေအထိ ဖြစ်တတ်ပါတယ်။

..

..

???? ဘယ်လို ကုသကြမလဲ?

အနံ့မပြင်းတဲ့ ဆပ်ပြာအပျော့စားတွေ သုံးပေးပါ။ ကလေးငယ်‌လေးတွေအတွက်တော့ ဆပ်ပြာထက် ရေနွေးနွေးနဲ့ ရေချိုးသန့်စင်ပေးနိုင်ရင် ပိုကောင်းပါတယ်။

ယားယံပြီး ခြောက်သွေ့နေတဲ့ အရေပြားကို တစ်နေ့ (၃) ကြိမ်လောက် ရေဓာတ်ပါတဲ့ lotion တွေ၊ ခရင်မ်တွေ လိမ်းပေးပါ။

ရေနွေးနွေးနဲ့ ရေချိုးပေးပါ။ ရေချိုးပြီးတဲ့ အခါမှာလည်း နူးညံ့တဲ့ ကိုယ်သုတ်ပုဝါပဲ အသုံးပြုပါ။

အရေပြားကို ပွတ်တိုက်တာ၊ ကုတ်ဖဲ့တာမျိုးတွေ ရှောင်ပါ။

ချွေးထွက်ရင် ပိုမိုယားယံနိုင်တဲ့အတွက်ကြောင့် အတတ်နိုင်ဆုံး အေးမြတဲ့နေရာမှာ နေပါ။

ပေါ့ပါးချောင်ချိတဲ့ ချည်ထည်ပစ္စည်းတွေကို ဝတ်ဆင်ပါ။

ညစ်ပေပြီး သဲ၊ ဖုန်ထူတဲ့ နေရာဒေသတွေ သွားတာရှောင်ပါ။

အိမ်တွင်း အသုံးအဆောင်တွေဖြစ်တဲ့ အိပ်ရာခင်း၊ ခန်းဆီးလိုက်ကာ၊ ကောဇော အစရှိတာတွေကို သန့်ရှင်းအောင် ထားဖို့လည်း လိုအပ်ပါတယ်။

** အဓိက အရေးကြီးတာကတော့ မိမိနဲ့မတည့်တဲ့အရာတွေကို မှတ်ထားပြီး အဲ့ဒီအရာတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ် **

လိုအပ်ရင် ပိုးသတ်ဆေး သောက်သုံးတာ၊ ရေဓာတ်ပါတဲ့ ခရင်မ်တွေ လိမ်းတာ၊ စီထရင်းလို antihistamine လို့ခေါ်တဲ့ ‌ဆေးဝါးအကူအညီတွေကို မှီခိုလို့ရပါတယ်။ ဒါပေမယ့် ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြသပြီးမှ သောက်သုံးဖို့ အကြံပြုလိုပါတယ်။

Reference – https://www.mayoclinic.org/…/symptoms-causes/syc-20353273

Murtagh’s Patient Education, 6th edition pg – 13

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here