အရောင်ခွဲခြားမြင်နိုင်စွမ်းမဲ့ရောဂါ Color Blindness

လူအများ ကြားဖူးနားဝရှိကြတဲ့ Color Blindness ဆိုတာ ဘယ်လိုမျက်စိရောဂါမျိုးလဲ ဒီကနေ့မှာ တင်ဆက်ပေးလိုက်ပါတယ်။

????️ Color Blindness ဆိုတာ အရောင်တွေကို ခွဲခြားဖို့ခက်ခဲတဲ့ မျက်စိရောဂါတစ်ခုပါ။ ဒါဟာ မျိုးရိုးလိုက်တတ်ပြီး၊ အရောင်တွေကို ခွဲခြားဖို့ခက်ခဲလို့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ကြီးကြီးမားမား ထိခိုက်စေတာတော့ မရှိပါဘူးတဲ့။

????️ အရောင်တွေကို ခွဲဖို့ခက်တယ်ဆိုရာမှာ

????အနီရောင်နဲ့ အစိမ်းရောင် မကွဲတဲ့ Red-Green Color Blindness

????အပြာရောင်နဲ့ အဝါရောင် မကွဲတဲ့ Blue-Yellow Color Blindness

????အရောင်တွေကို မြင်နိုင်စွမ်းမရှိဘဲ အဖြူ၊ အမည်းသာ မြင်ရတဲ့ အလွန်ရှားပါးတဲ့ Total Color Blindness ဆိုပြီး အမျိုးအစားတွေ အများအပြား ရှိပါသေးတယ်။

????️ Color Blindness ရဲ့ လက္ခဏာရပ်တွေ….

????အရောင်တွေကို အများပုံမှန်မြင်သလို မဟုတ်ဘဲ တမူကွဲလွဲမြင်တာ…

????အရောင်တွေကို ခွဲခြားပြောဆိုဖို့ ခက်တာ။ ဥပမာ – အနီနဲ့ အစိမ်း မကွဲတာ၊ အပြာနဲ့ အဝါ မကွဲတာ…

????အရောင်တွေရဲ့ အလင်းအမှောင်၊ အနုအရင့်ကိုလည်း ကြည့်ရခက်တာ… စတာတွေဖြစ်တတ်ပါတယ်။

လက္ခဏာတွေဟာ အများအားဖြင့် အပျော့စား လက္ခဏာတွေသာ ဖြစ်လေ့ရှိပြီး၊ အချို့သော Color Blindness ရှိသူတွေဟာ ကိုယ်တိုင် ရှိနေမှန်းတောင် မသိကြပါဘူးတဲ့။

ပိုဆိုးတဲ့အခြေအနေတွေမှာတော့ အလင်းကို မခံနိုင်တာ (Light Sensitivity) ၊ Nystagmus လို့ဆိုတဲ့ မျက်စိရောဂါတွေဖြစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

????️ ဘယ်သူတွေမှာ Color Blindness ပိုအဖြစ်များသလဲ ?

????အမျိုးသားတွေဟာ အမျိုးသမီးတွေထက် Colour Blindness ဖြစ်ဖို့ ရာခိုင်နှုန်းပိုတယ် ဆိုပါတယ်။

????နောက်ပြီး အာရှနဲ့ ဥရောပသား လူဖြူတွေမှာ ပိုပြီး အဖြစ်များပါတယ်။

????မျိုးရိုးလည်း လိုက်တတ်ပါတယ်။

???? သင့် ကလေးငယ်ဟာ…

????အရောင်တွေကို သင်ယူရခက်ခဲတဲ့အခါ

????အတန်းရှေ့က သင်ပုန်းကို ကောင်းစွာမမြင်ရတဲ့အခါ

????မီးပွိုင့် ဝါ၊ စိမ်း၊ နီ အချက်ပြမီးတွေကို မခွဲခြားနိုင်တဲ့အခါ…..ဒါတွေဟာ Color Blindness ဖြစ်နိုင်ခြေရှိတာမို့ မျက်စိဆရာဝန်နဲ့ ပြသစစ်ဆေးမှု ခံယူရပါမယ်။

အချို့သူတွေဟာ Color Blindness မွေးရာပါ ပါလာခဲ့ပေမယ့် အရွယ်ရောက်ခါမှ လက္ခဏာပြတတ်ပါတယ်တဲ့။

Color Blindness ဟာ အသက်ကြီးလေ ပိုလို့ လက္ခဏာဆိုးလာတတ်လေ ဖြစ်ပါတယ်တဲ့။

..

..

????️ Color Blindness ရှိမှန်း ဘယ်လိုသိနိုင်သလဲ ?

စက်ဝိုင်းပုံလေးတွေထဲ အရောင်တွေနဲ့ ပြုလုပ်ထားတဲ့ နံပါတ်တွေ၊ စာလုံးတွေ၊ ပုံသဏ္ဍာန်တွေ အမျိုးမျိုးထည့်ပြီး ဆွဲထားတဲ့ Chart လေးတွေကို မျက်စိစမ်းသပ်ခံသူက ဘာပုံ၊ ဘာနံပါတ်၊ ဘာစာလုံး ဆိုတာကို မှန်ကန်အောင် ပြောပြပေးရတာမျိုးပါ။ Color Blindness မရှိတဲ့ ပုံမှန်လူတွေက အလွယ်တကူ ခွဲခြားပြောဆိုနိုင်ပြီး၊ ရှိသူတွေအတွက်တော့ ခက်ခဲပြီး မခွဲခြားနိုင်ဘူး ဖြစ်နေပါမယ်။

????️ Color Blindness ကို ဘယ်လိုကုသမလဲ ?

ပျောက်ကင်းအောင် ကုသမှုမပြုနိုင်ပေမယ့် Color Blindness ဟာ အများအားဖြင့် နေ့စဥ်လုပ်ငန်းဆောင်တာတွေအပေါ် ကြီးကြီးမားမား သက်ရောက်ထိခိုက်စေတာ မရှိစေဘဲ Color Blindness နဲ့ ဘဝကို လိုက်လျောညီထွေ အဆင်ပြေအောင်နေထိုင်နိုင်ဖို့ နည်းလမ်းတွေအများအပြားရှိပါတယ်။

????အရောင်တွေကို ခွဲခြားသိရှိဖို့ အခြားသူတွေဆီက မေးမြန်း အကူအညီရယူပါ။

????Color Blindness ရှိတဲ့ ကလေးငယ်တွေအတွက် အရောင်တွေကိုခွဲခြားနိုင်ဖို့ စာသင်ခန်းတွင်း သူငယ်ချင်း၊ ဆရာမိဘတွေရဲ့အကူအညီ လိုအပ်ပါတယ်။

????လိုအပ်ရင် အထူးပြုလုပ်ဖန်တီးထားတဲ့ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေ အသုံးပြုနိုင်ပါတယ်။

????အရောင်တွေရဲ့ အစီအစဥ်ကို မှတ်သားထားပါ။

ဥပမာ- မီးပွိုင့်က အရောင်တွေကို ဝါ၊ စိမ်း၊ နီလို့ အစီအစဥ် မှတ်သားထားလိုက်ရင် မီးပွိုင့်ရဲ့ ဘယ်နေရာက အချက်ပြမီးဟာ ဘာအရောင်လဲဆိုတာကို ခန့်မှန်းသိရှိနိုင်ပါတယ်။

????Color Blindness ရှိသူတွေအတွက် နည်းပညာကလည်း အတော့်ကိုအကူအညီပေးတယ်။ (ဥပမာ- Visual Aid App)

စိတ်မကောင်းစရာတစ်ခုကတော့ Color Blindness ရှိသူတွေကို လေယာဥ်ပိုင်းလော့အလုပ်အပါအဝင် အချို့သောအလုပ်ခွင်တွေက လက်မခံပါဘူးတဲ့ခင်ဗျာ။

????References :

????National Eye Institute: Color Blindness

????John’s Murtagh’s Patient Education: Sixth Edition : pg 166 : Color Blindness

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...