🧊 အရင်တစ်ခေါက်က ရေနွေးငွေ့နဲ့ ရေချိုးတဲ့အကြောင်း ပြောပြီးပြီမို့ အခုတစ်ခါတော့ Ice Bath အကြောင်းလေး ထပ်မံတင်ပြလိုက်ပါတယ်နော်။
🔹Ice Bath ဆိုတာ ဘာလဲ
Ice Bath or Cold Water Immersion (CWI) ဆိုတာ သူ့ရဲ့နာမည်အတိုင်းပဲ ရေခဲရေ သို့မဟုတ် ရေခဲတွေ ထည့်ပြီး ရေစိမ်ခြင်း၊ ရေချိုးခြင်း တစ်မျိုးပါပဲ။ သူ့ကို အအေးချိန် 50°F ကနေ 59°F ကြား ထားလေ့ရှိပြီး အားကစားသမားတွေ အဓိကအသုံးပြုလေ့ရှိကြပါတယ်။
.
🔹အခုလို ရေစိမ်တာက ကျန်းမာရေးအတွက် ဘာတွေ အကျိုးပြုလဲ
(၁) ကြွက်သားတင်းမာခြင်းတွေ၊ နာကျင်ခြင်းတွေ၊ ကြွက်သားရောင်ရမ်းခြင်းတွေကို သက်သာစေတယ်။ အအေးဓာတ်က သွေးကြောတွေကို ကျုံ့စေပြီး ကြွက်သားတွေဆီသွားတဲ့ သွေးစီးဆင်းမှုကို လျော့နည်းစေတဲ့အတွက် တင်းမာရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အားကစားလုပ်ပြီး ရေခဲရေစိမ်ခြင်းက ကြွက်သားနာကျင်တာတွေကို လျော့နည်းစေပြီး ပြန်လည်သက်သာဖို့ အထောက်အကူပြုပါတယ်။
(၂) အရေးပါတဲ့အင်္ဂါအစိတ်အပိုင်းတွေရဲ့ သွေးကြောလည်ပတ်မှုကို အားကောင်းစေပါတယ်။ အအေးနဲ့တွေ့တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးကြောအများစုကျုံ့သွားပြီး သွေးတွေက အဓိကခန္ဓာအစိတ်အပိုင်းတွေမှာ ပိုပြီးစီးဆင်းကြတဲ့အတွက် သွေးလည်ပတ်မှုကို အထောက်အကူပြုစေပါတယ်။
(၃) စိတ်ကိုတက်ကြွစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ အအေးဓာတ်နဲ့ ထိတွေ့တဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက Norepinephrine လို့ ခေါ်တဲ့ ဟော်မုန်းတစ်ခု ထွက်လာပါတယ်။ အဲ့ဒီဟော်မုန်းကနေမှ ကျွန်တော်တို့ရဲ့ Sympathetic System လို့ ခေါ်တဲ့ အလိုအလျောက်ဖြစ်စဥ် ထိန်းချုပ်မှုတစ်ခုကို နိုးကြွစေပြီး စိတ်တက်ကြွခြင်း၊ အာရုံပိုပြီးစိုက်နိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။
(၄) အအေးနဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က အပူထုတ်ပြန်ပေးဖို့အတွက် Brown adipose tissue (BAT) လို့ ခေါ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။ အအေးကိုတုံ့ပြန်ဖို့ ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပြီး အပူထုတ်လွှတ်ပေးတဲ့အတွက် ကယ်လိုရီလည်း လျော့နည်းစေပါတယ်။
(၅) ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ ကျွန်တော်တို့ အပြင်းဖျားနာတဲ့အခါ ရေစိုဝတ်အုပ်သလိုမျိုးပဲ အခုလို ရေအေးနဲ့ချိုးပေးခြင်းက ကိုယ်တွင်းက အပူချိန်လွန်ကဲတာတွေ၊ ဖျားနာပူခြစ်နေတာတွေကို လျော့နည်းစေပါတယ်။
(၆) ဒါ့အပြင် လေ့လာချက်တွေအရ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သာမန်ဖျားနာခြင်းတွေကနေလည်း ကာကွယ်ပေးတယ်လို့ သိရပါတယ်။
…
…
🔹ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိစမြဲပါပဲ။ အခုလို ရေခဲရေစိမ်တာ၊ ရေချိုးတာကို လိုတာထက်ပိုပြီး အချိန်ကြာမြင့်စွာ လုပ်ရင်တော့ . . .
- အဖြစ်များဆုံးက အားလုံးသိတဲ့အတိုင်း အအေးမိစေနိုင်ပါတယ်။
- အချိန်ကြာကြာစိမ်မိတဲ့အခါ Hypothermia လို့ ခေါ်တဲ့ ခန္ဓာကိုယ်တွင်းအပူချိန်ကျဆင်းတာမျိုး ဖြစ်တတ်ပါတယ်။
- ရေခဲတွေနဲ့ အကြာကြီး ထိတွေ့ရလို့ အသားအရေ ခြောက်သွေ့တာ၊ ယားယံတာတွေ ဖြစ်တတ်ပါတယ်။
- သွေးကြောတွေ ကျဥ်းပြီး တခြားအစိတ်အပိုင်းတွေဆီ သွေးမရောက်တဲ့အခါ ထုံတာကျဥ်တာ ဖြစ်လာနိုင်ပြီး သူနဲ့သက်ဆိုင်ရာ ဆိုးကျိုးတွေလည်း ရစေနိုင်ပါတယ်။
…
…
🔺ဘယ်လိုလူတွေမှာ ရေခဲရေစိမ်တာ မလုပ်သင့်ဘူးလဲ
နှလုံးရောဂါ၊ သွေးကြောရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ အာရုံကြောရောဂါရှိနေသူတွေမှာ မိမိသဘောနဲ့မိမိ Ice Bath လုံးဝ မပြုလုပ်သင့်ပါ။ အထူးသဖြင့် ရေအေးနဲ့စတင်ထိတွေ့ချိန်မှာ အသက်ရှုနှုန်း၊ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေ ရုတ်တရက်မြင့်တက်သွားပြီး Cold Shock ဖြစ်နိုင်တာကြောင့် နှလုံးရောဂါသမားများ အထူးသတိထားရပါမယ်။
ဒါ့အပြင် အခြားရောဂါအခံတစ်ခုခု ရှိနေသူတွေလည်း Ice Bath မပြုလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
…
…
🔹အချုပ်ပြောရရင် Ice Bath က ကောင်းကျိုးတွေ အများကြီးရှိပေမယ့်လည်း ဆိုးကျိုးတွေလည်း ရှိနိုင်လို့ စိမ်တော့မယ်ဆိုရင် အချိန် ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်းသာ စိမ်သင့်ပြီး၊ အပူထဲက ရောက်ရောက်ချင်း ချက်ချင်း အအေးကန်ထဲ ဝင်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။ ရောဂါအခံတစ်ခုခု ရှိတယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာ ရေခဲရေစိမ်ခြင်းကို ပြုလုပ်သင့်ပါကြောင်း အကြံပေးပြောကြားလိုက်ပါရစေ…။
Ref: 📖
https: // www. health .com / ice-baths-8404207
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.