????အသက်အရွယ်ကြီးလာတာနဲ့အမျှ ခါးဆစ်ရိုး ပုံပျက်ယိုယွင်းခြင်း၊ ခါးဆစ်ရိုးကြားရှိ အရိုးနုပြား ယိုယွင်းပျက်စီးခြင်းတွေ ဖြစ်လာပြီး ခါးဆစ်ရိုးနှင့် တွယ်ဆက်တစ်သျှူးများကိုဒဏ်ဖြစ်စေပြီးနောက်ပိုင်းတွင် ခါးရိုးတောင့်တင်း နာကျင်တာတွေ ဖြစ်စေပါတယ်။ ချောမွေ့နေရမယ့် ခါးရိုးအနားသတ်တွေမှာ အပိုဖြစ်လာတာ၊ ခါးရိုးဆစ်၊ ခါးရိုးနုပြားတွေ ယိုယွင်းလာတာကို ခါးရိုးကျီးပေါင်းတက်ခြင်း ( lumbar spondylosis ) လို့ ခေါ်ပါတယ်။
????Lumbar spondylosis သည် အသက်ကြီးသူများတွင် အဖြစ်များပြီး ခါးဆစ်ရိုးကို ဝန်ပိစေသော အလုပ်လုပ်ရသူများ၊ ခါးဆစ်ရိုးကို အသုံးများသူများ၊ ခါးအကွေးအဆန့် အလုပ်များသူများနှင့် ခါးဆစ်ရိုးကို ဒဏ်ဖြစ်ဖူးထားသူများတွင် ပို၍အဖြစ်များပါတယ်။ အသက်ရလာလေလေ lumbar spondylosis ဖြစ်နိုင်ခြေ ပိုများလာလေ ဖြစ်ပါတယ်။
????Lumbar spondylosis တွင် အဖြစ်များသော ရောဂါလက္ခဏာများကတော့…..
* ကျောရိုးနာကျင်ခြင်း၊ ထုံကျင်ခြင်း
* လှုပ်ရှားရခက်ခဲခြင်း
* ကျောရိုးအောက်ပိုင်းနှင့် ခြေထောက်တစ်လျှောက် နာကျင်ခြင်း
* အာရုံကြောနှင့် ကြွက်သား အားနည်းခြင်းတို့အပြင်
* ခါးရိုးနုပြား ကျွံခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများလည်း ခံစားရနိုင်ပါတယ်။
????Lumbar spondylosis ကို ဖြစ်စေတဲ့ အကြောင်းအရင်းများကတော့….
* အသက်အရွယ် ကြီးရင့်လာခြင်း
* မျိုးရိုးလိုက်ခြင်း
* ကျောရိုးထိခိုက်ဒဏ်ရာရထားဖူးခြင်း
* ခါးရိုးဆစ် အသုံးများခြင်း
* ကိုယ်အနေအထားကို မပြောင်းပဲ အကြာကြီးနေတတ်ခြင်းတို့ ဖြစ်ပါတယ်။
????Lumbar spondylosis ကို ဘယ်လိုကုသကြမလဲ
* ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ခြင်း
* ခါးရိုးကို ဒဏ်ဖြစ်စေမယ့် အရာတွေကို ရှောင်ကာ အနားယူခြင်း
* နာတဲ့နေရာကို ရေနွေးအိတ်ကပ်ခြင်း၊ lumbar support ပေးတဲ့ ခါးစည်းစည်းခြင်း
* အဝလွန်သူများတွင် ခါးရိုးဆစ်ကို ပိုဒဏ်ဖြစ်စေနိုင်၍ ကိုယ်အလေးချိန်ကို ပုံမှန်ထိန်းခြင်း
* NSAIDs, Opioid စတဲ့ အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးခြင်း
* ဆရာဝန်ညွှန်ကြားတဲ့ လေ့ကျင့်ခန်း ( physiotherapy ) ပြုလုပ်ခြင်းနှင့်
* လိုအပ်လာရင်တော့ ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ပါတယ်။
????ရောဂါဝေဒနာတွေက မသက်သာဘဲ အချိန်ကြာရှည်ခံစားနေရပါက အရိုးအကြောအဆစ်နှင့် ထိခိုက်ဒဏ်ရာ ခွဲစိတ်အထူးကုဆရာဝန်ဖြင့် ဆွေးနွေးကုသသင့်ပါတယ်။
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.205
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.