Food deserts (ကျန်းမာစွာ စားသောက်ခွင့် မရသည့် နေရာများ) ဆိုတာကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရှိနေပေမယ့် လက်လှမ်းမမီနိုင်အောင် ကန့်သတ်ခံထားရသလို ဖြစ်နေတဲ့နေရာတွေကို သဲကန္တာရတစ်ခုအဖြစ် တင်စားခေါ်ဝေါ်တာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် နေရာဒေသတစ်ခုမှာ ဝင်ငွေနည်းပါးတာကြောင့် ဒါမှမဟုတ် လမ်းခရီးဝေးနေတာတွေကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်မှုရရှိဖို့ ခက်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ဒီလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးခွင့်မရတဲ့အခါ စားသောက်နေထိုင်မှုနဲ့ ဆက်နွှယ်နေတဲ့ (မကူးစက်နိုင်တဲ့ ရောဂါအုပ်စုဝင်တွေဖြစ်တဲ့) အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေပိုများလာပါတယ်။

◾အရင်ဆုံးအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေနဲ့ စားသောက်မှုပုံစံတွေအကြောင်း လေ့လာကြရအောင်ပါ။

(၁) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေမှာ

– သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး

– အဆီထုတ်ထားတဲ့ ဒါမှမဟုတ် အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေ

– ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ – ပင်လယ်စာ၊ အသား၊ ကြက်ဥ၊ ပဲတောင့်ရှည်၊ ပဲပိစပ်၊ အခွံမာသီးနဲ့ အစေ့အဆန်တွေ)

– ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီ စတာတွေ ပါဝင်ပြီး ထမင်းကလည်း အာဟာရဖြစ်စေပါတယ်။

ဒီနေရာမှာ အထူးမှတ်သားထားသင့်တာက တိရစ္ဆာန်အဆီတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်လို့ အသားနီတွေဖြစ်တဲ့ ဝက်သား၊ အမဲသား၊ ဆိတ်သားတွေကို တစ်ပတ် ၂ ကြိမ်ထက် ပိုမစားတာ အကောင်းဆုံးပါ။ ဒီအသားတွေမှာပါဝင်တဲ့ မြင်နေရတဲ့ အဆီဖြူတွေ၊ အဆီပြင်တွေကို ဖြတ်ထုတ်ပြီး ထည့်မချက်သင့်သလို အဆီများတဲ့ အသားတွေအစား အဆီနည်းတဲ့အသားကို ပိုမိုရွေးချယ်ရပါမယ်။

.

(၂) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံ ဆိုတာမှာ…

– အစားအစာအုပ်စု စုံလင်မျှတအောင် စားသုံးခြင်း

– ကယ်လိုရီပမာဏကို လိုအပ်သလောက်သာ စားသုံးခြင်း

– ဆီ၊ သကြားနှင့် ဆားစားသုံးမှု များပြားခြင်းမရှိစေရန် ထိန်းချုပ်ခြင်းတို့ ယေဘုယျအားဖြင့် ပါရှိပါတယ်။

◾Food Deserts တွေအကြောင်း

2012 USDA အစီရင်ခံစာအရ Food deserts ဖြစ်လာနိုင်ခြေကို ပိုများစေတဲ့ အချက်တွေကတော့

– လူဦးရေများလွန်းခြင်း သိုမဟုတ် လူဦးရေ နည်းပါး/ကျဲပါးလွန်းခြင်း

– ဝင်ငွေနည်းခြင်း

– အလုပ်လက်မဲ့များခြင်း

– လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်း

– လတ်ဆတ်တဲ့ ထုတ်ကုန်တွေကို သက်သာတဲ့စျေးနှုန်းနဲ့ လက်လီပြန်ရောင်းချသူ အရေအတွက် နည်းပါးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

Food deserts တွေမှာ စူပါမားကတ်တွေ သိပ်မရှိသလို ကျန်းမာရေးနဲ့ညီညွတ်ပြီး စျေးသင့်တင့်တဲ့အစားအစာတွေကို ရောင်းချပေးသူတွေ မပေါများပါဘူး။ ဒါဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရနိုင်တဲ့အခါမှာတောင် အလွန်ဈေးကြီး‌နေတာမျိုး ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် Food deserts မှာ နေထိုင်သူတွေဟာ အမြန်ရနိုင်တဲ့ အသင့်စားအစားအစာတွေကို ပိုမိုမှီခို အားထားလာရပါတယ်။

ဒီလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို လက်လှမ်းမမီတာနဲ့ အသင့်စားအစားအစာတွေကိုသာ အလွယ်တကူရရှိနိုင်တာတွေကြောင့် သွေးတိုးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

Food deserts မှာ နေထိုင်ရတာကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုတွေကတော့

– အဝလွန်ခြင်း ဖြစ်ပွားနိုင်ခြေပိုများတာ

– ဆီးချိုရောဂါအဖြစ်များတာ

– အထူးသဖြင့် ကလေးတွေမှာ ကိုယ်အလေးချိန် များလွန်းတာ၊ နည်းလွန်းတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

Food deserts နေရာတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုတွေကိုလည်း အကန့်အသတ်နဲ့သာ ရရှိနိုင်ပါတယ်။ ဒါ့ကြောင့် Food deserts တွေမှာ နေထိုင်သူတွေဟာ အနုတ်သဘောဆောင်တဲ့ ကျန်းမာရေးရလဒ်တွေ ရလာနိုင်ပါတယ်။

◾ဒီလို Food deserts နေရာတွေအတွက် ဘယ်လို ဖြေရှင်းနည်းတွေ လုပ်နိုင်မလဲ….

Food deserts နေရာတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပိုမိုလွယ်ကူစွာရရှိရေးအတွက် အဖြေရှာသင့်ပါတယ်။ ဝင်ငွေနည်းတဲ့ မိသားစုတွေအတွက် ရန်ပုံငွေပံ့ပိုးပေးတာ၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ စားနပ်ရိက္ခာပြဿနာတွေကို ဖြေရှင်းဖို့ ပရောဂျက်တွေသတ်မှတ်ပြီး ဖြေရှင်းနိုင်ပါတယ်။

ကျန်းမာရေးနှင့်ညီညွတ်တဲ့ ဒေသထွက်အစားအစာတွေ ရရှိနိုင်မှု ပိုမိုတိုးမြင့်လာဖို့…

– စျေးသင့်တဲ့ ကုန်စုံဆိုင်တွေ

– လူအများတတ်နိုင်တဲ့ စျေးကွက်

– အိမ်နောက်ဖေးနဲ့ ရပ်ရွာစိုက်ခင်းတွေ

– စားနပ်ရိက္ခာအကူအညီနဲ့ အစီအစဉ်တွေ

– အစားအသောက်ဝယ်ယူရေးအဖွဲ့တွေကို စီစဉ်ပေးသင့်ပါတယ်။

.

ဒါ့အပြင်…

– အစားအသောက်ထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အာဟာရဆိုင်ရာတို့ကို အသိပညာပေးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်အလေ့အထများကို အားပေးတိုက်တွန်းခြင်း

– အာဟာရအစီအစဉ်များတွင် သင့်တော်သူများကို စာရင်းသွင်းခြင်း

– ဒေသခံတောင်သူလယ်သမားများအတွက် ဈေးကွက်ရရှိမှုကို တိုးမြင့်စေခြင်း

– ဘေးကင်းပြီး မျှတသည့် လုပ်ငန်းခွင်အခြေအနေများကို ဖန်တီးပေးခြင်း

– လေ၊ ရေ၊ မြေဆီလွှာနှင့် နေထိုင်ရာကို ကာကွယ်ပေးသည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များကို ပံ့ပိုးကူညီခြင်း

– စားသောက်ကုန်လုပ်ငန်းရှင်များကို ကူညီပံ့ပိုးပေးခြင်း

– မတူကွဲပြားသည့် အစားအသောက် ယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း

– စားနပ်ရိက္ခာစနစ်ရေးဆွဲရာတွင် ဒေသခံနေထိုင်သူများအား ပါဝင်စေခြင်း စတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင်….

Food deserts ဆိုတာဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ဝယ်ဖို့တတ်နိုင်ပေမယ့် ရရှိစားသုံးဖို့ ခက်ခဲတဲ့နေရာတွေ ဖြစ်ပါတယ်။ အဲဒီလိုနေရာတွေမှာ အဝလွန်ခြင်း၊ ဆီးချိုရောဂါနဲ့ အခြားသော ကိုယ်အလေးချိန်နဲ့ ဆက်နွှယ်တဲ့ ရောဂါအခြေအနေတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါ့ကြောင့် ရပ်ရွာစားနပ်ရိက္ခာပရောဂျက်တွေ ချမှတ်ပြီး အစားအသောက်စနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့ လုပ်ဆောင်သင့်ပါတယ်။

Reference: ????

https : // www . medicalnewstoday . com /articles/what-are-food-deserts#solutions

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here