ပြီးခဲ့တဲ့အပတ်က အစာပိုက်အတွက် အခြေခံလေးတွေ တင်ခဲ့တာ ဖတ်ပြီးကြပြီလားဗျို့…..??? ????

ဒီနေ့ကတော့ သူ့ရဲ့အဆက်ဆိုလည်းဟုတ် ၊ အာဟာရအမှုန့်တွေအကြောင်းဆိုလည်း ဟုတ်….ဗဟုသုတတွေရမယ့်ပိုစ့်လေးမို့ ကျန်းမာရေးဝန်ထမ်းတွေလည်း ဖတ်ထားသင့်တာလေးပါနော့

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးက ရေးသားပေးထားပါတယ်…ဖတ်ကြည့်ရအောင်ပါ

????????????

အစာပိုက်ထဲ ထည့်တဲ့အခါ အာဟာရမှုန့်နဲ့ အသင့်ဖျော်ပြီးသားအာဟာရအရည်တွေဟာ လွယ်ကူပြီးသန့်ရှင်းတဲ့အပြင် ကယ်လိုရီနဲ့ အသားဓာတ်ပါ၀င်မှု တိကျတဲ့အတွက် အာဟာရချို့တဲ့မှု ဖြစ်နိုင်ခြေနည်းပါတယ်။

ဘယ်လို အာဟာရမှုန့်ကို ၀ယ်သင့်တယ် ၊ ဘယ်အမှုန့်က ဘယ်လူနာနဲ့သင့်တော်တယ်ဆိုတာကို မြန်မာပြည်စျေးကွက်အခြေအနေအရ ၀ယ်ယူရရှိနိုင်တာကို တင်ပြထားပါတယ်။

..

အာဟာရမှုန့်တွေကို ဘယ်လိုလူတွေသောက်လို့ရလဲ ?

အူလမ်းကြောင်းကောင်းကောင်းအလုပ်လုပ်တဲ့လူတိုင်း သောက်လို့ရပါတယ်

ကလေးတွေဆိုလည်း ကလေးအတွက်ထုတ်ထားတာမျိုး ရွေးသောက်လို့ရပါတယ်

( ဥပမာ – Ensure မရပါ၊ PEDISURE ရပါတယ် )

..

အာဟာရမှုန့်နဲ့ အသင့်ဖျော်ပြီးသားအာဟာရအရည်တွေကို ဘယ်လိုအချိန်မှာ ဆရာ၀န်တွေ ညွှန်လေ့ရှိလဲ ?

လူကြီးတွေမှာ အစားနည်းတဲ့လူနာတွေ ၊ တစ်နေ့တာ လိုအပ်တဲ့အာဟာရပမာဏကို လုံလောက်စွာမစားနိုင်သူတွေမှာ ပေးလေ့ရှိပါတယ်။

ဖျားနာနေမကောင်းဖြစ်ပြီး အစား၀င်တာနည်းနေသူတွေ – ပုံမှန်တစ်နေ့စားနိုင်တာထက် ၅၀% လောက်ပဲအစား၀င်တာဆို ဖြည့်စွက်စာအနေနဲ့ တစ်နေ့ တစ်ခွက်မှ နှစ်ခွက်သောက်ရင် အားရှိကာ မြန်မြန်နာလန်ထစေနိုင်ပါတယ်။

နာလန်ထစ လူနာတွေမှာလည်း အားမရှိသလို နုံးသလိုဖြစ်နေတာမျိုးကို ကာကွယ်ဖို့ သောက်လို့ရပါတယ်။

..

ဆရာ၀န်ခွင့်ပြုချက်မရှိဘဲရော သောက်လို့ရလား ?

သောက်လို့ရပါတယ်။ ဒါပေမယ့် ကယ်လိုရီပါ၀င်မှုကို သတိပြုပါ။

ပုံမှန်အစားအစာ စားနေရက်နဲ့ ဆီးချိုကျအောင်ဆိုပြီး ၊ ဆီးချိုအတွက်ကောင်းတယ်ဆိုပြီး ဗိုက်ဆာတိုင်း တစ်ခွက်ပြီးတစ်ခွက် သောက်နေတာကြောင့် ကိုယ်အလေးချိန် ပိုတက်လာတာမျိုး ၊​ ဆီးချိုပိုတက်တာမျိုးဖြစ်နိုင်ပါတယ်

ဆီးချိုလူနာတွေမှာ တစ်နေ့တာစားနေကျပမာဏ အတိုင်း စားနိုင်နေရင် အာဟာရမှုန့်ဖျော်သောက်ခြင်း ထပ်ဆောင်းသောက်ခြင်းကို မလုပ်သင့်ပါ။ ထမင်းတစ်ပန်းကန်ပိုစားလိုက်သလိုအာနိသင်မျိုးပဲမို့ ဆီးချိုပိုတက်စေပါတယ်….

..

အာဟာရမှုန့်နဲ့ အသင့်ဖျော်ပြီးသားအာဟာရအရည်တွေသောက်ရင် ဆီးချိုကျလား ?

လုံး၀မကျစေပါ

လုံလောက်တာထက်ပိုသောက်ရင် ဆီးချို သွေးချိုတောင် မထိန်းနိုင်ဖြစ်စေနိုင်ပါတယ်။

..

အစာပိုက်ထဲထည့်လို့ရလား ဘယ်တံဆိပ် ဘယ်အမျိုးအစားကို ဘယ်လိုဖျော်ပြီး တစ်နေ့ ဘယ်လောက်ထည့်လို့ရလဲ ?

ရပါတယ်

( တံဆိပ်နဲ့အမျိုးအစားကတော့ လူနာရဲ့ ရောဂါအခြေခံပေါ်မူတည်တာမို့ အောက်မှာ အသေးစိတ်ကြည့်ပေးပါ )

ဖျော်တဲ့အခါ ဘူးမှာရေးထားတဲ့ ဇွန်းအရေအတွက်အတိုင်း ( ၅ ဇွန်းဆို ၅ဇွန်း ထည့်ပြီး ) ဖော်ပြထားသော ရေပမာဏနဲ့ ဖျော်ရပါမယ်။ ရေနွေးဖြစ်ဖို့မလိုပါ။ သန့်ရှင်းသော သောက်ရေဆိုလုံလောက်ပါတယ်။

အမှုန့်၅ ဇွန်း/၆ ဇွန်းကို အများကြီးထည့်ရတယ်ထင်ပြီး လျော့ဖျော်ရင်တော့ အာဟာရ လုံလောက်စွာမရနိုင်ပါ။ အမှုန့်ပမာဏကို ဘယ်လောက်ထည့်ပါလို့ (ဆရာ၀န်က တိကျစွာမညွှန်ထားရင်) ဘူးမှာပြထားတဲ့အတိုင်းသာဖျော်ပါ။

ယေဘူယျအားဖြင့် အချိုးအစားမှန်စွာဖျော်ပြီးရင် ဖန်ခွက်တစ်ခွက်စာမှာ က​ယ်လိုရီ ၂၀၀ခန့်ပါ၀င်ပါတယ်။ ပရိုတင်းကတော့ တံဆိပ်တစ်ခုနဲ့တစ်ခု ကွာပါတယ်။

နို့နဲ့မတည့်သူ Lactose allergy လူနာတွေလည်း သောက်လို့ရပါတယ်။ အမှုန့်အများစုမှာ Lactose မပါအောင်ထုတ်ထားပါတယ်။ ဒါပေမယ့် အချို့လူနာတွေမှာ အူလမ်းကြောင်းသဘာ၀မတူတာမို့ ၀မ်းသွားလွယ်တတ်ပါတယ်။​ တချို့ကတော့ ၀မ်းချုပ်တတ်ပါတယ်။

..

ချွဲထတတ်လား ?

မထတတ်ပါ။ အခြားအကြောင်းတစ်ခုခုနဲ့တိုက်ဆိုင်သွားတာမို့ ချွဲထတယ်လို့ ထင်ရခြင်းဖြစ်ပါတယ်။

ပိုးမွှားပေါက်ခြင်းကြောင့်…

အသင့်သောက်အရည်ဘူးများဖွင့်ပြီးပါက ၂၄ နာရီအတွင်း၊ အမှုန့်များဖျော်ထားပြီးပါက ၆ နာရီအတွင်း ကုန်အောင်သောက်သင့်ပါတယ်။

..

အစာပိုက်အမျိုးမျိုးပေါ်မူတည်ပြီး အမှုန့်အမျိုးအစား ကွဲသလား ?

ကွဲပါတယ်

နှာခေါင်းမှထည့်ထားတဲ့ အစာပိုက်ဆို အမှုန့်/အရည်တွေထဲကနေ မိမိလိုအပ်ချက်အလိုက် သင့်တော်တာ အကုန်နီးပါး ထည့်လို့ရပါတယ်။ ဥပမာ – ဆီးချို ဆို ဆီးချိုအတွက်ဖော်မြူလာထည့်တာမျိုးရပါတယ်။

အစာအိမ်ဖောက်ထားတာဆိုလည်း နှာခေါင်းပိုက်နဲ့သဘောတရားတူတူပဲ ဖြစ်ပါတယ်။

အူသိမ်နဲ့ အူငယ်တို့ကို ဖောက်ထားရတာဆိုရင်တော့ လက်ရှိမြန်မာပြည်မှာ ၀ယ်လို့ရတဲ့အမှုန့်တွေထဲမှာ တော်တော်ရှာယူရပါမယ်။

Peptamen သို့မဟုတ် Peptisol လို့ခေါ်တဲ့ အစာချေရပိုလွယ်တဲ့အမှုန့်ကိုသာ ထည့်လို့ရပါတယ်။ တခြားအမှုန့်တွေဖျော်ထည့်မိရင် ပိုက်ပိတ်တာ ၊ အစာမချေနိုင်တာမျိုးဖြစ်နိုင်ပါတယ်။

..

” အထွေထွေ “

ရောဂါထွေထူးမရှိပဲ အစားနည်းလို့သောက်သူတွေအနေနဲ့ Prohance, Ensure ကို သောက်လို့ရပါတယ်

ဆီးချိုရှိသူများ ပုံမှန် အစားအစာကို မစားနိုင်ပါက Glucerna , Diabetasol, Gen DM, Prohance D,Diben, Gradual သောက်နိုင်ပါတယ်။

ကျောက်ကပ်အားနည်းသူများ (အဆင့် ၃ခ မှ အဆင့် ၅) ကျောက်ကပ်အားနည်းသူများ ၊ ကျောက်ကပ် မဆေးနေသူတွေ ၊ eGFR 45 ထက်နည်းသူတွေမှာ Nephrisol , Fresubin Renal, Nepro LP, Reno Diet LP သောက်နိုင်ပါတယ်။

ကျောက်ကပ်ဆေးနေသူတွေ ၊ ကျောက်ကပ်အသစ် အစားထိုးထားတဲ့ လူနာတွေမှာ Nephrisol D, Nepro HP, Reno Diet HP သောက်လို့ရပါတယ်။

ကင်ဆာဖြစ်နေတဲ့လူနာတွေမှာတော့ ပရိုတင်းများများလိုအပ်တာကြောင့် high protein လို့ရေးထားတာတွေ ရွေးချယ်လို့ရပါတယ်။ ပရိုတင်းလိုအပ်ချက်များတဲ့ တခြားလူနာတွေလည်း အတူတူပါပဲ ( ဥပမာ…မီးလောင်လူနာ၊ အူမှ များစွာဆုံရှုံးနေသူများ)

( Neomune, Prohance HP, Prosure, Supportan, Nutrican, Fresubin 2kcal drink, CanWel )

အသည်းအဆိပ်တက်တဲ့ လူနာတွေအတွက်ဆိုရင်တော့ Aminoleban, Hepatosol LOLA တို့က သင့်တော်ပါတယ်

Protien only powder တွေကို အသားဓာတ်လိုအပ်မှုမပြည့်သေးရင် ထပ်ဆောင်းအနေနဲ့သောက်နိုင်ပါတယ်။

အထူးသဖြင့် ကျောက်ကပ်ဆေးနေသူတွေနဲ့ ကင်ဆာလူနာတွေမှာ ပရိုတင်းဓာတ်ပဲဖြည့်လိုတဲ့အခါ Hemomin, Novi Pro သောက်ကြပါတယ်။

လေဖြတ်ထားသူတွေနဲ့ သူငယ်ပြန်ရောဂါလို မှတ်ဥာဏ်ချို့ယွင်းမှုတွေမှာ Peptibren သောက်လို့ရပါတယ်။

အဆုတ်ရောဂါရှိသူများမှာ Plumosol သောက်လို့ရပါတယ်။

ဝိတ်ချချင်သူတွေ သောက်လို့ရလား ?

Meal replacement လို့ခေါ်တဲ့ တစ်နပ်ကို အစားထိုးပြီး တစ်ခွက်သောက်တဲ့နည်းကို အချို့တွေ သုံးကြပါတယ်….

တစ်နပ် အစားထိုးလိုက်တဲ့အတွက်ကြောင့် ထမင်းတစ်နပ်မှာ ကယ်လိုရီ ၅၀၀ ခန့်ကို လျော့ချပြီးသားဖြစ်သွားပါတယ်… အာဟာရနို့တစ်ခွက်မှာ ကယ်လိုရီ ၂၀၀ခန့်ပါတဲ့အပြင် အသားဓာတ် ၊ ကစီဓာတ်နဲ့ ဗီတာမင်များပါတဲ့အတွက် ရေလုံပြုတ်ချည့်ပဲစားတာတို့ ၊ သံပုရာရည်တွေချည်းပဲသောက်တာတို့ထက် ပိုသင့်တော်ပါတယ်။

ဒါပေမယ့် နို့တစ်ခွက်နဲ့ ထမင်းတစ်နပ်ကတော့ ဗိုက်ကိုပြည့်အင့်စေပုံချင်းထပ်တူမကျတဲ့အတွက် နို့တစ်ခွက်သောက်ပြီး ဗိုက်မ၀ဘဲ ဗိုက်ဆာလို့ တစ်ခုခုထပ်စားရင် ဝိတ်လျော့တဲ့ပလန် မအောင်မမြင်ဖြစ်တတ်ပါကြောင်း ရေးသားလိုက်ရပါတယ်

..

” အားလုံးပဲ အာဟာရဆိုင်ရာဗဟုသုတများ ရရှိကြပြီး ကျန်းမာ ချမ်းသာကြပါစေ “

အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီးတစ်ဦး

တယ်လီကျန်းမာ

..

..

( Disclaimer : စာကြွင်း

အာဟာရမှုန့် တင်သွင်းသူ ၊ ရောင်းချသူများထံမှ အခကြေးငွေယူကာ ရေးထားခြင်းမဟုတ်ဘဲ မှန်ကန်စွာရွေးချယ်နိုင်စေရန် ရည်ရွယ်၍ ရေးသားပါသည် )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here