“ ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်”
ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နဲ့ စီးကရက်အမျိုးမျိုး သောက်သုံးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း စတဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်ကိုယ် ထိခိုက်ရုံသာမက မိမိပတ်ဝန်းကျင်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိတဲ့ လူထုကိုပါ ထိခိုက်စေနိုင်ပါတယ်။
အထူးသဖြင့် ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေ အနီးအနား ဆေးလိပ်သောက်ခြင်းဟာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ပါတယ်။
ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ “ ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်” ကို ဖန်တီးနိုင်ဖို့အတွက် လိုက်နာ/ရှောင်ကြဥ်ရမယ့်အချက်တွေကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်…????
(ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်)
(ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… ????)
Ministry of Health,
National Unity Government.