သင့်ရဲ့နှာခေါင်း (၂) ပေါက်ဟာ လေကို ညီတူညီမျှ ရှူသွင်းနေတာ မဟုတ်ဘဲ တစ်ဖက်ဖက်က ပိုပြီး ရှူသွင်းရှူထုတ် လုပ်နေတယ်ဆိုတာ သိပါရဲ့လား။

(မယုံရင် နှာခေါင်းပေါက်တစ်ခုစီရှေ့ လက်ဖျားလေးနဲ့ အာရုံခံကြည့်လို့ ရပါတယ်)

ဘယ် (သို့) ညာ တစ်ဖက်က ပိုအလုပ်လုပ်နေပြီး ဒီလိုဖြစ်နေတာဟာ အမြဲတော့မဟုတ်ဘဲ နာရီပိုင်းအလိုက် သူတို့လည်း ဂျူတီချိန်းကြပါတယ်။ ဥပမာ – မနက်ခင်းမှာ ဘယ်ဖက်က ပိုရှူနေပေမယ့် ညနေခင်းကျ ညာဖက်က ပိုရှူတာမျိုးပေါ့။

ဒါကို Nasal Cycle လို့ ခေါ်ဆိုပါတယ်။

ဒီဖြစ်စဥ်ကို ယောဂ လေ့ကျင့်တဲ့ ရှေးခေတ်အိန္ဒိယလူမျိုးတွေက စတင်သတိထားမိပြီး သိပ္ပံပညာရှင်တွေကတော့ သီပေါမင်း ပါတော်မူပြီးခါစ ၁၈၉၅ ခုနှစ်မှာ စနစ်တကျ သုတေသနပြု လေ့လာနိုင်ခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ လူ (၁၀၀) မှာ (၈၀) လောက်ဟာ အခုလိုမျိုး ဘယ်ညာတစ်လှည့်စီ လေပိုရှူနေတဲ့ Nasal cycle ရှိတတ်ကြပြီး ဒါဟာ နှာခေါင်းအတွင်းက သွေးကြောလေးတွေ တစ်လှည့်စီ ကျဥ်းလိုက်ကျယ်လိုက် (ဖောင်းလိုက်ပိန်လိုက်) ဖြစ်နေတာကြောင့်ဆိုတာကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

အခုလို တစ်ဖက်နဲ့တစ်ဖက် လေဝင်လေထွက် မညီမျှခြင်းဟာ နှာခေါင်းကျန်းမာရေးအတွက် ကောင်းမွန်ပြီး….

– နှာခေါင်းတွင်း စိုစွတ်မှုကို ပိုမိုထိန်းသိမ်းပေးတယ်

– အနံ့ခံအာရုံကို ပိုမိုကျယ်ပြန့် ကောင်းမွန်စေတယ် ဆိုတာတွေကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ကဲ… ဒါကြောင့်

မယုံရင် ကိုယ့်နှာခေါင်းပေါက် တစ်ဖက်စီရှေ့ လက်ဖျားလေးနဲ့ မနက်၊ နေ့လည်၊ ည (၆ နာရီခြားတစ်ခါလောက်) အာရုံခံစားကြည့်ပေါ့နော်….

ထူးခြားပြောင်းလဲနေတာကို တွေ့ရှိလာပါလိမ့်မယ်။

ကိုယ်ကိုယ်တိုင် သတိမထားမိတဲ့ ခန္ဓာကိုယ်ရဲ့ ထူးခြားဖြစ်စဥ်လေး တစ်ခုပေါ့…။

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here