အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းနည်း (၁၀)ချက်

0
336

” အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းလမ်း (၁၀) ခု “

ဘယ်လောက်ပဲ စိတ်ရောလူပါ ကျန်းမာတဲ့လူတစ်ယောက်ဖြစ်နေပါစေ…လူ့ဘဝသက်တမ်းတစ်လျှောက်မှာ အခက်အခဲအကျပ်အတည်းကာလ (သို့) ကပ်ဆိုက်ခြင်းတစ်ခုခုကို ရင်ဆိုင်ကြုံတွေ့ရနိုင်ခြေ ရှိပါတယ်

.

❓ဘယ်အရာတွေကြောင့် ဖြစ်စေတာလဲ

– တဖြည်းဖြည်းစုပုံပြီး များလာ​​တဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်သလို

– မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်

( ဥပမာ : ရာဇဝတ်မှုတစ်ခုရဲ့ သားကောင်ဖြစ်လာခြင်း ၊ ကိုယ့်အတွက် အဖိုးတန်တဲ့တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရလို့ ပူဆွေးခြင်း )

.

????ပုံမှန်တုံ့ပြန်မှုတွေအနေနဲ့

• သဘာဝအလျောက် တုန်လှုပ်ခြင်းကို ခံစားရမယ်

• မယုံကြည်နိုင်ခြင်းနဲ့အတူ အရင်ဖြစ်လေ့မရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေ ဖြစ်လာပါလိမ့်မယ်

.

❓ဘယ်လိုမျိုးတွေ တုံ့ပြန်လေ့ရှိတတ်လဲ

– ကြောက်လန့်ခြင်း

– အကူအညီမဲ့နေခြင်း

– ဝမ်းနည်းခြင်း

– ဒေါသထွက်ခြင်း

– ရှက်ရွံ့ခြင်း

– လိပ်ပြာမလုံခြင်း

– ခံပြင်းခြင်း

– အလွန်စိတ်ပျက်ခြင်း

– “ ဘာကြောင့် ငါ့ကျမှ” ဒီလိုဖြစ်ရတာလဲဆိုတဲ့ ခံစားချက်မျိုး….စတာတွေ ဖြစ်လာပါလိမ့်မယ်

ဒီခံစားချက်တွေဟာ တစ်ကြိမ်ကို မိနစ်အနည်းငယ်သာ ကြာတတ်ပါတယ်

ဒါတွေအားလုံးက အကျပ်အတည်းတစ်ခုအတွက် ပုံမှန်တုံ့ပြန်မှုများသာဖြစ်ပြီး ဒါပြီးရင်တော့ Recovery (​ပြန်လည်ထူထောင်ရေး) အဆင့်ကို ဆက်သွားပါတယ်။

..

..

????Recovery ပြန်လည်ထူထောင်ရေးဆိုတာ….

အခုချိန်မှာ မတွေးထားပေမယ့်…အကျပ်အတည်းတစ်ခုခုကြုံအပြီးမှာ သင်ဟာ လောကကိုရင်ဆိုင်ဖို့ သင်ယူရပါလိမ့်မယ်။

သဘာဝတရားကြီးက အချိန်မီ ကုစားပေးပါတယ်

လူ့ခန္ဓာကိုယ်ဟာ အလွန်အမင်းစိတ်ဖိစီးမှုဒဏ်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ထူးထူးခြားခြား ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပါတယ်

ဒါပေမယ့် အချိန်တော့ ယူရပါတယ်

ကိုယ့်ရဲ့ကံဆိုးမိုးမှောင်ကျခြင်းကို အချိန်ကမကုစားနိုင်သေးတဲ့ ကြားကာလမှာ ကိုယ့်အကျိုးအတွက်ရော ကိုယ့်အပေါ်အားကိုးနေတဲ့ ချစ်ရတဲ့သူတွေအတွက်ပါ ပြိုလဲမသွားဖို့ အရေးကြီးပါတယ်

” ဥမင်လိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင် ရှိစမြဲပါ ❤️ “

✔️ ရင်ဆိုင်ဖြေရှင်းနိုင်ရန် အချက် (၁၀) ချက်

(၁) ခံစားချက်တွေကို ဖော်ပြပေးပါ ။

– တုံ့ပြန်မှုတွေက ပုံမှန်ပဲဆိုတာ လက်ခံလိုက်ပါ

– ငိုချလိုက်ပါ ၊ အော်ဟစ်လိုက်ပါ

– ခံစားချက်တွေကို ဖုံးဖိမထားပါနဲ့

.

.

(၂) သူငယ်ချင်းတွေနဲ့ စကားပြောပါ ။

– သူတို့ဆီက အကြံဉာဏ်ယူပါ

– သူတို့ပြောတာ နားထောင်ပါ

– ဖြစ်ခဲ့တာကို ပြောပြဖို့ ရှောင်မနေပါနဲ့

.

.

(၃) ပစ္စုပ္ပန်တည့်တည့်မှာ နေပါ ။

– အတိတ်နဲ့ ကံကြမ္မာဆိုးကို တနုံ့နုံ့ ပြန်မတွေးပါနဲ့တော့

– လက်ရှိပစ္စုပ္ပန်နဲ့ အနာဂတ်ကို အကောင်းမြင်နည်းဖြင့် အာရုံစိုက်ပါ

.

.

(၄) ပြဿနာတွေကို တစ်ကြိမ်ကို တစ်ခုစီပဲတွေးပါ ။

– စိတ်ထဲမှာ ပြဿနာပေါင်းစုံကို တစ်ခါတည်းတွေးဖို့ ခွင့်မပြုပါနဲ့

– ကျွန်တော်တို့ဟာ တစ်ကြိမ်မှာ ပြဿနာတစ်ခုကိုပဲ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်

.

.

(၅) ပြဿနာတစ်ခုကို ​သေချာစွာနဲ့ ချက်ချင်းဖြေရှင်းပါ

– ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတွေ့တာနဲ့ ချက်ချင်းဆက်လုပ်ပါ

– အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက် (Positive action)ကို လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဘဝကိုရှေ့ဆက်လျှောက်စေနိုင်မယ့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်

.

.

(၆) ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး သိမ်းပိုက်ပါ

– Social Activity တစ်ခုခု ( ဥပမာ အားကစား ၊ ပြဇာတ်ရုံ ၊ ကတ်​ကစားခြင်း၊ အဖွဲ့လိုက်ဆွေးနွေးပွဲများ ၊ အသင်းအဖွဲ့လိုက် လှုပ်ရှားမှုများ )မှာ ပါဝင်လုပ်ဆောင်ပါ။ တစ်ယောက်တည်း ထိုင်နေခြင်းထက် ပိုကောင်းပါတယ်

– နားလည်မှုရှိတဲ့ သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ဆီ အားလပ်ရက်လည်ပတ်ခြင်းကလည်း အကျိုးများပါတယ်

– ဘာသာရေးကိုင်းရှိုင်းသူများဆိုလည်း အခု​လိုအချိန်မှာ ယုံကြည်ခြင်းနဲ့ ဆုတောင်းခြင်းကတစ်ဆင့့် တစ်သက်တာရဲ့ ကြီးမားတဲ့ခွန်အားအရင်းအမြစ်ကို ရှာဖွေပါ

.

.

(၇) တခြားသူများကို အငြိုးထားပြီး အပြစ်မတင်ပါနဲ့

– ဒါက မလွယ်ကူပေမယ့် ရန်လိုခြင်းကို ရှောင်ရပါမယ်

– ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်မိသားစု အထူးသဖြင့် ကိုယ့် ဇနီး/ခင်ပွန်း အပေါ်မှာ ဒေါသမထွက်ပါနဲ့

.

.

(၈) ကိုယ်လက်လှုပ်ရှားမှုအတွက် နေ့တိုင်းအချိန်ပေးပါ

– လမ်းလျှောက်ခြင်း၊ ရေကူးခြင်း ဒါမှမဟုတ် လွယ်ကူတဲ့ လုပ်ရိုးလုပ်စဥ်လေ့ကျင့်ခန်း တစ်ခုခုကို လုပ်ပါ

.

.

(၉) နေ့စဥ်လုပ်ငန်းတွေထဲမှာ တတ်နိုင်သလောက် နှစ်မြုပ်ထားပါ

– အကျပ်အတည်းကာလတွေမှာ စားနေကျပုံမှန်အစားအစာများစားခြင်းနဲ့ လုပ်နေကျ အိမ်မှုဝေယျာဝစ္စတွေလုပ်ခြင်းက စည်းစနစ်ကျမှုနဲ့ လုံခြုံမှုကိုပေးစွမ်းနိုင်ပါတယ်

– ပြဿနာတွေကို အိပ်ရာထဲထိယူလာခြင်းက အိပ်မပျော်ညများကိုဖြစ်စေလို့ ရှောင်ကြဉ်ပါ

– ၈နာရီကျော်ရင် မီးမှိတ်ပြီး အိပ်ဖို့ကြိုးစားပါ

– အိပ်မပျော်တဲ့ အချို့ညဆိုး​တွေမှာ အိပ်ဆေးသောက်အိပ်ပါ (ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသောက်ပါ)

.

.

(၁၀) အကူအညီလိုအပ်ရင် မိသားစုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ

– စိတ်ဖိစီးမှုတွေနဲ့ အကျပ်အတည်းပြဿနာတွေဆိုတာ လူနာတွေမှာ အဖြစ်အများဆုံးဖြစ်တာကြောင့် ဆရာဝန်က သင့်ပြဿနာကို ရှင်းရှင်းလင်းလင်း နားလည်ပါလိမ့်မယ်

-အချိန်မနှောင်းမီ စောနိုင်သမျှ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ

– သင့်အကျပ်အတည်းကို ကူညီ​ဖြေရှင်းပေမယ့် လူမှုအဖွဲ့အစည်းများစွာ ရှိပါတယ်

(ဥပမာ NUG ဝန်ကြီးဌာနများ၊ တယ်လီကျန်းမာ)

– ဒီအချိန်မှာ ယာဥ်မတော်တဆမှုတွေ ပို​အဖြစ်များတတ်တဲ့အတွက် ကားကို ဂရုတစိုက်မောင်းနှင်ပါ

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.248

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here