Antihistamine ဟာ နှာချေခြင်း၊ နှာရည်ယိုခြင်းနဲ့ ယားယံခြင်း စတဲ့ဓာတ်မတည့်တဲ့ လက္ခဏာတွေကို ကုသပေးတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။ အချို့သော antihistamines တွေကိုတော့ အိပ်ပျော်စေဖို့ကူညီပေးတာ၊ အအေးမိတုပ်ကွေးဖြစ်တာနဲ့ ကားမူးတာ/သင်္ဘောမူးတာ/လေယာဥ်မူးတာလိုမျိုး (motion sickness) တွေကို ကုသတဲ့အနေနဲ့လည်း အသုံးပြုပါတယ်။

လူသိများတဲ့ antihistamine တွေကတော့ ဘာမီတွန် (Chlorpheniramine)၊ စီထရင်း (Cetirizine)၊ လိုရာတဒင်း (Loratadine) စတာတွေဖြစ်ပါတယ်။

..

..

???? Antihistamine အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ?

Antihistamines တွေမှာ First generation (အိပ်ငိုက်စေတတ်) နဲ့ Second generation (အိပ်မငိုက်စေနိုင်) ဆိုပြီး အမျိုးအစား (၂) မျိုးရှိပါတယ်။ အလွန်အကျွံသောက်မိရင်တော့ ဒီဆေးအမျိုးအစား (၂) မျိုးဟာ မတူညီတဲ့တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

????First generation antihistamines တွေဟာ သွေးကနေတစ်ဆင့် ဦးနှောက်ထဲရောက်နိုင်ခြေ ပိုများတာကြောင့် သာမန်ဆေးပမာဏနဲ့တင် လူကို မူးဝေတာ/ ငိုက်မျဉ်းတာတွေ ဖြစ်စေနိုင်ပါတယ်။

????Second generation antihistamines တွေကတော့ ဆေးဝါးအသစ်တွေဖြစ်ပြီး အပေါ်ကအာနိသင်တွေ ဖြစ်နိုင်ခြေနည်းပါတယ်။

လိုအပ်တာထက်ပိုသောက်မိတဲ့အခါ First generation အုပ်စုဟာ Second generation အုပ်စုထက် ပိုဆိုးနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတတ်ပါတယ်။

.

???? First generation အုပ်စုထဲမှာပါတဲ့ အချို့ဆေးတွေကတော့

* diphenhydramine

* chlorpheniramine (Burmeton)

* brompheniramine

* clemastine

* doxylamine

* hydroxyzine

* promethazine

* triprolidine တို့ ဖြစ်ပြီး….

???? Second generation အုပ်စုထဲမှာ ပါတဲ့အသုံးများတဲ့ဆေးတွေကတော့

* cetirizine

* fexofenadine

* loratadine တို့ဖြစ်ပါတယ်။

..

..

???? Antihistamine ကို လိုအပ်တာထက်ပိုပြီး သောက်သုံးမိတတ်သလား ?

လူတိုင်းဟာ ဘယ် Antihistamine အမျိုးအစားဆေးကိုမဆို အလွန်အကျွံသောက်သုံးမိနိုင်ပါတယ်။

Antihistamine ဆေးတွေဟာ လူတစ်ယောက် ဘယ်လောက်သောက်သုံးရမယ်ဆိုပြီး သတ်မှတ်ချက်ရှိပါတယ်။ ဒီသတ်မှတ်ချက်ဟာ အောက်ပါအချက်တွေပေါ်မူတည်ပါသေးတယ်…

* သောက်သုံးသူရဲ့ အသက်နဲ့ ခန္ဓာကိုယ်အရွယ်အစား

* သောက်သုံးရမယ့် antihistamine အမျိုးအစား

* သောက်သုံးသူရဲ့ ကျန်းမာရေးအခြေအနေနဲ့

* အခြားသောက်သုံးနေတဲ့ ဆေးဝါးတွေ…စတာတွေပဲ ဖြစ်ပါတယ်။

.

ကျန်းမာတဲ့အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ antihistamine တစ်လုံးအစား နှစ်လုံးလောက်သောက်မိတာမျိုးမှာ ဘာလက္ခဏာမှ မခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်…. ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့သူတွေမှာတော့ ပုံမှန်ထက် နည်းနည်းပိုများတဲ့ပမာဏကို သောက်သုံးမိရုံလောက်နဲ့ပဲ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ယေဘုယျအားဖြင့် လူတစ်ဦးဟာ ပုံမှန်ပမာဏထက် (၃) ဆမှ (၄) ဆအထိ သောက်သုံးမိတဲ့အခါ အဆိပ်သင့်စေနိုင်တဲ့ပမာဏ ဖြစ်သွားပါတယ်။ ဒါပေမယ့့် ဘယ်လောက်ပမာဏပဲ ပိုသောက်မိသောက်မိ ဆရာဝန်နဲ့ကတော့ ပြသသင့်ပါတယ်။

..

..

First generation antihistamine တွေဟာ ဆိုးရွားပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေဖြစ်စေနိုင်ပြီး၊ ဒီအုပ်စုတွေဟာ ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်မှုများစွာရှိနိုင်တယ်လို့ သုတေသနများက ဆိုပါတယ်။ ဒီဆေးတွေဟာ ကတုန်ကယင်ဖြစ်တာ၊ အိပ်ငိုက်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။

Second generation Antihistamine အုပ်စုတွေမှာတော့ ဒီလိုလက္ခဏာတွေ မရှိတတ်ပါဘူး။

..

..

???? Antihistamine တွေ အလွန်အကျွံသောက်မိတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ?

ကလေးငယ်တွေမှာဆိုရင်…

* စိတ်လှုပ်ရှားတာ၊ အထိတ်တလန့်ဖြစ်တာ

* နှလုံးခုန်နှုန်းမြန်တာ

* နေမထိထိုင်မသာဖြစ်တာ

* ထင်ယောင်ထင်မှားဖြစ်တာ

* တက်တာ

* မူးဝေတာ

* အသက်ရှူနှုန်းနှေးလာတာနဲ့

* သတိလစ်မေ့မြောတာတွေ ခံစားရနိုင်ပါတယ်။

.

အရွယ်ရောက်ပြီးသူတွေမှာတော့…

* အပူချိန်တက်တာ

* အသားတွေနီလာတာ

* မျက်လုံးသူငယ်အိမ် ကျယ်လာတာ

* နှလုံးခုန်နှုန်းမြန်လာတာ

* သွေးပေါင်ချိန်ကျတာ

* သတိလစ်မေ့မြောတာ

* ဆီးသွားတဲ့အခါ ဆီးကျန်တာ စတာတွေ ခံစားရနိုင်ပါတယ်။

Second generation antihistamine တွေကို လိုတာထက်ပိုသောက်မိတဲ့အခါ ခံစားရတဲ့လက္ခဏာတွေက ပိုပြီးပျော့တတ်ပါတယ်။

???? Antihistamine အလွန်အကျွံသောက်မိတဲ့အခါ ဘယ်လိုရောဂါရှာဖွေကြမလဲ ?

အရင်ဆုံး လူနာမှာ အခြားသောက်သုံးထားတဲ့ဆေးတွေရှိ/မရှိ အရင်စစ်ဆေးရပါမယ်။ ဘာကြောင့်လဲဆိုရင် အအေးမိတုပ်ကွေးဆေးတွေနဲ့ အချို့အိပ်ဆေးတွေမှာ antihistamine ပါတတ်လို့ ဖြစ်ပါတယ်။ အခြားသော စိတ်ဓာတ်ကျရောဂါအတွက် သောက်ရတဲ့ဆေးနဲ့ လှုပ်ရှားတဲ့အခါ မူးဝေတဲ့ရောဂါအတွက် သောက်ရတဲ့ဆေးတွေကို antihistamine ဆေးတွေနဲ့ တွဲသောက်မိတဲ့အခါမှာလည်း overdose ဖြစ်နိုင်ပါတယ်။

အကယ်၍ သောက်သုံးမိတဲ့ antihistamine ပမာဏကို မသိရင် ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ မူးဝေတာ၊ နေမထိထိုင်မသာဖြစ်တာ၊ အမြင်မှုန်ဝါးတာ (ဒါမှမဟုတ်) တက်တာ စတဲ့လက္ခဏာတွေကို ရှာဖွေပါလိမ့်မယ်။ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနဲ့ သွေးပေါင်ချိန်တွေကိုလည်း စစ်ဆေးနိုင်ပါတယ်။

သွေးစစ်တာနဲ့ ဆေးရုံမှာ နောက်ထပ် တချို့သောစစ်ဆေးမှုတွေ ပြုလုပ်တာလည်း လိုအပ်နိုင်ပါတယ်။

ဒါ့ကြောင့် antihistamines ဆေးတွေသောက်တဲ့အခါမှာ ဆေးအညွှန်းအတိုင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာလိုက်နာသောက်သုံးဖို့လိုပါတယ်။ ဆေးဝါးတွေကိုလည်း ကလေးတွေလက်လှမ်းမမီနိုင်တဲ့နေရာမှာ ထားသင့်ပါတယ်။

အကယ်၍ antihistamine ကို အလွန်အကျွံသောက်သုံးမိရင် ဖြေဆေးမရှိတာကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာတွေကိုပဲ စောင့်ကြည့်ကုသရတာမို့ နီးစပ်ရာဆေးရုံ (ဒါမှမဟုတ်) ဆေးခန်းသို့သွားပြီး ဆရာဝန်နဲ့ချက်ချင်း တိုင်ပင်ပြသ ကုသသင့်ပါတယ်။

Reference ????:

https://www.medicalnewstoday.com/…/antihistamine…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here