လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔
အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။
ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။
…
…
(၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး ခဏလောက်ပဲဖြစ်ဖြစ် အနားယူလိုက်ပါ။ တစ်ရေးလောက်အိပ်လိုက်တာဖြစ်ဖြစ်၊ မိနစ်ပိုင်းလောက် အနားယူလိုက်တာဖြစ်ဖြစ် ပင်ပန်းမှုကို လျှော့ချလို့ရပါတယ်။
(၂) မိသားစု၊ ချစ်ရသူ၊ သူငယ်ချင်းအပေါင်းသင်းများနဲ့တွေ့ဆုံပြီး စကားပြောတာ၊ ဆော့ကစားတာ၊ အပြင်လျှောက်လည်တာတွေ လုပ်ခြင်းကလည်း စိတ်ပင်ပန်းမှုကို သက်သာစေနိုင်ပါတယ်။
(၃) မိမိနှစ်သက်ရာ ဝါသနာတွေ ဥပမာအားဖြင့် သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာ စတာတွေလုပ်ခြင်းတွေကလည်း စိတ်ကို ပေါ့ပါးစေပါတယ်။
(၄) အစားအစာကို အာဟာရမျှတစွာ စားပေးပါ။ အသီးအနှံတွေ၊ အရွက်တွေ စားပေးခြင်းကလည်း စိတ်ပေါ့ပါးမှုကို အထောက်အကူပြုစေပါတယ်။
(၅) ကိုယ်လက်လှုပ်ရှား အားကစားလေးတွေလည်း လုပ်ပေးပါ။ အခုနောက်ပိုင်းမှာ အထိုင်များတဲ့အလုပ်တွေပဲ များလာတဲ့အတွက် ပင်ပန်းတာ၊ အညောင်းမိတာတွေ ဖြစ်တတ်ပါတယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းကလည်း ခန္ဓာကိုယ်ကိုပေါ့ပါးစေပြီး စိတ်ပင်ပန်းမှုကိုလည်း သက်သာစေပါတယ်။
(၆) အကောင်းဆုံးအချက်ကတော့ တရားထိုင်ခြင်းပါပဲ။ တရားထိုင်ခြင်းအားဖြင့် စိတ်ကိုတည်ငြိမ်အောင် လုပ်နိုင်လာပြီး အာရုံစူးစိုက်မှုအားကိုလည်း ပိုကောင်းလာနိုင်စေပါတယ်။ သေးသေးမွှားမွှား ပြဿနာလေးတွေဆိုရင်လည်း ဖိစီးမနေဘဲ အေးဆေးဖြေရှင်းလို့ ရနိုင်လာပါတယ်။
.
✨ စိတ်ပင်ပန်းတာတွေ ဆက်တိုက်ဖြစ်လာတယ်၊ အထက်ပါအချက်တွေနဲ့လည်း မသက်သာတော့ဘူးဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။
💚 အားလုံးပဲ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်ကနေ ကင်းဝေးပြီး အမြဲတမ်း ရွှင်လန်းပြုံးပျော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်… 💚
Ref :
https:// health. clevelandclinic. org /how-to-relieve-stress
https:// www. healthline. com /nutrition/16-ways-relieve-stress-anxiety
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.