” ဒေါက်​တာလီယိုနှင့် ဘုရားပေးတဲ့ဆေး “

​ဆေးခန်းအတွင်း တိတ်ဆိတ်ခြင်းကို လူတစ်စုက ဖြိုခွင်းလိုက်သည်။

“ ကယ်ပါဦး ဆရာ။ အ​ဖေ မူးလဲ သွားလို့ပါ။”

ဝင်လာသူများကို ကြည့်ရသည်မှာ ထူးခြား​နေသည်။ ချိတ်ထမီဝတ်ကာ မိတ်ကပ်အ​ဖွေးသားနှင့် အမျိုးသမီးက နှစ်​ယောက်။ ပိုးပုဆိုးဝတ်ကာ စတစ်​ကော်လာအင်္ကျီနှင့် အမျိုးသားက သုံး​ယောက်။ သူတို့ မျက်ဝန်းတွေမှာလည်း စိုးရိမ်မှု​တွေ အပြည့်။

လူနာကို ခုတင်​ပေါ် တင်ပြီး​နောက် ​ဘာမှ ​မေးမ​နေဘဲသွေး​ပေါင်ချိန်တိုင်း၊ ဆီးချို​ဖောက်လိုက်သည်။

​သွေး​ပေါင်ချိန် 100/70 mmHg

​သွေးတွင်းသကြားဓာတ် 50 mg/dl

50 % Glucose ၂လုံး ချက်ချင်းထိုးလိုက်သည်။

လူနာ သတိပြန်လည်လာသည်။

..

..

xxxxxxxxxxxxxxxxxxxxxxxxx

ယခုဖြစ်ပျက်ပုံက သည်လို။

“ လူနာက အလှူလုပ်မယ်၊ ဒုလ္လဘဝတ်မယ် ဆို​တော့ စိတ်​တွေလှုပ်ရှား၊ ည အိပ်မ​ပျော်၊ အစားကလည်း နည်းတဲ့သူဆို​တော့ ဘာမှလည်း မစားဖြစ်။ ဒီလိုနဲ့ မနက်ခင်း ဘုန်းကြီး တရား​ဟောတဲ့အချိန်ကျ လူရှုပ်ရှုပ်နဲ့ မွမ်းကြပ်ပြီး မူးလဲ​တော့တာပဲ။”

နဂို​ရောဂါအ​နေနှင့် ထူးထူးခြားခြား မရှိပါ။

Hypoglycaemia ​ခေါ် ​သွေးတွင်းသကြားဓာတ်နည်းခြင်းဆိုသည်မှာ ​ဆေးခန်းသို့၊ ​ဆေးရုံသို့ အ​ရေး​ပေါ်အ​ခြေအ​နေဖြင့် ​ရောက်လာတတ်​သော အ​ခြေအ​နေတစ်ခုဖြစ်သည်။ ထမင်းမစားဘဲ အရက်ချည်းပဲ ​သောက်​လေ့ရှိ​သော ရှက်ကီဘဲများ၊ ​ကျောင်းစာကို အာရုံစိုက်လွန်းကာ အစားမမှန်​သော ​ကျောင်းသူ​လေးများ၊ ငှက်ဖျား​ရောဂါ​ကြောင့် အဖျားတက်တတ်သူများ စ​​သောသူများတွင် အဖြစ်များသည်။ ​

သွေးတွင်းသကြားဓာတ်နည်းခြင်းဟု သတ်မှတ်ရန် RBS (​သွေးတွင်းသကြားဓါတ်) 4mmol/l or 70mg/dl ယူနစ်​နှင့် ​အောက်သို့ ​ရောက်​နေရမည်။

ပုံမှန်အားဖြင့် ဆီးချိုရှိ​နေသူများသည် ​သွေးတွင်းသကြားဓာတ် မြင့်မား​နေ​လေ့ရှိ​သော်လည်း ဆီးချို​ဆေးများ ​သောက်သုံးပြီး အစာမစားဖြစ်လျှင် ဆီးချိုကျတတ်သည်။ ထိုသို့မဖြစ်ရန် သကြားလုံး (သို့မဟုတ်) ချို​သော စားစရာတစ်ခုစားရန် ​ဆောင်ထားသင့်​ပေသည်။

အခုကိစ္စမှာလည်း လူနာမှာ အသက်အရွယ်ကြီးရင့်သည့်အပြင် အစားမဝင်၊ အိပ်ရေးပျက်နှင့် စိတ်ဖိစီးမှု များသွားတာကြောင့်လည်း ပါမည်ထင်သည်…

“ ​ကျေးဇူးတင်လိုက်တာ ဆရာရယ်။ အ​ဖေကို ​သေ​တော့မယ် ထင်​နေတာ။ ​ကျေးဇူးပါ ဆရာရယ်”

​ဒေါက်တာလီယိုလည်း လူနာ​ပေး​သော ပီတိများဖြင့် ​ပျော်​နေသည်။

“ ဆရာ့ ​ဆေးကလည်း စွမ်းလိုက်တာဗျာ။”

“ ဟုတ်တယ်ဗျ။ စွမ်းဆို​ ဘုရား​ပေးတဲ့ ဆေး၊ သိကြား​ဆေး​လေဗျာ။ သကြားဓာတ်ကျ​နေလို့ သကြား​ရည် Glucose ထိုး​ပေးလိုက်တာပါပဲဗျာ။”

Dr လီယိုနယ်လင်းထက်

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here