ခါစည်း/ ဗိုက်စည်း Waist Trainer

0
187

ခါးကို သေးသွယ်လှပစေတဲ့ Waist Trainer လို့ ပြောလိုက်ရင် သင်ဘာတွေသိလဲ ????

1️⃣ Waist Trainer ဆိုတာ အလွယ်ဆုံးပြောရရင်… ခါးကို အချိန်တိုတွင်း အမြန်ဆုံးချပေးတဲ့ မြန်မာလိုဆို ခါးစည်းခေါ်မလား ဗိုက်စည်းခေါ်ရမလားနော်။

Waist trainer ပေါ်တာလည်း ကြာပြီ။ ကမ္ဘာအနှံ့မှာလည်း သုံးနေကြပါတယ်။ သူက ကလေးမွေးအပြီးသုံးတဲ့ ဗိုက်စည်းမျိုး မဟုတ်ပါဘူးနော်။

သူအပတ်မှာ metal bone လို့ခေါ်တဲ့ သံချောင်းပတ်ပတ်လည်ပါပါတယ်။ 9-16-25 bone (သံချောင်း) စသည်ဖြင့် ပါတတ်ပါတယ်။

သူက တစ်နေ့ကို အနည်းဆုံး (၈~၁၂) နာရီ ဝတ်ပေးရင် ခါးသေးလာစေတာပါ။

Waist trainer ရောင်းတဲ့ ကုမ္ပဏီတွေက မော်ဒယ်လ်တွေနဲ့ WT ဝယ်ပြီး ဝတ်ရင် ကိုယ်အလေးချိန်ကျမယ်၊ ခါးသေးမယ်၊ ခန္ဓာကိုယ်ပုံစံ (Body shape) ပိုလှလာမယ်ဆိုပြီး ဈေးကွက်အပြိုင်ရှာလာကြ၊ Marketing အပြိုင်ဆင်းလာကြတာပါ။

2️⃣ Waist trainer ကောင်းကျိုးလို့ပဲ ပြောရရင် ဝတ်လိုက်တာနဲ့ကို…

– ခါးလေးသိမ်သေးသလို ခံစားရမယ်

– ဗိုက်နေရာ အတင်းစည်းထားရတော့ အစားစားရတာ နည်းနည်းပဲ ဝင်လာမယ်

– ကိုယ်က ခါးစည်းရင် အသက်ရှူခက်တာ၊ မောတာ၊ ပျို့ချင်တာ စတဲ့ဆိုးကျိုးတွေ ခံစားရလည်း ချက်ချင်း ချွတ်လိုက်ရုံပါပဲ။

3️⃣ ဒီလောက်ထိဆို WT ဝတ်သင့်လား/မဝတ်သင့်လား မေးရင် ….

ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ပြောရရင်တော့ လုံးဝ မဝတ်သင့်ပါ။ “ Absolutely No” ပါ။

ဘာလို့လဲဆို…

????????????

4️⃣ Waist Trainer ရဲ့ ဆိုးကျိုးတွေက…

ဗိုက်နေရာကို အတင်းဖိစည်းထားတာ ဖြစ်တာကြောင့် ဗိုက်ရဲ့ကြွက်သားတွေ (Core muscles တွေ) တအားအလုပ်လုပ်ရလို့ ကြွက်သားသန်မာအား (Core muscle strength) တွေ ကျလာစေပါတယ်။ ဒါကြောင့် Hernia (အူကျရောဂါသည်) တွေက WT လုံးဝ မဝတ်ရပါဘူး။

ဒါအပြင် အတင်းအကျပ် စည်းထားကြောင့် တာရှည်အသုံးပြုမယ်ဆို အတွင်းကလီစာတွေ ထိခိုက်စေပါတယ်။ အစာအိမ် အချဉ်လေတက်တာမျိုး၊ ရင်ပူတာမျိုးတွေဖြစ်လည်း ဖြစ်တတ်ပါတယ်။

WT ဝတ်ဆင်ခြင်းက အဆုတ်ရဲ့ အသက်ရှူနိုင်စွမ်းကို ၃၀~၆၀% ကျစေတာမို့ လေ့ကျင့်ခန်းလုပ်ချိန် သူ့ကိုဝတ်ထားရင် အန္တရာယ်ရှိ​စေပါတယ်။ WT မပြောနဲ့ တချို့ အလေးမတာ ရိုးရိုးခါးစည်းပတ်ပြီး ကစားရင်တောင် တအားမောတဲ့ချိန် အမြန်ချွတ်ပစ်ရပါတယ်။

❌❌❌ ပြောရရင် Waist trainer က လုံးဝ ငွေကိုအလဟဿ ဖြုန်းတီးတာ (Waste of money) ပါ။ ခဏတာလေး ခါးသေးပြီး ဘေးထွက်ဆိုးကျိုး (Side effect) အများကြီးပေးတဲ့ပစ္စည်းပဲ ပြောပါရစေ။

ဒီလိုပြောရင် Marketing တွေက Kylie Jenner လို ဆယ်လီတောင် ပတ်တယ်။ သူက WT ပတ်တာ ခါး ၂၄~၂၇ ကြားပဲရှိတယ် ပြောရင်…

ကျွန်မပြန်ပြောချင်တာ Kylie Jenner အားကစားလုပ်ချိန် ဘယ်လို Trainer တွေနဲ့ Gym ဆော့နေလဲ။ အိမ်မှာတောင် Gym ခန်း အပြည်အစုံနဲ့ပါနော်။ Diet plan တွေ နဲ့ စားသောက်နေထိုင်နေတာပါ။

အားလုံးဘဲ ကျန်းမာစွာ လှပနိုင်ကြပါစေရှင်…။

Dr Cool

တယ်လီကျန်းမာ

Ref : https:// www. webmd. com /a-to-z-guides/what-you-need-to-know-about-waist-trainers

https:// www. mymed. com /health-wellness/body-modifications/the-practice-of-waist-training-and-corsetry/the-dangers-and-benefits-of-aesthetic-waist-training#:~:text=Due%20to%20corsets%20adding%20pressure,in%20fact%2C%20worsen%20the%20condition.

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here