မမျှော်လင့်ဘဲဖြစ်စေ၊ ပြင်ဆင်ထားပြီးပဲဖြစ်စေ ကိုယ်တန်ဖိုးထားရတဲ့သူ ချစ်ခင်နှစ်သက် မြတ်နိုးအားကိုးရသူ တစ်ဦးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ….

ကိုယ့်ရဲ့တန်ဖိုးထားစုဆောင်းလာရတဲ့ အိုးအိမ် ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မှုတွေကို မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတဲ့အခါ… 

ကျွန်မတို့ ရှင်ကျန်ရစ်သူတွေအနေနဲ့ စိတ်ပိုင်း ခန္ဓာကိုယ်ပိုင်ဆိုင်ရာ ဘာတွေခံစားရပါသလဲ။

ကျွန်မတို့ အတူတူ ဆန်းစစ်ကြည့်ရအောင်….။

ဦးစွာ…

  • ထိတ်လန့်ခြင်း 
  • ဝမ်းနည်းခြင်း 
  • ပူဆွေးသောကရောက်ခြင်း 
  • မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း
  • အရှိတရားကို လက်မခံနိုင်ခြင်း၊ ငြင်းဆန်မိခြင်း၊ ရှောင်လွှဲမိခြင်း
  • စိုးရိမ်ပူပန်ခြင်း 
  • အစားအသောက်ပျက်ခြင်း
  • ဝင်္ကပါလို အတွေးထဲ ပိတ်မိနေခြင်း
  • မစဉ်းစားရပါဘဲ ခေါင်းထဲပြန်ပေါ်လာခြင်း
  • မရည်ရွယ်ပါဘဲ ထပ်ထပ်ခါခါတွေးမိနေခြင်း၊ အိပ်မက်ဆိုး‌မက်ခြင်းတွေနဲ့အတူ…
  • အိပ်မရတာတွေ 
  • ဘာကိုမှ အာရုံမစိုက်နိုင်တော့တာတွေ
  • တစ်စုံတစ်ခုအပေါ် အာရုံစိုက်ဖို့ခက်ခဲလာတာတွေ 
  • အများနဲ့ဝေးရာ တစ်ယောက်တည်းသီးသန့်နေချင်တာ
  • စကားတွေနည်းလာတာ၊ ငြိမ်သက်လာတာ၊ စိတ်နဲ့လူနဲ့ မကပ်တော့တာ 
  • ပြင်ပဒဏ်ရာမရှိပါဘဲ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက နာကျင်ကိုက်ခဲသလိုမျိုး ခံစားရဝာာ
  • ပုံမှန်နိစ္စဓူဝအလုပ်တွေ မလုပ်နိုင်တော့တာ၊ မလုပ်ချင်လောက်အောင် နွမ်းလျလာတာ
  • အလုပ်ခွင်မှာ သိသိသာသာရုန်းကန်နေရတာ စသဖြင့်ကြုံလာရတတ်ပါတယ်။

ဒါတွေကို ကြုံနေခံစားနေရတာတွေက ဆက်တိုက်ဆိုသလို ရက်သတ္တပတ်ပေါင်းများစွာ လနဲ့ချီပြီး ကြာမြင့်လာပြီဆိုရင်တော့ ကျွန်မတို့ စိတ်က‌လေးဟာ သင့်လျော်တဲ့ကုသမှု သို့မဟုတ် တိုင်ပင်ဆွေးနွေးမှုတစ်ခုကို လိုအပ်လာနေပြီဆိုတဲ့ အသိလေးရပေးပါ။

ယုတ်စွအဆုံး ကုသမှုခံယူဖို့ အဆင်မပြေတဲ့အခြေအနေမျိုး ဖြစ်ခဲ့ရင်တောင် မိမိခံစားနေရတာတွေကို တစ်ယောက်ယောက်ဆီကို ရင်ဖွင့်ပါ၊ ပြောပြပါ၊ မှီခိုပါ။

  • စိတ်ခံစားချက်တွေကို ဖော်ပြပါ
  • ငိုကြွေးခြင်းဟာ ပျော့ညံ့မှု မဟုတ်ပါ 
  • ကိုယ့်ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပါ 
  • မိမိကိုယ်ကို အပြစ်တင်စိတ်တွေကို လျှော့ချပေးပါ 
  • အကူအညီပေးလာသူရှိရင် လက်ခံပေးပါ 
  • အကူညီလိုနေသူကိုလည်း ကူညီပေးပါ ဖေးမပေးပါ 
  • မိမိကိုယ်ကိုယ် ပိုဂရုစိုက်ပေးပါ၊ ထွေးပွေ့ပါ၊ ပိုစိတ်ရှည်ပေးပါ
  • စိတ်ဒဏ်ရာကုစားမှုတိုင်းဟာ အချိန်ကြာရှည်နိုင်ကြောင်း နားလည်လက်ခံပေးပါ
  • အနားမှာရှိနေသူတွေအပေါ် ပိုဂရုစိုက်ပါ၊ အချိန်ပေးပါ
  • အပေါင်းအသင်းမိတ်ဆွေ လူမှုအသိုင်းအဝိုင်းနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံပြောဆိုပေးပါ 

ဒါတွေဟာ အခြေခံအားဖြင့် ကျွန်မတို့ကိုယ်တိုင် ပထမဆုံးလုပ်နိုင်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုကာလမှာ ကျွန်မတို့ဟာ ပူဆွေးဝမ်းနည်းမှုကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ခံစားနေကြရတယ် မဟုတ်ပါလား….။

#Grief&Loss

သင်၏စိတ်ကလေးကျန်းမာစေဖို့ 
ဒေါက်တာမီ
စိတ်ပညာလေ့လာသူ ဆရာဝန်တစ်ဦး

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here