???? ရာသီဥတုက တအားပူတယ်။ ချွေးထွက်များရင် ဓာတ်ဆားရည် ပြန်‌သောက်နော်…

????️ ၀မ်းလျှောနေလို့ လူလည်း မျော့နေပြီ။ မအန်ဘူးမလား…..မအန်ရင် ၀မ်းလျှောသလောက် နောက်က ဓာတ်ဆားပြန်လိုက်သောက်လေ…

ဓာတ်ဆား… ဓာတ်ဆား..ဓာတ်ဆား.

– ဓာတ်ဆားက ခုညဘက်ကြီး ၀ယ်လို့မလွယ်ဘူး… ????

– တစ်ယောက်တည်းနေတာ သွား၀ယ်ပေးမယ့်သူမရှိဘူး …????

– တောထဲ ဓာတ်ဆားရဖို့မလွယ်ဘူး…????

– နယ်က ဆေး၀ယ်ဖို့ခက်နေတယ်…????

– ပိုက်ဆံမရှိဘူး…????

ဒီလို အရေးကြီး ဓာတ်ဆားကို ကိုယ့်အိမ်မှာကိုယ် အလွယ်တကူဖျော်စပ်နိုင်ဖို့ နည်းလမ်းလေး မျှဝေပေးပါ့မယ်။ ခုချိန်ခါမှာလည်း နေပူလို့၊ ၀မ်းပျက်၀မ်းလျှောလို့ ဓာတ်ဆားလိုအပ်ချက်တွေလည်း များနေမှာပဲ။

????ကဲ….ဒါကြောင့် အိမ်မှာ ဘယ်လိုလေးဖျော်ကြမလဲ

ကြည့်ရအောင်နော်…

..

..

???? အိမ်တွင်း အလွယ်တကူ ဓာတ်ဆားဖျော်နည်းကတော့ … …

????သကြား – လက်ဖက်စားဇွန်း ၆ ဇွန်း

????ဆား – လက်ဖက်စားဇွန်း တစ်၀က်

????ရေကျက်အေး တစ်လီတာ (ရေသန့်တစ်လီတာဘူးစာ) နဲ့ ဖျော်စပ်ပြီး ပုံမှန် ဓာတ်ဆားတစ်ထုပ်ဖျော်စာအတိုင်း သောက်သုံးနိုင်ပါတယ်။

အရသာလေးပါချင်ရင် သံပုရာသီး (သို့) လိမ္မော်သီး အရည်ညှစ်ထည့်လို့ရပါတယ်။

..

..

အထူးမှာကြားချက်…

???? ကလေးအတွက်ဆို ဝမ်းလျှောတာအတွက်ပဲ အသုံးပြုပေးပါ။

????ဆားပမာဏကိုလည်း လက်ဖက်စားဇွန်း တစ်ဝက်ထက် လုံးဝ မများပါစေနဲ့။ ဆားပမာဏ များသွားရင် ကလေးအတွက် အန္တရာယ်ရှိပါတယ်။

.

????️‍♂️ အားကစားသမားအတွက်ဆို ချွေးထွက်များခြင်းအတွက်

????သကြား – လက်ဖက်စားဇွန်း ၁၀ ဇွန်း

????ဆား – လက်ဖက်စားဇွန်းတစ်ဝက် ….. ပြောင်းလဲ ဖော်စပ် သောက်သုံးနိုင်ပါတယ်။

..

..

???? သောက်ပုံသောက်နည်းကတော့…

???? ချွေးထွက်များတဲ့သူတွေအဖို့ကတော့ ချွေးထွက်သလောက် နောက်ကလိုက်သောက်ပေါ့။

???? ၀မ်းလျှောတဲ့သူတွေအတွက်ကတော့…

????‍???? လူကြီးဆိုရင် ၀မ်းတစ်ခါလျှောတိုင်း တစ်ဖန်ခွက် (သို့) ဖန်ခွက်တစ်၀က် ပြန်သောက်ပါ။

???? (၂) နှစ်အောက်ကလေးဆိုရင်တော့ ဖန်ခွက်ရဲ့ လေးပုံတစ်ပုံ (သို့) တစ်၀က်ကို ၀မ်းတစ်ခါသွားတိုင်းတိုက်ပါ။ တစ်မိနစ် တစ်ဇွန်းစနှစ်ဇွန်းစ ခွဲတိုက်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

????အန်ရင် (၅-၁၀) မိနစ်လောက်နားပြီးမှ ပြန်တိုက်ပါ။

ဒီလောက်ဆိုရင်တော့ အိမ်မှာ ဓာတ်ဆားဖျော်နည်းနဲ့ အသုံးပြုနည်းကို အကြမ်းဖျဥ်း နားလည်သဘောပေါက်ကြပြီလို့ ယူဆပါတယ် ????

Reference ????

https://rethinksurvival.com/oral-rehydration-solution/….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here