မီနူး

Home Health Education Mental Health စိတ်ရောကိုယ်ပါ လေးလံပြီး ပင်ပန်းနွမ်းနယ်ခြင်း Burn Out

စိတ်ရောကိုယ်ပါ လေးလံပြီး ပင်ပန်းနွမ်းနယ်ခြင်း Burn Out

0
စိတ်ရောကိုယ်ပါ လေးလံပြီး ပင်ပန်းနွမ်းနယ်ခြင်း Burn Out

ဘဝမှာ ရှင်သန်နေထိုင်လာရင်း အရမ်းကိုမှ ခြေကုန်လက်ပန်းကျတဲ့ အချိန်ဆိုတာ ရှိတတ်ကြတယ်မို့လား။ ဘာဆို ဘာကိုမှ မလုပ်ချင်လောက်အောင် ခြေပစ်လက်ပစ် နုံးခွေသွားတာမျိုးပေါ့။

မျက်လုံးဖွင့်ပြီး အသက်ရှုနေတာကလွဲရင် စိတ်ရောကိုယ်ပါလေးလံပြီး မလှုပ်ချင်လောက်အောင် နွမ်းနယ်နေသလို၊ ယုတ်စွဆုံး အိပ်နေရင်တောင်မှ ပင်ပန်းမှုက ပျောက်မသွားတတ်တာမျိုး ခံစားရတတ်ကြတယ်မို့လား။

ဒါပေမယ့်လည်း စားဝတ်နေရေး၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စ၊ လူမှုကိစ္စ စသဖြင့် မလစ်ဟင်းချင်တဲ့အခါ အနားယူဖို့ကို လစ်လျူရှုပြီး နောက်မှဆိုတဲ့ ဆင်ခြေတွေပေးရင်း အချိန်တွေ ကုန်ဆုံးသွားတတ်တာကိုတော့ ကျွန်မတို့ သတိမထားမိလိုက်ကြပါဘူး။

ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ မခံနိုင်လာတဲ့အခါ စိတ်သွားတိုင်းကိုယ်မပါတော့သလို လုပ်နေကျအလုပ်တွေမှာ စိတ်မပါတော့ဘဲ ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကို ရှောင်လွှဲချင်လာမယ်။ ဒါ့အပြင် . . .

  • လူတွေနဲ့အဝေးမှာ နေချင်လာမယ်။
  • တစ်ခုခုလုပ်ဖို့ကို အချိန်ဆွဲချင်လာမယ်။
  • ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ ဒါကိုကုစားဖို့ လုပ်လာမယ် (ဥပမာ။ အရက်၊ မူးယစ်ဆေး သုံးစွဲတာမျိုး)
  • ခန္ဓာကိုယ်ကလည်း မလန်းသလို
  • မကြာခဏ ခေါင်းကိုက်တာ၊ ပြင်ပထိခိုက်မှုမရှိဘဲ အသားတွေနာတယ်လို့ ခံစားရတာ
  • စိတ်တိုလွယ်လာပြီး ဘာကိုမှ အလိုမကျတာမျိုးတွေ၊ ရန်လိုတာမျိုးတွေ ဖြစ်လာနိုင်တဲ့အပြင်
  • နောက်ဆုံးမှာ ကိုယ့်ရဲ့လူမှုအသိုင်းအဝိုင်းမှာပါ ဆက်ဆံရေးတွေ ထိခိုက်ယိုယွင်းလာနိုင်ပါတယ်။

ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲ
ဘာလုပ်နိုင်မလဲ။

ကိုယ်တိုင်လုပ်နိုင်တဲ့ အရာတွေအများကြီးရှိပေမယ့် ဒီနေ့တော့ ကျွန်မအနေနဲ့ တစ်ချက်ကိုပဲ အချိန်ပေးပြီး လုပ်စေချင်ပါတယ်။

အဲဒါကတော့ တစ်ရက်လုံးကို ဘာမှမလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူခြင်းပါ။

အတွေးတွေကို တတ်နိုင်သလောက်ထိန်းကျောင်းပြီး ဘာဆို ဘာမှမလုပ်ဘဲ (သို့) ကိုယ်လုပ်ချင်နေပြီး အကြောင်းကြောင်းကြောင့် မလုပ်နိုင်/ မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို လုပ်ကြည့်ပါ (ဥပမာ။ ခရီးတိုလေး ထွက်တာမျိုး၊ တူရိယာတစ်ခုခုတီးခတ်တာ၊ ပန်းချီဆွဲတာမျိုးစသည်ဖြင့်.. )
.

တကယ်ကို ဘာကိုမှ လုပ်ချင်တာမျိုးမရှိဘဲ…

အ်ိမ်သန့်ရှင်း‌ရေးတောင် မလုပ်ဘဲ စိတ်အေးလက်အေးနဲ့ တစ်ရက်လောက် နားချင်တယ်ဆိုလည်း နားလို့ရပါတယ်။ နားခွင့်ရှိပါတယ်။

အဲဒီလို နားလိုက်လို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိစိတ်မဝင်ပါနဲ့။ အခြားသူကိုလည်း အားမနာပါနဲ့။

ကျွန်မတို့ဟာ ကြိုးစားခွင့်ရှိသလို နားပိုင်ခွင့်လည်း အပြည့်အဝရှိပါတယ်။

လုံလောက်တဲ့ emotional wellbeing ကို ရမှသာလျှင် ရှေ့ဆက်ဖို့ energy လည်း ရှိလာမှာဖြစ်တဲ့အတွက်…

အနားယူပါ။ အနားယူဖို့ကို မကြောက်ပါနဲ့ ။

ဒါဟာလည်း ကျွန်မတို့ကိုယ်တိုင်အတွက် ကျွန်မတို့ပဲ လုပ်နိုင်တဲ့ self care လေးတစ်ခု ဖြစ်လို့ပါပဲ။
.

လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် မလွဲမသွေကြုံ‌တွေ့ရနိုင်တဲ့ Professional burnout ကို ခုလိုနည်းလမ်းနဲ့ ကျွန်မတို့ကိုယ်တိုင် ဖြေလျှော့သက်သာစေနိုင်ပါတယ် ဆိုတဲ့အကြောင်း ရေးသားတင်ပြရင်း မိမိကိုယ်ကိုယ် ညှာတာထောက်ထားတတ်သူများ၊ quality of life ကို အပြည့်အဝရသူများ ဖြစ်လာစေဖို့ တောင်းဆုပြုလိုက်ရပါတယ်ရှင်….။

🤍 သင်၏စိတ်ကလေး ကျန်းမာစေဖို့ 🤍

ဒေါက်တာမီ
(စိတ်ပညာလေ့လာလိုက်စားသူ ဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here