အရိုး၊ အဆစ်၊ ကြွက်သား၊ အရွတ်တို့နှင့်သက်ဆိုင်သောရောဂါပြဿနာများ

ကျောရိုးဆစ်များအကြား တွယ်ဆက်ထားသော အရိုးနုပြား ကျွံထွက်ခြင်း Herniated Disk

0
◾️Herniated Disc ဆိုတာ ဘာလဲ Herniated Disc ဆိုတာ ကျောရိုးတိုင်မှာဖြစ်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကျောရိုးတိုင်လို့ပြောရင် ဦးခေါင်ခွံရဲ့ အောက်ခြေမှ မြီးညှောင့်ရိုးအထိ ကျောရိုးဆစ် စုစုပေါင်း ၃၃ ဆစ် ရှိပါတယ်။ ကျောရိုးဆစ် တစ်ခုနဲ့တစ်ခုကြားမှာ (intervertebral disc) လို့ခေါ်တဲ့ အရိုးနုပြားတွေရှိပြီး...

စီနီယာဘဝနဲ့ ကြွက်သား Sarcopenia

0
စိန်ရတုမွေးနေ့ကလေးကို ကျော်လာရင် စီနီယာ စီတီဇင်ဆိုပြီး လူတန်းစားတစ်ရပ်ထဲ စာရင်းဝင်သွားကြပါတယ်။ နိုင်ငံတကာမှာတော့ စီနီယာ စီတီဇင်ဆိုရင် ကားခ၊ ရထားခ၊ ဝင်ကြေး စတာတွေကို လျှော့ပေး၊ နေရာအတော်များများမှာ ဦးစားပေးတာကို ခံရပါတယ်။  ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ကတော့ ဘာတစ်ခုမျှ မျက်နှာသာ မပေးပါ။ ပျက်စီးယိုယွင်းမှုတွေသာ တစ်ခုပြီးတစ်ခု တိုးလာပါတယ်။  အဲဒီလို...

မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီနိုင်တဲ့နည်းလမ်းများ

0
မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီနိုင်တဲ့နည်းလမ်းများ ???? ၁။ သင့်လျော်တဲ့ အခေါ်အဝေါ်ကို အသုံးပြုပါ.... မသန်စွမ်းသူတွေ (People with disabilities PWDs) နဲ့ ပြောဆိုဆက်ဆံရာမှာ သင့်လျော်တဲ့ အခေါ်အဝေါ်တွေကိုသာ အသုံးပြုရပါမယ်။ ဥပမာ - အရင်က "မသန်မစွမ်း"...

သိကောင်းစရာ အရိုးကင်ဆာ Osteosarcoma

0
???? အရိုးကင်ဆာဟာ ဘယ်အသက်အရွယ်တွေမှာ ဖြစ်လေ့ရှိသလဲ.... အရိုးကင်ဆာဟာ ဆယ်ကျော်သက်အရွယ်တွေနဲ့ သက်လတ်ပိုင်းတွေမှာ အဓိက ပိုပြီးအဖြစ်များလေ့ရှိပြီး ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာလည်း ဖြစ်လေ့တော့ရှိပါတယ်။ ... ... ???? အရိုးကင်ဆာဟာ ဘယ်အရိုးတွေမှာ အဖြစ်များသလဲ၊ ဘာကြောင့် ဖြစ်ရပါသလဲ.... အရိုးကင်ဆာဟာ ​ခြေထောက်မှာရှိတဲ့ ပေါင်ရိုးလို အရိုးရှည်အမျိုးအစားတွေမှာ အဓိကဖြစ်ပွားပါတယ်။ လက်မှာရှိတဲ့ အရိုးတွေအပါအဝင် တခြားအရိုးတွေမှာလည်း အရိုးကင်ဆာဟာ...

ပြေးရင်းနဲ့ ခြေထောက်နာလာတဲ့ ပြဿနာ (Exertional Leg Pain)

0
အားကစားလေ့ကျင့်ခန်းတွေ လုပ်ကြတဲ့အခါ လမ်းလျှောက်တာ (Walking)၊ ရွရွလေး အ‌နှေးပြေးတာ (Jogging)၊ အမြန်အပြေး‌လေ့ကျင့်တာ (Running) စတာတွေဟာ အခုနောက်ပိုင်း အတော်လေးခေတ်စား လူကြိုက်များကြပါတယ်။ အကွာအဝေး ၅ ကီလိုမီတာ/၁၀ ကီလိုမီတာ (5 km/10 km) စတဲ့ အပျော်တမ်းအပြေးပြိင်ပွဲ (Fun Run) တွေကစလို့...

မေးရိုးဆစ်မှာ ဒါမှမဟုတ် အဲဒီမှာရှိတဲ့ ကြွက်သားတွေမှာ ရောဂါတွေခံစားရတာ Temporomadibular Joint Disorder (TMD)

0
လူတွေရဲ့ခန္ဓာကိုယ်မှာ မေးရိုးဆစ်ဟာ မေးရိုးနဲ့ ဦးခေါင်းခွံကို ဆက်သွယ်ပေးထားတဲ့ တံခါးပတ္တာတစ်ခုလိုပါပဲ။ မေးရိုးတစ်ဖက်တစ်ချက်ဆီမှာ ဦးခေါင်းခွံနဲ့မေးရိုးကို ဆက်သွယ်ထားတဲ့ မေးရိုးဆစ်တွေ ရှိပါတယ်။ မေးရိုးဆစ်တွေဟာ အစာစားတဲ့အခါ ဝါးတာ၊ ကြိတ်ခြေတာ အစရှိတဲ့ လုပ်ငန်းစဥ်တွေကို လုပ်ဆောင်ပေးပါတယ်။ Temporomadibular joint disorder (TMD) ဆိုတာကတော့ မေးရိုးဆစ်မှာ ဒါမှမဟုတ်...

မသန်စွမ်းခြင်း Disability (January, 2024)

0
မသန်စွမ်းခြင်းဆိုတာဘာလဲ....... မသန်စွမ်းခြင်းလို့ ပြောတဲ့အခါ လူအများစုက လမ်းကောင်းကောင်း မလျှောက်နိုင်တာတို့၊ လက်ကိုအသုံးမပြုနိုင်တာတို့၊ စကားမပြောနိုင်တာတို့ကို ပြေးမြင်မိကြမှာပါ။ မှန်တော့မှန်ပေမယ့် အပြည့်အဝမမှန်ပါဘူး။ ခုပြောခဲ့တာက သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ သိသာတဲ့ မသန်စွမ်းခြင်း (Visible disabilities) ဖြစ်ပါတယ်။ သာမန်အနေနဲ့ မမြင်နိုင်၊ မသိနိုင်တဲ့ မသန်စွမ်းခြင်း‌တွေကို‌တော့ (Invincible disabilities) လို့...

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတစ်မျိုး Chronic Fatigue Syndrome (December,2023)

0
နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတစ်မျိုး (Chronic Fatigue Syndrome) Chronic Fatigue Syndrome (CFS) ဆိုတာ ခန္ဓာကိုယ်စနစ်များစွာကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Myalgic encephalomyelitis လို့လည်း ခေါ်ကြပါတယ်။ နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါဟာ သင့်ရဲ့ပုံမှန်လုပ်ဆောင်မှုတွေကိုတောင် မလုပ်ဆောင်နိုင်တဲ့အထိ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံ...

ရုံးအလုပ်သမားတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာစုတစ်ခု Office Syndrome (October,2023)

0
Office Syndrome ဆိုတာကတော့ ရုံးအလုပ်သမားတွေ၊ အထူးသဖြင့် အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာအစု တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် office syndrome လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ရောဂါထက် လက္ခဏာအစုလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတော့ အချိန်အကြာကြီး ထိုင်နေရာကနေ...

လည်ပင်းကျီးပေါင်း Cervical Spondylosis (September,2023)

0
"လည်ပင်းကျီးပေါင်း (Cervical Spondylosis)" လူတော်တော်များများ ကြားဖူးနားဝရှိကြတဲ့ လည်ပင်းကျီးပေါင်းဆိုတာဟာ တကယ်တော့ အသက်အရွယ်အရ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့အရွတ်အချို့ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတစ်မျိုး (Degenerative disease) ဖြစ်ပြီး အဓိကအားဖြင့် လည်ပင်းနားတစ်ဝိုက်မှာ နာကျင်တောင့်တင်းမှုကို ခံစားရလေ့ ရှိပါတယ်။ . ???? ရောဂါဖြစ်ပေါ်လာပုံ အသက်အရွယ်ရလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ (intervertebral disc) လို့ခေါ်တဲ့...

လက်ဆစ်များ ညိုမည်းနေခြင်း Dark Knuckles

0
“လက်ဆစ်များ ညိုမည်းနေခြင်း (Dark knuckles)” လက်ဆစ်တွေ ညိုမည်းရခြင်းဟာ အဓိကအားဖြင့် မယ်လနင်ထုတ်လုပ်မှု လွန်ကဲခြင်းကြောင့် ဖြစ်ရပါတယ်။ Melanin ဆိုတာ အရေပြားကို အရောင်ပေးစွမ်းနိုင်တဲ့ ရောင်ခြယ်ပစ္စည်းဖြစ်ပြီး အရေပြားတစ်ဝိုက်မှာ အမည်းကွက်များ ဖြစ်စေတတ်ပါတယ်။ အဲဒီလိုဖြစ်ရတဲ့ ရောဂါလက္ခဏာတွေဟာ မစိုးရိမ်ရဘဲ အခြားရောဂါအခံရှိဖို့ အခွင့်အလမ်းကလည်း နည်းပါးပါတယ်။ လူအများစုမှာ ဒီလိုလက်ဆစ်တွေ...

Gout (ဂေါက်)ရောဂါ

0
Gout ရောဂါနဲ့ uric acid တက်တယ် ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ဒီနေ့မှာတော့ Gout ရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ???? ကဲ ဒါဆို Gout ရောဂါဆိုတာ ဘာလဲ Gout ရောဂါဆိုတာဟာ အရိုးအဆစ်ရောင်တဲ့...

အရိုးပျော့နာ Rickets

0
ကလေးတွေအတွက် မွေးကင်းစ ငယ်စဥ်ဘဝကနေစလို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် အစရှိတဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာလျှင် ကိုယ်ခံအားတည်ဆောက်နေတဲ့ ကလေးငယ်လေးတွေမှာ ရောဂါပိုးကူးစက်တာ၊ အာဟာရချို့တဲ့တာတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ် အသက်အရွယ်နဲ့အလိုက် ကြီးထွားဖွံ့ ဖြိုးဖို့ရယ်နဲ့ ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။...

အရိုးပွခြင်းအတွက် အစားအသောက်အနေအထိုင် အကြံပြုချက်များ

0
Osteoporosis လို့ခေါ်တဲ့ အရိုးပွခြင်းကြောင့် (၂) မိနစ်မှာ လူ (၁) ယောက်နှုန်း အရိုးကျိုးနေကြပါသတဲ့...???? (ယူကေမှာပေါ့....ဒို့ဆီမှာလည်း များမှာပဲ) မာ​ကျောသလောက် "ဂလောက်"ဆို "ဂျွတ်"ခနဲ ကျိုးနိုင်တာလည်း ဒီအရိုးပဲဖြစ်ပါတယ်။ ကလေးတွေ ဆော့ရင်းနဲ့ကျိုးလို့ ကျောက်ပတ်တီးစည်းကြရသလို အရွယ်ရောက်ပြီးသူတွေရော၊ သက်ကြီးပိုင်းလူကြီးတွေပါ အရိုးကျိုးနိုင်ခြေရှိတာပေါ့။ အထူးသဖြင့် အရိုးပွနေတာမျိုးဆို ပိုကျိုးနိုင်တာပေါ့။ သာမန် ဘာမဟုတ်တဲ့အားလေးနဲ့ ချော်လဲကျလိုက်လို့...

NSAID လို့ ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ “ NSAIDs- Pain Killers” (May...

0
အရွယ်ရောက်ပြီးသူ တော်တော်များများဟာ pain killers လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့တော့ ရင်းနှီးကြမှာပါ။ ဒူးနာ၊ ခါးနာ၊ ကိုယ်လက်ကိုက်တိုင်း diclo, paracetamol စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အလွယ်တကူ သောက်နေကြသူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တချို့ကလည်း ဆရာဝန်တွေ ညွှန်ကြားထားတဲ့အတိုင်း သောက်ကြပေမယ့်၊ တချို့ကျတော့ ရပ်ကွက်က စပ်ဆေးတွေကို အလွယ်ဝယ်သောက်ကြပါတယ်။ အဲဒီလို...

ကျန်းမာရေးအတွက် ယောဂ “ Yoga” (April 2023)

0
“ကျန်းမာရေးအတွက် ယောဂ” (Yoga) ယောဂ (Yoga) ဆိုတာကတော့ ခန္ဓာကိုယ်၊ ဝင်သက်ထွက်သက်နဲ့ စိတ်တို့ကို ချိတ်ဆက်ပေးတဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။ ယောဂဟာ အထွေထွေ ကျန်းမာရေး တိုးတက်ကောင်းမွန်စေဖို့အတွက် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားတွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ တရားထိုင်တာတွေကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ ယောဂကျင့်စဥ်ဟာ ရှေးနှစ်ထောင်ပေါင်းများစွာက စိတ်ပိုင်းဆိုင်ရာကျင့်စဥ်အဖြစ် India နိုင်ငံမှာ...

“ ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)” (April 2023)

0
"ဒူးခေါက်ကွေး ကြွက်သား/ပေါင်နောက် ကြွက်သား ဒဏ်ရာရခြင်း (Hamstring Muscle Injury)"Hamstrings ဆိုတာ ပေါင် အနောက်ဘက်မှာရှိတဲ့ ကြီးမားပြီး အားကောင်းတဲ့ ကြွက်သားအုပ်စုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေမှာ ကောင်းစွာ ကြီးထွားဖွံဖြိုးလေ့ရှိပါတယ်။Hamstrings ကြွက်သားတွေဟာ တင်ပါးဆုံရိုးနဲ့ ဒူးကြားမှာရှိပြီး လမ်းလျှောက်တာ (ဒါမှမဟုတ်) ပြေးတဲ့အခါ...

နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး “ Chronic Fatigue Syndrome (CFS)/ Myalgic Encephalomyelitis”...

0
"နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး (သို့) Chronic Fatigue Syndrome (CFS) / Myalgic Encephalomyelitis" CFS ဆိုတာ ရက်ရှည် ပင်ပန်းနွမ်းနယ်တဲ့ (ဒါမှမဟုတ်) အားအင်ကုန်ခမ်းသွားတဲ့ ခံစားချက် ဖြစ်ပြီး ဆက်တိုက်ဖြစ်နိုင်သလို၊ (၆) လကျော်ထိ ပြန်ပြန်ဖြစ်နေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။...

“ သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း “

0
"သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ချော်လဲကျခြင်း " အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလာပြီး အသက် (၆၅) နှစ်အထက်မှာ သက်ကြီးပိုင်းတွေမှာ ချော်လဲတာ အများဆုံးနဲ့ အဆိုးဆုံး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အရိုးပွရောဂါ ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပြီး ချော်လဲမှုတွေရဲ့ (၅) ရာခိုင်နှုန်း​လောက်မှာ အရိုးကျိုးလေ့ရှိတယ်လို့ သုတေသနတစ်ချို့က...

“ ခဲဆိပ်သင့်ခြင်း ( lead poisoning)”

0
"ခဲဆိပ်သင့်ခြင်း ( lead poisoning)" အခုလို စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ စက်ရုံ၊ အလုပ်ရုံတွေတွေရဲ့ ထုတ်ကုန်တွေ၊ ဘေးထွက်ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို အနည်းနဲ့အများ ခံစားရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေထဲက အန္တရာယ်ရှိတဲ့ ခဲဆိပ်သင့်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ခဲဆိပ်သင့်တယ် ဆိုတာ… နှစ်ပေါင်းများစွာ (ဒါမှမဟုတ်)...

” အားကစားလုပ်သူများကြား အသုံးများတဲ့ Whey protein အကြောင်း “

0
" အားကစားလုပ်သူများကြား အသုံးများတဲ့ Whey protein အကြောင်း " အားကစားလုပ်သူအများစုဟာ Whey protein တွေကို ကြွက်သားတက်မြန်စေဖို့ ဖြည့်စွက်အာဟာရအနေနဲ့ သောက်သုံးကြပါတယ်။ အဲ့တော့ Whey protein အကြောင်း သေချာသိထားရအောင် လေ့လာထားရအောင်။ .. .. Whey pyotein ဆိုတာ ဘယ်ကရလဲ ? နွားနို့မှာ casein...

သွေးလေးဘက်နာရောဂါ ရှိတဲ့သူတွေအတွက် အစာအာဟာရ Food For Rheumatoid Arthritis (February, 2023)

0
သွေးလေးဘက်နာ (Rheumatoid Arthritis) ရောဂါ ရှိတဲ့သူတွေအတွက် အစာအာဟာရ သွေးလေးဖက်နာရောဂါရှိတဲ့သူတွေဟာ အထူးသဖြင့် အရိုးအဆစ်တွေမှာ- နာတာ- ရောင်ရမ်းပြီး ဖောင်းနေတာ- ဖိလိုက်ရင် မခံမရပ်နိုင်အောင်နာကျင်တာ ... စတဲ့ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။  သွေးလေးဖက်နာရောဂါ (ခေါ်) အဆစ်ရောင်ရောဂါရှိသူများအတွက် သီးသန့်အစာအာဟာရ (Rheumatoid Arthritis Diet) ရယ်လို့ မရှိပါဘူး။ဒါပေမယ့်...

ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ Cardio vs Weights for weight loss (February,...

0
ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ ? Cardio Vs Weight Lifting မှာ ဘယ်တစ်ခုက ပိုပြီး မြန်မြန် ကိုယ်အလေးချိန်ကျစေလဲ၊ ဘယ်ဟာကပိုကောင်းတာလဲ ? ဒီမေးခွန်းလေးတွေ မဖြေခင် Cardio နဲ့ Weight Lifting ရဲ့အကြောင်းလေး အရင်မိတ်ဆက်ပါရစေ။ Cardio Exercise ဆိုတာ...

သတိထားစရာ အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis)

0
အသေးစားအရေပြားပြတ်ရှရာကလေးတစ်ခု၊ တိရစ္ဆာန်ကိုက်ရာကလေးတစ်ခု၊ စူးမိတဲ့ဖိနပ်သံကလေးတစ်ခုကနေ ခြေ၊လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ပစ်ရတဲ့အထိ ဆိုးစေတတ်တဲ့ အရိုးရောဂါတစ်ခုကို ပြပါဆိုရင် အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis) ကို ပြရပါလိမ့်မယ်...... ♦️ အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis) ဆိုတာ အရိုးထဲ ပိုးဝင်ပြီး ရောင်ရမ်းရာကနေ ပြည်တစိုစိုနဲ့ အရိုးတစ်ရှူးဆဲလ်တွေ ပျက်စီးသေဆုံးပြီး နောက်ဆုံး ခန္ဓာကိုယ်အနှံ့ကိုပါ ပိုးပျံ့စေတတ်တဲ့ အရိုးရောဂါတစ်ခုပါ။ ♦️ Osteomyelitis ရဲ့...

လည်ပင်းနာခြင်း/ ဇက်ကြောတက်ခြင်း Painful Neck (February, 2023)

0
လည်ပင်းနာခြင်း/ ဇက်ကြောတက်ခြင်း (Painful Neck) လည်ပင်းနာတယ်ဆိုတာ အဓိကအားဖြင့် လည်ပင်းမှာရှိတဲ့ ကြွက်သားနဲ့ လည်ပင်းအရိုးဆစ်လေးတွေ ဒဏ်ရာရလို့ နာတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ လည်ပင်းအဆစ်တွေကြားမှာရှိတဲ့ ချပ်ပြားလေးတွေ ဒဏ်ရာရပြီးလည်း နာတတ်ပါတယ်။ အသက်ကြီးတဲ့သူမှာ လည်ပင်းအဆစ်တွေ ရောင်ရမ်းတတ်ပါတယ်။  လည်ပင်းနာ/ ဇက်ကြောတက်စေတဲ့ အကြောင်းအရာတွေက…. လည်ပင်းကို ရုတ်တရက် ထိခိုက်မိတဲ့ ဒဏ်ရာတွေကြောင့်….ဥပမာ:- ယာဥ်တိုက်မှုဖြစ်တာ-...

ဒူးခေါင်းခွက်နေရာမှာရေအိတ်တည်ခြင်း Baker’s cyst (February, 2022)

0
ဒူးခေါင်းခွက်နေရာမှာရေအိတ်တည်ခြင်း (Baker’s cyst) လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးအဆစ်တွေထဲမှာ ပုံမှန်အတိုင်း လှည့်ပတ်တည်ရှိနေတဲ့ အရည်လေး (synovial fluid) တွေ ရှိပါတယ်။ ကျနော်တို့ နေ့စဉ်လှုပ်ရှားတဲ့အခါ အရိုး အရွတ်တွေ တစ်ခုနဲ့ တစ်ခု မပွတ်တိုက်အောင် အဲ့အရည်လေးတွေကချောဆီလို လုပ်ဆောင်ပြီး ကာကွယ်ပေးနေတာပါ။ဒူးဆစ်ပတ်လည်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ထိခိုက်ဒဏ်ရာရတဲ့အခါမှာဆို...

ဂေါက်ရောဂါသည်များအတွက် အစားအသောက်နှင့် အာဟာရ (Nutrition for Gout Patients)

0
" အဆစ်အမြစ်ရောင် ဂေါက်ရောဂါသည်များအတွက် အစားအသောက်နှင့် အာဟာရ " ဂေါက်ရောဂါဆိုတာ မစိမ်းဘူးလို့တော့ ထင်ပါတယ်။ ဂေါက်တောက်တောက်ဖြစ်တဲ့ ရောဂါနဲ့တော့ မမှားနဲ့ပေါ့နော်.... အဆစ်တွေလည်း ကျိုးမတတ် နာကိုက်ရသေး၊ စိတ်မနှံ့သူလို့လည်း အထင်ခံရသေးရင်တော့ လူနာခမျာ အတော်သနားစရာ ကောင်းသွားမှာ.... ဂေါက်ရောဂါအကြောင်း အသေးစိတ်ရေးထားပေးတာကိုတော့ အရင်ကတင်ဖူးတဲ့ပို့စ်မှာ ဖတ်ကြည့်လို့ရပါတယ်။ ( ရှာနေရမှာစိုးလို့ ကောမန့်မှာ...

အားကစာလုပ်ရင်း ထိခိုက်ဒဏ်ရာရခြင်း (Sport Injuries)

0
အားကစားလုပ်တာ၊ ကျန်းမာရေးလိုက်စားတာတွေက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ တစ်ခါတစ်ရံမှာတော့ လေ့ကျင့်ခန်းလုပ်ရင်း၊ အားကစားလုပ်ရင်းနဲ့တခြားကိုယ်လက်လှုပ်ရှားရတာတဲ့ကစားနည်းတွေကစားရင်း ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ဒဏ်ရာက ခဏပဲဖြစ်တာရှိသလို ရေရှည်ကုသမှုလိုတဲ့ဒဏ်ရာအထိ ဖြစ်နိုင်ပါတယ်။ . ♦️ဘယ်သူတွေမှာ အားကစားလုပ်ရင်း ဒဏ်ရာပိုရနိုင်သလဲ ? ကိုယ်လက်လှုပ်ရှားရင် ဒဏ်ရာရတာက လူတော်တော်များများမှာ အဖြစ်များပါတယ်။ အများဆုံးဖြစ်တတ်တဲ့သူတွေကတော့ - ခန္ဓာကိုယ်အလေးချိန်များသူတွေ - အားကစားလုပ်နေစဉ် အကာအကွယ်ပစ္စည်းတွေ သေချာမဝတ်သူတွေ (ဥပမာ-စကိတ်စီးသူတွေ) - သွေးပူလေ့ကျင့်ခန်း မလုပ်မိသူတွေ -...

” ခန္ဓာကိုယ်အနေအထား ပုံစံမှန်ခြင်း၏ ကောင်းကျိုးများ “

0
" ခန္ဓာကိုယ်အနေအထား ပုံစံမှန်ခြင်း၏ ကောင်းကျိုးများ " ခန္ဓာကိုယ်အနေအထား ကျော့ရှင်းတာလို့ လူသိများတဲ့ မှန်ကန်တဲ့ခန္ဓာကိုယ်ပုံစံ (Good posture)ကို ဆေးပညာအခေါ်အရတော့ ပုံမှန်ကျောရိုးတိုင်အနေအထား "neutral spine" လို့ ခေါ် ကြပါတယ်။ ယေဘုယျအားဖြင့် ပုံမှန်သဘာဝအတိုင်း ဖြစ်နေတဲ့ ကျေားရိုးအကွေးတွေကို ပုံစံမပျက်စေဘဲ ခါးမတ်မတ် ခေါင်းမတ်မတ် အနေအထားဖြင့်နေထိုင်ခြင်းကို...

” ကျောရိုးအဆစ်လွဲခြင်း (Spondylolisthesis) “

0
" ကျောရိုးအဆစ်လွဲခြင်း (Spondylolisthesis) " ကျောရိုးဆစ်လေးတစ်ခုဟာ မူလနေရာကနေချော်ထွက်သွားတာ နေရာနည်းနည်းလွဲသွားတာကို (Spondylolisthesis) လို့ ခေါ်ပါတယ်။ ဒီလို အဆစ်ချော်ခြင်း (သို့) အဆစ်လွဲခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိတဲ့အနက် အသက်ကြီးလို့ ဖြစ်တာဟာ အဖြစ်များပါတယ်။ ဘာလက္ခဏာမှ မပြတာ ဖြစ်နိုင်သလို ၊ ခါးနာတာနဲ့လက္ခဏာပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်စဥ်အကျဥ်းချုပ်ကတော့ ကျောရိုးဆစ်တစ်ခုဟာ ချော်ထွက်ပြီး...

Sciatica (ခါးကြောညပ်ခြင်း)( December, 2022)

0
ခါးကြောညပ်ခြင်း(Sciatica) ခါးကြောညပ်တယ်ဆိုတာ ကျောရိုးဆစ်ကနေထွက်လာတဲ့ အာရုံကြောတစ်ခုဖြစ်တဲ့ Sciatic nerve ဒဏ်ဖြစ်တာပါ။ အာရုံကြောက နောက်ကျောဘက်ကနေ တင်ပဆုံရိုး၊တင်ပါးတို့ကိုဖြတ်ပြီး ပေါင်အနောက်၊ခြေသလုံးအနောက်အထိဆင်းတာပါ။ Sciatic nerve ထိခိုက်မိပါက သူသွားရာလမ်းကြောင်းတစ်လျှောက်လုံးနာကျဥ်မှုခံစားရပါလိမ့်မယ်။ ဘယ်လိုလဏ္ခဏာတွေရှိမလဲ? အာရုံကြောလမ်းကြောင်းတစ်လျှောက် သိပ်မပြင်းထန်ဘဲ နည်းနည်းနာတာကနေ အရမ်းစူးစူးပြီးနာတာအထိဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်လိုက်မိသလိုလည်း ဖြစ်တတ်ပါတယ်။ ချောင်းဆိုးရင်၊ နှာချေရင်၊ မတ်တပ်အကြာကြီးရပ်ပြီးရင် နာတာပိုဆိုးတတ်ပါတယ်။ ခြေသလုံးနဲ့ ခြေဖဝါးမှာ ထုံခြင်း၊...

စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း NSAIDs ( December, 2022)

0
စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း ( NSAIDs ) မြန်မာနိုင်ငံမှာက အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မပါလည်း လွယ်လွယ်ကူကူဝယ်လို့ ရနေတာဆိုတော့ လူအများဟာ ဒီလိုဆေးတွေရဲ့ ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေကို မသိကြပါဘူး။ ဆေးတွေဟာ ရောဂါလက္ခဏာတွေကို ခဏတာသက်သာစေနိုင်ပေမယ့် ရေရှည်စွဲသောက်ရင် ဘေးထွက်ဆိုးကျိုးအရမ်းများပါတယ်။ ဒါကြောင့် NSAIDs အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။..  Non-steroidal...

Heel Spur (ခြေဖနောင့်အတက်ထွက်ခြင်း) (December, 2022)

0
ခြေဖနောင့်အတက်ထွက်ခြင်း(Heel Spur) ခြေဖနောင့်အတက်ထွက်တယ်ဆိုတာခြေဖဝါးအရိုးအောက်မှာ ကယ်လ်ဆီယမ်လေးတွေစုပြီး အရိုးအတက်လေးထွက်လာတာပါ။ အရိုးအတက်ကလက်မဝက်လောက်အထိရှည်ထွက်နိုင်ပါတယ်။ လက္ခဏာများတွေအနေနဲ့ ​ခြေဖနောင့်အောက်နဲ့အနောက်မှာ... - နာခြင်း - ရောင်ခြင်း - ခြေဖမိုးဖောင်းလာခြင်း - နာ၊ရောင်နေသောနေရာပူနေခြင်း - ခြေဖဝါးတစ်ခုလုံးနာနေခြင်း - ဖနောင့်အနောက်(သို့)အောက်တွင်အတက်ကလေးစမ်းမိခြင်းတို့ ဖြစ်နိုင်ပါတယ်။ ခြေဖနောင့်အတက်က တစ်ခါတစ်ရံမှာ လက္ခဏာမပြဘဲလည်းရှိနေတတ်ပါတယ်။ ခြေဖနောင့်ခဏခဏနာနေရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးX ray ရိုက်ရင်တော့ မြင်ရနိုင်ပါတယ်။...... "ခြေဖနောင့်အတက်ထွက်စေသောအချက်များ" ခြေဖနောင့်အတက်ထွက်တာက ခဏနဲ့ချက်ချင်းထဖြစ်တဲ့အခြေအနေမဟုတ်ပါဘူး။ ရေရှည်ကြွက်သားနဲ့အရွတ်တွေ ဒဏ်ပိခြင်း၊...

အပြုံးကလေးပြန်လှအောင် (သို့) မေးရိုးဆစ်လွဲခြင်း (Temporomandibular joint dysfunction)

0
အပြုံးကလေးပြန်လှအောင် (သို့) မေးရိုးဆစ်လွဲခြင်း (Temporomandibular joint dysfunction) ဒီနေ့လည်း စိတ်ဝင်စားစရာ အထူးအဆန်း “မေးရိုးဆစ်လွဲခြင်း” အကြောင်းကလေး တင်ဆက်ပေးလိုက်ပါတယ်.... - မေးရိုးဆစ်ကလေး အကြောင်း တစေ့တစောင်း မေးရိုးကို ဆေးပညာအခေါ်အရ Mandible လို့ခေါ်တယ်။ မေးရိုးကလေးဟာ နားရွက်နှစ်ဖက်ရှေ့နားမှာရှိတဲ့ ဦးခေါင်းခွံအခြေ (Skull Base) မှာ အံဝင်ဂွင်ကျ တည်ရှိနေပြီး...

Leg Cramp ( ကြွက်တက်ခြင်းအကြောင်း) ( November, 2022)

0
လူတိုင်းလူတိုင်း အနည်းဆုံး တစ်ခါလောက်တော့ ကြွက်တက်ဖူးကြမယ်ထင်ပါတယ်။ ကိုယ်မတက်ဖူးရင်တောင် အိမ်က မိသားစုဝင် တစ်ယောက်ယောက် ကြွက်တက်တာကို မြင်ဖူး၊ ကြားဖူးမှာပေါ့ ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သား ရုတ်တရက် ကျုံ့ခြင်းကြောင့် နာကျင်တဲ့ဝေဒနာ ခံစားရတာကို ဆိုလိုတာပါ။ များသောအားဖြင့်တော့ ‌ခြေသလုံးကြွက်သားတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ခြေထောက်က တခြားသော သေးငယ်တဲ့ ကြွက်သားတွေမှာလည်း...

အိပ်တဲ့အချိန် ဟောက်ခြင်း Snoring (October, 2022)

0
သင်ဟာ အိပ်ချိန်မှာ ဟောက်တတ်တဲ့ လူတစ်ယောက်လား? ဒါမှမဟုတ် သင့်မိသားစုထဲမှာ ညအိပ်တဲ့အခါ ဟောက်တတ်တဲ့သူရှိလို့ ညဘက် မအိပ်နိုင်ဘဲ စိတ်အနှောင့်အယှက်ဖြစ်နေရလား? ကိုယ်ကိုယ်တိုင် အိပ်တဲ့အချိန် မဟောက်တတ်ဘူးဆိုရင်တောင်မှ အိမ်မှာ လူကြီးသူမတွေ အိပ်နေတုန်း ဟောက်တဲ့အသံကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ တချို့ကတော့ အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်ရတဲ့နေ့တွေဆို ညဘက်အိပ်တဲ့အချိန်တွေမှာ ဟောက်တတ်တယ်လို့...

ခါးရိုးဆစ် ကျီးပေါင်းတက်ခြင်း (Lumbar Spondylosis)

0
????အသက်အရွယ်ကြီးလာတာနဲ့အမျှ ခါးဆစ်ရိုး ပုံပျက်ယိုယွင်းခြင်း၊ ခါးဆစ်ရိုးကြားရှိ အရိုးနုပြား ယိုယွင်းပျက်စီးခြင်းတွေ ဖြစ်လာပြီး ခါးဆစ်ရိုးနှင့် တွယ်ဆက်တစ်သျှူးများကိုဒဏ်ဖြစ်စေပြီးနောက်ပိုင်းတွင် ခါးရိုးတောင့်တင်း နာကျင်တာတွေ ဖြစ်စေပါတယ်။ ချောမွေ့နေရမယ့် ခါးရိုးအနားသတ်တွေမှာ အပိုဖြစ်လာတာ၊ ခါးရိုးဆစ်၊ ခါးရိုးနုပြားတွေ ယိုယွင်းလာတာကို ခါးရိုးကျီးပေါင်းတက်ခြင်း ( lumbar spondylosis ) လို့...

Ganglion (ခပ်မာမာ အလုံးလေး)(September, 2022)

0
Ganglion ဆိုတာ ခြေတွေလက်တွေမှာ အတွေ့ရများတဲ့ အရေပြားအောက်ကနေ ငေါထွက်နေတတ်တဲ့ ခပ်မာမာ အလုံးတစ်လုံးပါပဲ။ အလုံးထဲမှာတော့ ဂျယ်လီလို အရည်ကြည်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ◼️ အတွေ့ရများတတ်တဲ့ နေရာတွေက ? လက်ကောက်ဝတ်မှာ အဖြစ်များပြီး လက်ဖမိုးဘက်မှာ ပိုတွေ့ရတတ်ပါတယ်။ လက်ချောင်းတွေရဲ့ အခြေနားနဲ့ ခြေဖမိုးပေါ်မှာလည်း တွေ့ရတတ်ပါတယ်။ ◼️ ရောဂါလက္ခဏာတွေက ? Ganglion လုံးဟာ...

Stroke: Part (2) (လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) ) ( August,...

0
လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) Flaccdity after stroke (လေဖြတ်ပြီးနောက်ကြွက်သားလျော့ကျပြီး အားနည်းခြင်း) လေဖြတ်ပြီးနောက် ကြွက်သားများအားနည်းခြင်းဟာ ပြန်လည်ထူထောင်လာခြင်း အစောပိုင်းရက်တွေမှာ ဖြစ်တတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ case တွေမှာတော့ အားနည်းတာဟာ ဆက်လက်ဖြစ်သွားနိုင်ပါတယ်။ ကြွက်သားအားလျော့တယ်ဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောလမ်းကြောင်းတွေကိုထိခိုက်ပြီး ပုံမှန်လှုပ်ရှားနိုင်မှုမရှိတော့တာ ဖြစ်ပါတယ်။ လေဖြတ်ပြီးတဲ့နောက်မှာ ဦးနှောက်နဲ့ကြွက်သားကြားထဲမှာရှိတဲ့ အာရုံကြောချိတ်ဆက်မှုတွေဟာ...

ခါးရိုးစောင်းခြင်း Scoliosis ( August, 2022 )

0
ခါးရိုးစောင်းခြင်း (Scoliosis) မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိအောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ ခန္ဓာကိုယ်အနေအထား မမှန်တဲ့ရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူကြားထဲထွက်ရင် အနေအထားမမှန်တဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ခဏခဏရှက်ရတယ်။ စိတ်အဆင်မပြေ ခံစားရတယ်။ ဒီလိုရောဂါတွေထဲကမှ scoliosis လို့ခေါ်တဲ့ ခါးရိုးစောင်းခြင်းနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဘာတွေလုပ်‌ဆောင်ရမယ်ဆိုတာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Scoliosis ဆိုတာကတော့ မိမိရဲ့ခါးရိုဟာ...

အကြောတက်ရောဂါ Fibromyalgia ( August, 2022 )

0
အကြောတက်ရောဂါ ( Fibromyalgia ) “ကြွက်သားတွေက ဟိုနေရာကနာ ဒီနေရာကနာနဲ့ … တခါတလေ နာလွန်းလို့ အိပ်မရဘူး … အလုပ်လည်းကောင်းကောင်း မလုပ်ရဘူး … ဝေ‌ဒနာက ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်လာတာ တစ်နှစ်ဝန်းကျင်လောက် ရှိပြီ … ဆေးခန်းပြ စမ်းသပ်ကြည့်တော့လည်း ဘာမှ...

Back Exercise (နောက်ကျောပြင် အပေါ်ဘက် နာကျင်ခြင်းကို သက်သာစေသော လေ့ကျင့်ခန်းများ) (August, 2022)

0
နောက်ကျောပြင် အပေါ်ဘက် နာကျင်ခြင်းကို သက်သာစေသော လေ့ကျင့်ခန်းများ (August, 2022) ဖုန်း၊ ကွန်ပြူတာတွေ အကြာကြီးကြည့်ပြီးတဲ့အခါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြာကြီးထိုင်ပြီးတဲ့အခါ ပခုံးနဲ့ နောက်ကျောပြင် တဝိုက် ညောင်းညာ‌နေတာကို အတော်များများ ခံစားဖူးကြမှာပါနော်။ လည်ပင်းအောက်ပိုင်းက‌နေ ဝမ်းဗိုက်ဧရိယာနားအထိ ကျောရိုး‌နေရာကို Thoracic Spine လို့ခေါ်ပါတယ်။ ကျောရိုးရဲ့...

သတိထားစရာ သွေးလေးဖက်နာ Rheumatoid Arthritis ( August, 2022 )

0
" သတိထားစရာ သွေးလေးဘက်နာ " အဆစ်အမြစ်ရောင်ရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ အရွယ်ရောက်ပြီးသူတွေကို ဒုက္ခအပေးဆုံး လေးဘက်နာရောဂါတစ်မျိုးကတော့ သွေးလေးဘက်နာ ( Rheumatoid Arthritis ) ဖြစ်ပါတယ်။ ✳️ သွေးလေးဘက်နာ ဆိုတာ ဘာလဲ ? - လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပြင်ပရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ခုခံအားစနစ်ရှိပါတယ်။- အဲဒီ့ခုခံအားဟာ တစ်ခါတစ်လေ မျက်စိလည်ပြီး ရောဂါပိုးကိုမတိုက်ပဲ...

ခြေဖနောင့်အရွတ်ရောင်ခြင်း Plantar Fasciitis (August, 2022)

0
ခြေဖနောင့်အရွတ်ရောင်ခြင်း (Plantar Fasciitis) ခြေဖနောင့်အရွတ်ရောင်တာဟာ ခြေ‌ဖနောင့်နာရတဲ့အဖြစ်အများဆုံး အကြောင်းရင်းပါ။ ခြေဖနောင့်နဲ့ ခြေချောင်းအရိုးလေးတွေကြား ဆက်သွယ်ထားတဲ့ အရွတ်ရောင်တာပါ။ ဘယ်လိုခံစားရပါလဲ? အများအားဖြင့် စူးစူးပြီးနာပါတယ်။ ဖနောင့်နား ခြေဖဝါးကပါ။ မနက်နိုးနိုးချင်း စလှမ်းတဲ့ ပထမဆုံးခြေလှမ်းမှာ နာလေ့ရှိပါတယ်။ နောက်ပိုင်း ထပြီး လှုပ်ရှားသွားလာရင်တော့ တဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အကြာကြီး မတ်တပ်ရပ်ရင်၊ ထိုင်ရာကနေ...

ခါးနာခြင်း ၊ ခါးကိုက်ခြင်း Backache ( August, 2022 )

0
ခါးနာခြင်း ၊ ခါးကိုက်ခြင်း ( Backache ) ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှား အလုပ်လုပ်နေရတတ်ပါတယ်။ ဒီလိုအလုပ် လုပ်တဲ့အခါ ပုံစံမမှန်တဲ့ ကိုယ်အနေအထားနဲ့ လုပ်ခဲ့ရင် ( ဒါမှမဟုတ် ) ကိုယ်ပုံစံအနေအထားတစ်မျိုးတည်းကို အချိန်အကြာကြီးလုပ်နေခဲ့ရရင် ကိုယ်ခန္ဓာမှာရှိတဲ့ ခြေလက် ၊ ကျောခါးများ နာကျင်လာတတ်ပါတယ်။ ဒါကြောင့်...

အရေပြားလေးဘက်နာ Systemic Lupus Erythematosus (SLE)( July, 2022 )

0
SLE (သို့) အရေပြားလေးဘက်နာ အရေပြားလေးဘက်နာရောဂါ ကို ဆေးပညာလို ( Systemic Lupus Erythematosus) လို့ ခေါ်ပြီး အတိုကောက်အနေနဲ့ SLE / Lupus လို့ မှတ်ထားနိုင်ပါတယ် ။ မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်‌တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune...

“ဆီးချိုခြေထောက်နာရောဂါ” Diabetes Foot ( July, 2022 )

0
သင့်မှာ ဆီးချိုရောဂါရှိတယ်ဆို “ဆီးချိုခြေထောက်နာရောဂါ” မဖြစ်စေရန် ယနေ့မှစ၍ ကာကွယ်ပါ ဆီးချိုရောဂါဟာ ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး အပူ၊ အအေး၊ အထိအတွေ့၊နာကျင်မှု ခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်၍ဖြစ်စေ၊ အခြားအကြောင်းရင်းကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ • ခြေဖဝါးမှာ အသားမာတက်ခြင်း/အသားမာအစိုင်အခဲဖြစ်လာခြင်း• ခြေသည်း ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်ခြင်း• ခြေသည်း...

အရိုးပါး‌ခြင်း Osteoporosis (July,2022)

0
အရိုးပါး‌ခြင်း (Osteoporosis) • လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခု ကတော့ “အရိုးပါးခြင်း” ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာလည်း တွေ့ရတတ်ပါတယ်။• အရိုးအဆစ်များအတွက် အဓိကကျတဲ့ Calcium (ကယ်လ်ဆီယမ်) ဓာတ် လျော့နည်းချို့တဲ့လာခြင်း ကြောင့် အရိုးရဲ့ထုထည်ပါးလာပြီး ထိခိုက်လွယ် အားနည်းတတ်ပါတယ်။• အပေါ်မှာ...

ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း Sprained ankle( June, 2022 )

0
"Sprained ankle" ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း ❓ဘာကို ခြေကျင်း၀တ်ခေါက်ခြင်း (Sprained ankle) လို့ခေါ်ပါသလဲ? ????ခြေကျင်း၀တ်နားမှာ တွယ်ဆက်ထားတဲ့ အရွတ်ပြားတွေဒဏ်ဖြစ်ခြင်းကို​ sprained ankle လို့ခေါ်ခြင်းဖြစ်ပါတယ်။ အရွတ်ပြားရဲ့ အမျှင်တွေကို စွဲဖြဲသကဲ့သို့ တင်းလာပြီး ပြတ်ထွက်ခြင်းနဲ့ အတွင်းထဲ သွေးစီးယိုထွက်ခြင်းတို့ကို ထပ်ဆင့် ဖြစ်နိုင်ပါတယ်။ ရရှိလာတဲ့ဒဏ်ပေါ်မူတည်ပြီး အနည်းငယ်စုတ်ပြဲခြင်းနဲ့ အရွတ်ပြားတစ်ခုလုံးနီးပါးစုတ်ပြဲခြင်း...

အသက်ကြီးသူများတွင် ဖြစ်တတ်သော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး Osteoarthritis ( May, 2022 )

0
အသက်ကြီးသူများတွင် ဖြစ်တတ်သော ဒူးနာခြင်း ( Osteoarthritis ) အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး (osteoarthritis)ကို အသက်အရွယ်မရွေးခံစားရပေမယ့် ၊ အသက်အရွယ်ကြီးရင့်သူတွေမှာတော့ တော်ရုံမပျောက်ကင်းဘဲ စွဲစွဲမြဲမြဲ ဒုက္ခပေးနေတတ်တဲ့အိမ်မက်ဆိုး တစ်ခုဖြစ်နေတတ်ပါတယ်။ အဓိကကတော့ အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေအပေါ် ဒဏ်တွေသက်ရောက်ပြီး ဖြစ်ပေါ်လာခြင်းပါ။ ဒီလိုအဆစ်ရောင်ခြင်း (Degenerative joint disorder )ကို ပျက်စီးယိုယွင်းလာသော...

Gout (အဆစ်ရောင်ဂေါက်ရောဂါ) ( May, 2022 )

0
လူတွေပြောပြောနေကြတဲ့ ဂေါက်ရောဂါ (Gout) ရောဂါဆိုတာဘာလဲ? Gout ရောဂါဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခြေဆစ်၊ လက်ဆစ်တွေနဲ့ တခြားအရိုးအဆစ်ကြီးကြီးမားမားတွေ (ဥပမာအားဖြင့် တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ)မှာ Uric Acid Crystals လို့ခေါ်တဲ့ ပုံဆောင်ခဲလေးတွေကတစ်စထက်တစ်စ စုပုံလာပြီးတဲ့နောက်မှာ အဲ့ဒီအရိုးအဆစ်လေးတွေကရောင်ရမ်းလာပြီးတော့အရိုးအဆစ်လေးတွေနာကျင်လာတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ပုံမှန်မှာတော့ ခန္ဓာကိုယ်ထဲကနေ Purine လို့ခေါ်တဲ့ Protein ဓာတ်တစ်မျိုးကို...

အရိုးပါး/အရိုးပွရောဂါ Osteoporosis ( May, 2022 )

0
အရိုးပါး / အရိုးပွရောဂါ အရိုးပွရောဂါဆိုတာက ဘာလဲ ? အရိုးပွရောဂါကို လွယ်လင့်တကူ မှတ်ရရင်တော့ အပေါက်များနှင့်အရိုးလို့ မှတ်နိုင်ပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးခြင်းကြောင့် အရိုးတွေ အားနည်းကြွပ်ဆတ်လာပြီး အရိုးတွေပါးလာခြင်းပဲဖြစ်ပါတယ်။ အရိုးထုထည်သိပ်သည်းမှုက အသက်၂၀ကနေ ၄၅နှစ်အထိ အများဆုံးဖြစ်ပြီးတော့ အသက် ၅၀နောက်ပိုင်းမှာ တဖြည်းဖြည်းလျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ ဘယ်သူတွေမှာ...

ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး Spondylosis and Screen Time ( April, 2022...

0
"ယနေ့ခေတ်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး" ဒီခေတ်မှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ ပိုအသုံးများလာတာဟာ ခေတ်ရေစီးကြောင်းဖြစ်သလို work from home, clicker, gamer တွေကလည်း လက်ရှိ အနေအထားအရ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အရင်ကထက် ပိုပြီး သုံးလာဖြစ်ပါတယ်။ အဲလို...

ကြွက်တက်တတ်သူတွေ ဘယ်လိုအစားအသောက်တွေ စားသုံးသင့်သလဲ ?

0
ကြွက်တက်တတ်သူတွေ ဘယ်လိုအစားအသောက်တွေ စားသုံးသင့်သလဲ ? ကြွက်သားတွေပြေလျော့မှုမရှိဘဲ တောင့်တင်းလာတဲ့အခါ ကြွက်တက်ခြင်းကို ခံစားရပါတယ်။ ကြွက်တက်တဲ့အခါ ကိုယ့်ဘာသာကုသလို့ ရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ရာသီလာခြင်းစတာတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြွက်သားတွေကို ဖြေလျှော့နှိပ်နယ်ပေးတာ၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်နဲ့ မက်ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေစားပေးခြင်းဖြင့် ကြွက်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ... ... ၁။ ငှက်ပျောသီး ငှက်ပျောသီးတွေဟာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်သလို...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

0
ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ Restless Legs Syndrome (RLS) ( February 2022)

0
အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ ? တချို့လူတွေ ခံစားဖူးကြပါမယ်။ အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာဖြစ်၊ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်၊ နာတာလည်းမဟုတ်၊ ကိုက်တာလည်း မဟုတ်၊ ရောင်ရမ်းတာလည်းမရှိ၊ တခြားလူကို ဘယ်လိုရှင်းပြရမယ်မှန်းလည်းမသိ။ အဲဒါမျိုးဖြစ်တာကို Restless legs syndrome (RLS)လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ? ဖြစ်ရတဲ့ အကြောင်းအရင်းကို ခုချိန်ထိ တိတိကျကျ...

ပခုံးခဲ၊ ပခုံးကပ် ရောဂါ Frozen Shoulder (January 2022)

0
ပခုံးခဲ၊ ပခုံးကပ် ရောဂါ အထက်ပါရောဂါသည် ပြင်ပလူနာအဖြစ် ပြသခံယူရသော အဖြစ်များသည့်ရောဂါ တစ်ခုဖြစ်ပါသည်။ လူနာများအနေဖြင့် အရိုးအထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆရာဝန်၊ အဆစ်အမြစ်သမားတော်၊ အထွေထွေရောဂါကုဆရာဝန် စသည်တို့ထံတွင် ပြသကုသမှုခံယူလေ့ရှိပါသည်။ သို့ဖြစ်ရာ ပခုံးခဲရောဂါ သဘာဝနှင့် စပ်လျဉ်း၍ သိသင့် သတိပြုအပ်သော အချက်များကို တင်ပြအပ်ပါသည်။ ရောဂါသဘာဝ ပခုံးခဲရောဂါသည် ပခုံးပတ်လည်ရှိ...

အရိုး၊ အဆစ်၊ ကြွက်သား၊ အရွတ်တို့နှင့်သက်ဆိုင်သောရောဂါပြဿနာများ