ခရီးသွားရမှာ ကားမမူးအောင် B6 လေး သောက်သွားနော်ဆိုပြီး အဝါရောင်ဆေးကဒ်လေး ဆောင်ကြ၊ သောက်ကြတာကို မြင်ဖူးကြမှာပါ။
ဒါက အမှန်ပဲလားဆိုရင် လုံးဝ မဟုတ်ပါဘူးနော်။
🟡 သူတို့က ပုံသဏ္ဍာန်အားဖြင့် အဝါရောင်ဆေးပြားလေးတွေအဖြစ် တူနေပေမဲ့ သက်ရောက်မှုကတော့ လုံးဝ ကွာခြားပါတယ်။
.
🔹 B6 (Pyridoxine) ဆိုတာက
ဗိုက်တာမင် ဘီ (Vitamin B) အုပ်စုတွေထဲက တစ်ခုဖြစ်တဲ့ ဗိုက်တာမင်တစ်မျိုးပါ။
B6 ကို ဘယ်နေရာတွေမှာ သုံးလဲဆိုရင် အကြောအားဆေးအနေနဲ့ အများစုအသုံးပြုကြပါတယ်။
.
🔹 B6 က ဘာတွေကောင်းလဲဆိုရင်
- ကိုယ်ခံအား ကောင်းစေတယ်
- အာရုံကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေတယ်
- ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုတယ်
- စိတ်ကျန်းမာရေး၊ စိတ်ခံစားချက်တို့ကို ကောင်းမွန်စေတယ်
- အမျိုးသမီးတွေ လစဥ်ဓမ္မတာ မလာခင် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေတယ်
- သွေးအားနည်းရောဂါကို သက်သာစေတယ်
- ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခံစားရလေ့ရှိတဲ့ မူးဝေပျို့အန်ခြင်းတို့ကို သက်သာစေတယ်
- နှလုံးရောဂါတွေနဲ့ ပတ်သက်ပြီးလည်း ကောင်းမွန်တာတွေ ရှိပါတယ်။
ဒါ့အပြင် တခြားသော ဗိုက်တာမင် ဘီအုပ်စု ဖြစ်တဲ့ B1, B12 တို့နဲ့ တွဲဖက်ပြီးလည်း Vitamin B1+6+12 complex အနေနဲ့ သောက်သုံးကြပါတယ်။
.
🔹 ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း B6 ကို လိုတာထက်ပိုပြီး သောက်သုံးမိရင်တော့
- မအီမသာဖြစ်တာတွေ
- ရင်ပူတာတွေ
- ခြေလက်ထုံကျဥ် ကိုက်ခဲမှုတွေ
- ခန္ဓာကိုယ်လှုပ်ရှားမှု မမှန်မကန်ဖြစ်တာတွေ စတာတွေကို ခံစားရနိုင်ပါတယ်။
…
…
ဒါဆိုရင် ကားမမူးအောင် သောက်တာကရော ဘာဆေးလဲ
🔹 သူကတော့ Dimenhydrinate လို့ခေါ်တဲ့ Antihistamine အုပ်စုဝင် ဆေးတစ်မျိုး ဖြစ်ပါတယ်။
သူ့ကို အမူးပြေဆေးဆိုပြီး အခေါ်များသလို ကားဂိတ်၊ ရထားဂိတ်တွေမှာလည်း အဝါရောင်ဆေးကဒ်လေးတွေအနေနဲ့ ရောင်းချလေ့ရှိပါတယ်။
.
🔹 သူကတော့ ပြောထားတဲ့အတိုင်း
ခရိးသွားလာရင်ဖြစ်တတ်တဲ့ မူးဝေခြင်းနဲ့ ပျို့အင့့်အော့အန်ခြင်းကို သက်သာစေပါတယ်။
သူ့ကို ကားမထွက်ခင် နာရီဝက်၊ တစ်နာရီအလိုမှာ ကြိုသောက်ထားပေးရင် ပိုကောင်းပါတယ်။
အဲဒီဆေးက အိပ်ငိုက်တတ်တဲ့ သက်ရောက်မှုရှိတာကြောင့် အသက် ၂ နှစ်အောက် ကလေးတွေကိုတော့ တိုက်ကျွေးခြင်း မပြုမိစေဖို့ လိုပါတယ်။
…
…
❗️ခုနပြောတဲ့ ဆေးနှစ်ခုကို လူတွေက အမှတ်မှားပြီး သောက်ကြတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
B6 လိုအပ်တဲ့ နေရာမှာ Dimenhydrinate ပေးလိုက်မိရင် ပိုပြီး ငိုက်မျဥ်းလာတာ၊ မျက်လုံးတွေ ဝေဝါးလာတာ၊ ခေါင်းကိုက်ခေါင်းမူးတာတွေ ဖြစ်စေနိုင်ပါတယ်။
❗️အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ ခံစားရလေ့ ရှိတဲ့ မနက်ခင်းပျို့အန်ချင်စိတ် Morning sickness လိုမျိုးမှာ B6 သောက်ရမဲ့အစား Dimenhydrinate သောက်မိရင် ခေါင်းကိုက်တာ၊ ခေါင်းမူးတာမျိုး ဖြစ်လာနိုင်တဲ့အပြင် သန္ဓေသားကိုပါ ထိခိုက်လာနိုင်ပါတယ်။
❕ ဒါကြောင့်မို့လို့ ဆေးတွေကို သတိထားကြည့်ရှုပြီးမှ ဝယ်ယူသောက်သုံးသင့်သလို ဆေးများကို ရောင်းချသူများဘက်မှလည်း မှန်ကန်တဲ့ဆေးကိုသာ ရောင်းချစေလိုပါတယ်။
ရောဂါအကြောင်း တစ်ခုခုသိလိုသည်ဖြစ်စေ၊ တစ်ခုခု ခံစားရလို့ ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာကလည်း လူကြီးမင်းတို့အတွက် အမြဲအသင့် ရှိနေကြောင်း ပြောကြားပါရစေ။ 🤍
Messenger သို့ ဆက်သွယ်လိုက်ရုံပါပဲ….။
Ref: 📚
https:// www. webmd. com / drugs/2/drug-8645/dimenhydrinate-oral/details,
https:// www. mayoclinic. org / drugs-supplements-vitamin-b6/
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.