ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါပြဿနာများ

ကြုံခဲ့တဲ့ ဆီးကျောက်လူနာ

0
ညက တစ်ညလုံး မအိပ်လိုက်ရတဲ့ ဆီးကျောက် အကြောင်းလေး ပြောပြချင်လို့။ ဆရာ Surgeon (ခွဲစိတ်ဆရာဝန်) တို့ ကျွန်တော်မှားနေရင်လည်း ပြင်ပေးကြပါဦးနော။ ဆီးလမ်းကြောင်းက ကျောက်ကပ်နှစ်ခုက စတယ်ဗျ။ သူတို့နှစ်ခု ဘယ်မှာနေလဲတော့ သိကြတယ်ဟုတ်။ အောက်ဆုံးနံရိုးနဲ့ ဗိုက်နဲ့အဆက် ခါး‌ဘေးတစ်ဖက်တစ်ချက်မှာ နေကြတယ်။ ကျောက်ကပ်တွေထဲကို ဝင်လာပြီး သွေးတွေလာပို့တဲ့ သွေးကြောတစ်ခုစီရှိတယ်။...

ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း Transplantation (Living Donor) (January, 2024)

0
အားလုံးပဲ မင်္ဂလာပါ... ဒီနေ့မှာတော့ အသက်ရှင်စဉ်လှူဒါန်းတဲ့ အသည်းနဲ့ကျောက်ကပ်အလှူရှင်တွေ (living donor) နဲ့ပတ်သက်လို့ တစေ့‌တစောင်းပြောပြပေးမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိဘဆွေမျိုးသားချင်းတစ်ဦးဦးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးရုံမှတစ်ပါး အခြားသင့်တော်တဲ့ ကုထုံး မရှိတော့တဲ့အခါ... မိဘဆွေမျိုးတွေကို ကူညီလိုစိတ်အပြင် အသက်ရှည်စေလိုတဲ့စေတနာနဲ့ မိမိတို့ရဲ့ ကိုယ်တွင်းအင်္ဂါ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းဖို့ဆုံးဖြတ်ကြလေ့ရှိပါတယ်။ ဘယ်အချိန် အစားထိုးဖို့လိုလဲ ဆိုတာကတော့ သက်ဆိုင်ရာ...

ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း Transplantation (December,2023)

0
ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း (Transplantation) ဆိုတာ အခုခေတ်မှာ သိပ်ပြီး မစိမ်းကြတော့ပါဘူး။ ဆေးပညာတွေ၊ နည်းပညာတွေ ခေတ်မီတိုးတက်လာတာကြောင့် အရင်က မကုနိုင်ခဲ့တဲ့ရောဂါတွေကို ကုသနိုင်လာပါပြီ။ ရောဂါကျွမ်းနေတဲ့၊ လုံး၀ အလုပ်မလုပ်နိုင်လောက်အောင် ပျက်စီးနေတဲ့ ကိုယ်တွင်းအဂႅါ (organ failure) တွေကို အစားထိုးကုသမှုတွေ ပြုလုပ်နိုင်လာပြီး လူ့သက်တမ်းတွေကို ဆွဲဆန့်နိုင်လာကြပါတယ်။ အမှန်တော့ ကိုယ်တွင်းအင်္ဂါအစားထိုးတာဟာ...

လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း Balanitis (September,2023)

0
Balanitis (လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း) Balanitis ဆိုတာ လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းမရှိတဲ့သူတွေမှာ မကြာခဏဖြစ်တတ်တဲ့ လိင်တံထိပ်ပိုင်း (glans penis) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းကို Circumcision လို့ ခေါ်ပါတယ်။ Balanitis ဟာ များသောအားဖြင့် yeast လို့ ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်ပေမယ့်...

ပန်းသေးပန်းညှိုးခြင်းအတွက် ကုထုံးတစ်မျိုး P-Shot treatment (September,2023)

0
ပန်းသေးပန်းညှိုးခြင်းအတွက် ကုထုံးတစ်မျိုး (P-Shot treatment ) P-Shot ကုထုံးဆိုတာ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်းအပြင် အခြားသောအခြေအနေများအတွက် စမ်းသပ်ကုသမှုတစ်ခု ဖြစ်ပါတယ်။ P-Shot ကုထုံးဆိုတာ သွေးရည်ကြည်ဖြစ်တဲ့ platelet-rich plasma (PRP) ကိုယူပြီး ကျားလိင်တံထဲသို့ ထိုးသွင်းခြင်းဖြစ်ပါတယ်။ အဲဒီလိုထိုးသွင်းခြင်းအားဖြင့် တစ်ရှူးများကြီးထွားလာပြီး erection ကို ပိုကောင်းစေပါတယ်။ လူသိအများဆုံးကတော့...

ဆီးမထိန်းနိုင်ဘဲ ထွက်ကျခြင်း Stress Incontinence (September,2023)

0
တစ်ခါတလေ အားရပါးရ ရယ်လိုက်တဲ့အချိန်တွေမှာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျဖူးတာမျိုး ဖြစ်ဖူးကြလား။ ဒါကိုတော့ stress incontinence လို့ ခေါ်ပါတယ်။ Stress incontinence က ဘယ်အချိန်တွေမှာ ဖြစ်တတ်သလဲဆိုရင် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်တဲ့အခါ (ဥပမာ - ချောင်းဆိုးတာ၊ ရယ်တာ၊ နှာချေတာ၊ အလေးအပင်မတဲ့အခါမျိုးတွေမှာ) ကိုယ့်ရဲ့ဆီးအိမ်ပေါ်ကို...

ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ (September,2023)

0
"ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ" ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး...

ပန်းသေပန်းညှိုးခြင်းအကြောင်း သိမှတ်စရာ Impotence (August,2023)

0
"အမျိုးသားများ ပန်းသေပန်းညှိုးခြင်းအကြောင်း သိမှတ်စရာ (Impotence)" ပန်းသေပန်းညှိုးခြင်းဆိုတာ အမျိုးသားတစ်ဦးက လိင်တံကို မထောင်မတ်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်းကို ခေါ်ပါတယ်။ Erectile dysfunction လို့လည်း ခေါ်ကြပြီး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် မစွမ်းဆောင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ပန်းသေပန်းညှိုးခြင်းဟာ လူတစ်ဦးရဲ့ လိင်ဆက်ဆံတဲ့အခါ စိတ်ကျေနပ်မှုကို သက်ရောက်မှုဖြစ်စေပါတယ်။ အသက်အရွယ်မရွေး...

ကလေးမီးဖွားပြီးခါစ အမျိုးသမီးများ ဆီးမထိန်းနိုင်ခြင်း ပြဿနာ (August,2023)

0
"ကလေးမီးဖွားပြီးခါစ အမျိုးသမီးများ ဆီးမထိန်းနိုင်ခြင်း ပြဿနာ" ဒီပြဿနာဟာ ကမ္ဘာပေါ်က ကလေးမီးဖွားပြီး အမျိုးသမီး (၃) ယောက်မှာ (၁) ယောက် တွေ့ကြုံ ခံစားကြရတဲ့ ပြဿနာပါ။ မိမိ တစ်ဦးတစ်ယောက်ထဲမှ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆီးမထိန်းနိုင်တာမျိုး မဟုတ်ပါဘူးနော်။ .. ????ကလေးမွေးပြီး ဘာလို့ ဆီးမထိန်းနိုင်ရတာလဲ ကိုယ်ဝန်ဆောင်ချိန် ထွက်လာတဲ့ ဟော်မုန်းတွေရယ်၊ ကလေးမီးဖွားခြင်းကြောင့်...

ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း Nocturia

0
“ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း (Nocturia)” ညအိပ်ရာဝင်ပြီးနောက် တစ်ကြိမ်ထက်ပိုပြီး ဆီးထသွားရတာကို Nocturia လို့ခေါ်ပါတယ်။ အသက် ၃၀ အရွယ် လူလတ်ပိုင်းတွေ သုံးယောက်မှာ တစ်ယောက်လောက်က ဒီပြဿနာရှိတတ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ ဒီလို ညဘက်ဆီးထသွားရတဲ့ပြဿနာ ပိုများလာပါတယ်။ တချို့အတွက်တော့ ဒီလို ညဘက်ဆီးထသွားရတာ သူတို့ရဲ့တချို့သောအကျင့်တွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျန်းမာရေးပြသနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ .. .. ⬜...

ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု

0
"ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု" Nephrotic Syndrome ဆိုတာ ကျောက်ကပ်တွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့သွေးကြောငယ်တွေဟာ သွေးထဲက အညစ်အကြေးတွေနဲ့ ပိုနေတဲ့အရည်တွေကို ဖယ်ရှားစစ်ထုတ်ပေးပါတယ်။ အညစ်အကြေးနဲ့ အရည်တွေဟာ ဆီးအိမ်ကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ပါတယ်။ ဒီလို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့အစိတ်အပိုင်းတွေကို "glomeruli"...

ဆီးကျိတ်ကင်ဆာ Prostate Cancer

0
"ဆီးကျိတ်ကင်ဆာအကြောင်း သိကောင်းစရာ" ▲ ဆီးကျိတ်ကင်ဆာဆိုတာ ဘာလဲ ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာ အထိန်းအချုပ်မဲ့ အဆမတန်ပွားများလာခြင်း ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ဆဲလ်တွေ ပွားလာရာကနေ စပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားမျိုးပွားမှုစနစ်မှာပါတဲ့ ဂလင်းတစ်ခုဖြစ်ပြီး ဆီးအိမ်အောက်မှာ ရှိပါတယ်။ ဆီးကျိတ်ဂလင်းကနေ သုက်ရည်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ အရည်ကိုဖြစ်စေပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲက တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်...

ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် End Stage Renal Disease

0
အသက် ၇၁ နှစ်ကျော်အထိ သန်တုန်းမြန်တုန်း ဦးကြိုင်တစ်ယောက် ခုတလော အသားတွေ ယားယားနေသည်မှာ သုံးလခန့်ရှိနေပြီ ဖြစ်သည်။ အဖုတွေအပိန့်တွေလည်း မယ်မယ်ရရမထွက်ဘဲ ယားလေကုတ်လေနဲ့ သံသရာလည်နေ၏။ လူက ပိန်ပိန်ပါးပါးပေမယ့် အရင်ကလည်း ရောဂါကြီးကြီးမားမား မဖြစ်ဖူးခဲ့ ... တစ်ခါမှလည်း မစစ်ဖူးခဲ့။ သွေးပေါင်တောင် ငယ်ငယ်ကချိန်ဖူးတာ တစ်ခါလားပဲမသိ။ ဦးကြိုင်က...

ဆီးမထိန်းနိုင်ခြင်း Urinary Incontinence

0
ဆီးမထိန်းနိုင်တဲ့ ပြဿနာဟာ ကျား/မ မရွေး ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့အပြင် ကာယကံရှင်ကိုယ်တိုင်ကလည်း ရှက်ရွံ့စရာလို့ ခံစားရတတ်ပါတယ်။ ဘယ်လောက်ထိ ဆီးမထိန်းနိုင်သလဲဆိုတာကတော့ ခံစားရသူအလိုက် ကွာခြားတတ်ပါတယ်။ တချို့သူတွေမှာတော့ ချောင်းဆိုး၊ နှာချေလိုက်တဲ့ အချိန်တွေမှာ ဆီးအနည်းငယ် ထွက်သွားတာရှိသလို တစ်ချို့သူတွေမှာတော့ ရေအိမ်ထိသွားဖို့တောင် မမီလိုက်တဲ့အထိကို ဆီးအများကြီး ထွက်ကျတာမျိုးလည်း ရှိပါတယ်။ အသက်ကြီးလာတဲ့အခါမှာ...

ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း “ Dehydration” (May 2023)

0
ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း (Dehydration) Dehydration ဆိုတာ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့ အရည်ပမာဏထက် ဆုံးရှုံးသွားတဲ့/အသုံးချလိုက်တဲ့ အရည်ပမာဏက ပိုများနေပြီး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရေနဲ့ တခြားအရည်တွေ လုံလုံလောက်လောက် မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ . ဘယ်ချိန်မှာ ရေဓာတ်ခန်းခြောက်နိုင်လဲ ? ဆုံးရှုံးသွားတဲ့အရည်ကို အချိန်မီအစားမထိုးရင် ရေဓာတ်ခန်းခြောက်ခြင်း (dehydration)...

သုက်လွှတ်​မြန်ခြင်း “ Premature Ejaculation” (May 2023)

0
သုက်လွှတ်​မြန်ခြင်းဆိုတာ ဘာလဲ ? သုက်လွှတ်မြန်တယ်ဆိုတာ အမျိုးသားတွေမှာ ဖြစ်လေ့ရှိတဲ့ မိမိလက်တွဲဖော်နဲ့ အတူနေစဥ်အတွင်း လိုချင်တာထက် ပိုစောပြီး ခန္ဓာကိုယ်မှ သုက်ရည်ထွက်ခြင်းကို ခေါ်ပါတယ်။ သုက်လွှတ်မြန်ခြင်းဟာ အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး အမျိုးသား (၃) ဦးမှာ (၁) ဦး ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ သုက်လွှတ်မြန်ခြင်းဟာ မကြာခဏ...

မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)

0
ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့.....မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ....... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

ဆီးကျိတ်ရောင်ရောဂါ Prostatitis (May 2023)

0
"သိကောင်းစရာ ဆီးကျိတ်ရောင်ရောဂါ (Prostatitis)" အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာ Prostate လို့ခေါ်တဲ့ ဆီးကျိတ်လေးရှိပါတယ်။ ဒီဆီးကျိတ်လေးဟာ အမျိုးသားသုတ်ရည်ကြည်တွေ ထုတ်လွှတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒီကနေ့မှာတော့ ဆီးကျိတ်ကလေးကို ပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ ဆီးကျိတ်ရောင်ရောဂါ (Prostatitis) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ .. .. ????ဆီးကျိတ်ရောင်ရခြင်း အကြောင်းတရားများ အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကတစ်ဆင့် ဆီးကျိတ်ကိုပါ ပိုးဝင်စေပြီး...

Steroid ရဲ့ အသုံးလည်းဝင်သလို ဘေးလည်းဖြစ်စေတဲ့ အကျိုးဆက်တွေ (April 2023)

0
"ဝလည်းဝ ကြွလည်းကြွတဲ့...ဘက်စုံသုံးဆေးတော်ကြီး Steroid ရဲ့ အသုံးလည်းဝင်သလို ဘေးလည်းဖြစ်စေတဲ့ အကျိုးဆက်တွေ" .. စတီးရွိုက်ဆေးအမျိုးအစားပေါင်း များစွာထဲကမှ Cortico-steroid လို့ခေါ်ပြီး အသုံးများနေတဲ့ အမျိုးအစားတွေအနေနဲ့ ကော်တီစုန်း (Cortisone) ၊ ဟိုက်ဒရိုကော်တီစုန်း (Hydrocortisone) ၊ ပရပ်နီဆိုလုံး (Prednisolone) စတဲ့အမျိုးအစားတွေက လူသိများကြပါတယ်။ ဒီစတီးရွိုက်ဆေးတွေကို သာမာန် စပ်ဆေးဆိုင်တွေနဲ့...

ဆီးအိမ်ကင်ဆာ (Bladder Cancer)

0
ဆီးအိမ်ကင်ဆာ(ခေါ်) Bladder cancer ဟာ အဖြစ်အများဆုံး ကင်ဆာစာရင်းရဲ့ နံပါတ် (၇) မှာ ရှိနေပါတယ်။ အသက် (၅၀) အောက်မှာ ဖြစ်တာနည်းပေမယ့် အသက် (၇၀) နဲ့အထက် အထူးသဖြင့် အမျိုးသားတွေမှာ အများဆုံး ဖြစ်ပါတယ်။ ဆီးအိမ်ကင်ဆာဖြစ်နေတဲ့ လူနာတွေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဟာ ဆီးထဲသွေးပါတာ...

အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း Foreskin hygiene and Circumcision (February, 2023)

0
အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း (Foreskin hygiene and Circumcision) အမျိုးသားတွေမှာ လိင်အင်္ဂါသန့်ရှင်းမှု အားနည်းတဲ့အခါ အနံ့ဆိုးထွက်တာ၊ လိင်တံနာကျင်တာ၊ ယားယံပြီး နေရခက်တာ၊ ရောဂါပိုးဝင်တာတွေအပြင် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေများလှပါတယ်။ ဒါ့အပြင် လိင်အင်္ဂါသန့်ရှင်းမှု အားနည်းခြင်းဟာ လိင်တံကင်ဆာ (Penile Cancer) ဖြစ်ပွားနိုင်ခြေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သုတေသနစာတမ်းတွေက...

” ကျောက်ကပ်သွေးသန့်စင်နေရသူများ (ကျောက်ကပ်ဆေးနေရသူများ) ဆောင်ရန်ရှောင်ရန် အစာအာဟာရများ “

0
" ကျောက်ကပ်သွေးသန့်စင်နေရသူများ (ကျောက်ကပ်ဆေးနေရသူများ) ဆောင်ရန်ရှောင်ရန် အစာအာဟာရများ " ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပေးရုံသာမက ဓာတ်ပစ္စည်းများနဲ့ အရည်များကိုလည်း ထိန်းညှိပေးပါတယ်။ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ပစ္စည်းများ မညီမမျှဖြစ်လာကာ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။ ကျောက်ကပ်တုဖြင့်သွေးသန့်စင်ခြင်းဟာ ပုံမှန်ကျောက်ကပ်ကောင်းတစ်ခု လုပ်နိုင်စွမ်းရည်ရဲ့ ၁၀-၁၅% သာရှိပါတယ်...

ကျောက်ကပ် အစားထိုးကုသခြင်း ( Renal Transplant )

0
ကျောက်ကပ် အစားထိုးကုသခြင်း ( Renal Transplant ) ကျောက်ကပ် အစားထိုး ကုသတယ် ဆိုတာ... ကျောက်ကပ် အစားထိုး ကုသတယ်ဆိုတာ နာတာရှည် ကျောက်ကပ်ရောဂါဝေဒနာရှင်ရဲ့ ပုံမှန်အလုပ်မလုပ်တော့တဲ့ ကျောက်ကပ်ကို တခြားတစ်စုံတစ်ဦးရဲ့ ကျန်းမာတဲ့ကျောက်ကပ်နဲ့ အစားထိုး ကုသတာကို ဆိုလိုပါတယ်။ အစားထိုးဖို့ ကျောက်ကပ်ရဲ့ လိုအပ်ချက်တွေက.... အစားထိုးရန် လိုအပ်သောကျောက်ကပ်ကို...

ကျောက်ကပ်ဆေးခြင်း ( Dialysis )

0
ကျောက်ကပ်ဆေးခြင်း ( Dialysis ) နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်စီးတဲ့လူနာတွေမှာ ရွေးချယ်စရာကုသစရာအနေနဲ့ အဓိကအားဖြင့် ၃ မျိုးရှိပါတယ်။ (၁) ကျောက်ကပ်ဆေးခြင်း (သို့) သွေးသန့်စင်ခြင်း - သွေးကြောမှ သွေးသန့်စင်ခြင်း - ဝမ်းဗိုက်မှ သွေးသန့်စင်ခြင်း (၂) ကျောက်ကပ်အစားထိုးကုသခြင်း (၃) လက္ခဏာဝေဒနာများကိုသာ ကုသပေးခြင်း ဒီအထဲကမှ ကျောက်ကပ်ဆေးခြင်း (သွေးသန့်စင်ခြင်း)ဟာ အသုံးများပြီး တွင်တွင်ကျယ်ကျယ်လည်း ကုသမှုခံယူနေကြတဲ့ နည်းလမ်းတစ်မျိုး...

နာတာရှည်ကျောက်ကပ်ရောဂါ ( Chronic Kidney Disease )

0
နာတာရှည်ကျောက်ကပ်ရောဂါ ( Chronic Kidney Disease ) နာတာရှည်ကျောက်ကပ်ရောဂါဟာ အချိန်ကာလ ကြာမြင့်စွာ ကျောက်ကပ်ယိုယွင်းပျက်စီးပြီး ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာများ မဆောင်ရွက်နိုင်တော့ခြင်းဖြစ်ပါတယ် ။ .. နာတာရှည်ကျောက်ကပ်ရောဂါ ဘာကြောင့်ဖြစ်ရသလဲ ? အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ် ။ အများဆုံးကတော့ ဆီးချို နဲ့ သွေးတိုးရဲ့နောက်ဆက်ဆက်တွဲဆိုးကျိုးကြောင့် ဖြစ်ပါတယ် ။ ကျောက်တည်တာ ၊...

Kidney Disease(ကျောက်ကပ်ရောဂါ)(December, 2022)

0
Kidney Disease (ကျောက်ကပ်ရောဂါ) ကျောက်ကပ်ရောဂါဟာ အဖြစ်များပါတယ်။ အဓိကအားဖြင့်တော့ ဆီးချိုသေချာမထိန်းတဲ့သူတွေနဲ့ သွေးတိုးရှိတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတွေကတော့... –ကျောက်ကပ်ရဲ့ အခြေခံယူနစ်လေးတွေ ဖြစ်တဲ့ nephron တွေ ရောင်တာ (glomerulonephritis) –ကျောက်ကပ်မှာ အရည်အိတ်တွေ ဖြစ်လာတာ (polycystic kidney disease) –ဆီးအိမ်ကနေ ကျောက်ကပ်ကို ဆီးနောက်ပြန်သွားလို့ ဖြစ်တဲ့ (reflux...

Benign Prostatic Hypertrophy (ဆီးကျိတ်ကြီးခြင်း) ( December, 2022)

0
ဆီးကျိတ်ကြီးခြင်း (Benign prostatic hyperplasia) ဆီးကျိတ်ဆိုတာ အမျိုးသားတွေမှာပါရှိတဲ့ သစ်ကြားသီးအရွယ် အင်္ဂါလေးပါ။ ဆီးအိမ်အပေါက်ဝနားနဲ့ ဆီးစွန့်ပြွန်ရဲ့ပထမဆုံး (၂.၅) စင်တီမီတာလောက်ကို ငုံပြီးရှိနေတာပါ။ အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ပတ်သတ်တဲ့ရောဂါပေါင်းစုံ ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကြီးတာလည်း အဖြစ်များတဲ့ဆီးကျိတ်ရောဂါတွေထဲက တစ်ခုပါ။ ဘယ်အသက်အရွယ်မှာ အဖြစ်များသလဲ ? ဆီးကျိတ်ကြီးတာက အသက်(၄၅)နှစ်နဲ့အထက်အမျိုးသားတွေမှာ အဖြစ်များကြပါတယ်။အသက်(၅၀)မတိုင်ခင်အထိတော့ ရောဂါလက္ခဏာဆိုးလာတာ...

ကျောက်ကပ်ဆေးနေသူတွေနဲ့ အာဟာရချို့တဲ့မှု Dietary Advices for Dialysis Patient (November, 2022)

0
ကျောက်ကပ်ဆေးနေသူတွေအနေနဲ့ အာဟာရချို့တဲ့မှုဖြစ်ဖို့ ပိုလွယ်တာ သိပါရဲလား ? ကျောက်ကပ်ဆေးသူတွေမှာ တစ်ခါတစ်ခါဆေးတိုင်း စွန့်ပစ်ရည်ထဲ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တွေ ပါသွားတဲ့အတွက် အသားဓာတ်ကို တစ်နေ့တာ လိုအပ်ချက်ပြည့်မှီအောင် စားပေးရပါမယ် နာတာရှည် ကျောက်ကပ်ဝေဒနာသည်တွေဟာ ကျောက်ကပ်တစ်ခါတစ်ခါ ဆေးဖို့အတွက် သွားလာရတာ ပင်ပန်းတာ၊ မောတာ ယူရီးယားလို အသားဓာတ်တက်တာတွေ ကိုယ်တွင်း မသိမသာ ရောင်ရမ်းမှုတွေရှိတာကြောင့်  ခံတွင်းမတွေ့ ဖြစ်လွယ်တာ အာဟာရဆုံးရှူံးမှုဖြစ်တာ ပျို့လွယ် အန်လွယ်...

ကျောက်ကပ်ရောဂါသည်များ ( ကျောက်ကပ်ပျက်စီးမှု အဆင့် ၃ နှင့် ၄ ) (CKD Stage 3...

0
ကျောက်ကပ်ရောဂါသည်များ ( ကျောက်ကပ်ပျက်စီးမှု အဆင့် ၃ နှင့် ၄ ) (CKD Stage 3 & 4)အတွက် အစားအစာ ထိန်းသိမ်းစားရမည့်ပုံစံ " ပရိုတိန်း "=========အသားဓါတ်ကိုပြောတာပါကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် ၀.၈ ဂရမ်နှင့်အထက်နှုန်းဖြင့် စားသုံးရပါမည်။ ဥပမာ - ၆၀ကီလိုရှိသောလူအတွက် စားသုံးရမည့်ပရိုတိန်းပမာဏမှာ...

အမျိုးသမီးများတွင်ဖြစ်တတ်သော ဆီးအိတ်ရောင်ခြင်း (October,2022)

0
ဆီးအိတ်ရောင်ခြင်းဆိုတာ ဘာလဲ? ဆီးအိတ်ရောင်ခြင်းဆိုတာ အမျိုးသမီးတွေရဲ့ ဘဝ တလျှောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒုက္ခတစ်မျိုးပါ။ ဆီးအိတ်ရောင်ခြင်းအဖြစ်များတဲ့ အချိန်ကာလတွေကတော့ သံဝါသမှု စပြုခြင်း (ဝါ) ဟမ်းနီးမွန်းထွက်ပြီးနောက် ဆီးအိတ်ရောင်ခြင်း၊ ကိုယ်ဝန်ဆောင်စဥ်ဆီးအိတ်ရောင်ခြင်းနဲ့ သွေးဆုံးပြီးနောက် ဆီးအိတ်ရောင်ခြင်းတို့ဖြစ်ပါတယ်။ ဆီးအိတ်ရောင်ခြင်းကို ဖြစ်ပွားစေတတ်သော အကြောင်းတရားများမှာ အဘယ်နည်း? ဘတ်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ခြင်းကိုဖြစ်ပေါ်စေတတ်ပြီး အများစုဟာ E.coli လို့ခေါ်တဲ့...

ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infection ( September, 2022)

0
ဆီးလမ်းကြောင်းပိုးဝင်ခြင်း( Urinary Tract Infection) ဒီတစ်ခါတော့ ပုံစံလေးပြောင်းရင်း လိုတိုရှင်းနဲ့ ဗဟုသုတမျှဝေလိုက်ပါတယ်...( နောက်ဆုံးပုံလေးကတော့ ချစ်တဲ့သူအားလုံးအတွက်ပါ ???? ) Ministry of Health, National Unity Government.

ဆီးမထိန်းနိုင်တဲ့ပြဿနာ Urinary incontinence ( August, 2022 )

0
ဆီးမထိန်းနိုင်တဲ့ပြဿနာ ( Urinary incontinence ) ဆီးမထိန်းနိုင်တဲ့ ပြဿနာဟာ လက်တွေ့မှာ အတော်လေးကို ကသိကအောက်နိုင်တဲ့ ပြဿနာပါ။ အထူးသဖြင့် လူကြားသူကြားထဲ နှာချေရင်း၊ ချောင်းဆိုးရင်း၊ ခွက်ထိုးခွက်လှန်ရယ်ရင်း တပါတည်း ဆီးစက်များပါ လှိမ့်ဆင်းလာတဲ့ အခါ အင်မတန်ကို ဖြေရှင်းရ ခက်ခဲပါတယ်။ ဒါမျိုးကို...

မြင်းခွာပုံ ကျောက်ကပ် Horse Shoe Kidney( July, 2022 )

0
မြင်းခွာပုံ ကျောက်ကပ် ( Horse shoe kidney ) ကျောက်ကပ်၏အလုပ်? ကျောက်ကပ်သည် သွေးအတွင်းရှိ စွန့်ပစ်ရမည့်ပစ္စည်းများကို စွန့်ပစ် ၊ ပြန်စုပ်ယူရမည်တို့ကို ပြန်စုပ်ပေးပါသည်။ ခန္တာကိုယ်အတွက် အရေးပါသော ဓာတ်များကို ထိန်းညှိပေးပါသည်။ ခန္တာကိုယ်အတွက် မလိုအပ်တော့သည့်ရေနှင့်အညစ်အကြေးတို့ကို ဖယ်ရှားသန့်စင်ပေးပါသည်။ မြင်းခွာပုံကျောက်ကပ်ဆိုတာ ဘာလဲ? မြင်းခွာပုံကျောက်ကပ်ဆိုသည်မှာ မွေးရာပါရောဂါတစ်မျိုး ဖြစ်ပါသည်။...

ဝှေးစေ့ကင်ဆာ Testicular Cancer ( July,2022 )

0
“ဝှေးစေ့ကင်ဆာ အဖြေရှာ ၊ မရှက်ကြောက်ဘဲ ဆွေးနွေးတိုင်ပင်ပါ " Testicular Cancer ++++++++++++++++++++++++++++++++++++ • ဝှေးစေ့ (Testes) ဆိုတာကတော့ အမျိုးသားတို့ရဲ့ လိင်အင်္ဂါ (Penis) နားမှာရှိပြီး ကပ်ပယ်အိတ် (scrotum) ကဖုံးအုပ်ပေးထားတဲ့ ဘဲဥပုံသဏ္ဍာန် အင်္ဂါနှစ်ခုကို ဆိုလိုပါတယ်။ ဝှေးစေ့မှာ ဖြစ်တဲ့...

ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia ( May, 2022 )

0
သတိထားပါ ဆီးကျိတ်ပြဿနာ ???? အဖေဒီတလော ညဘက်ခဏခဏ ဆီးထထသွားနေတယ်နော်။ ဟုတ်လားအဖေ? ဆီးချိုရှိရင် အဲ့လိုဖြစ်တတ်တယ် ကြားဖူးတယ် ၊ ဆီးချိုသွားစစ်ကြည့်ရအောင်လေ ????‍???? အေးသမီး...တစ်ကယ်တော့ အဖေဖြစ်နေတာ တော်တော်တောင်ကြာနေပြီ။ အဲဒါကြောင့် ဟိုရက်ကပဲ သမီးအမေနဲ့ ဆေးခန်းမှာ နှစ်ယောက်လုံး မနက်အစော အစာမစားခင် ဆီးချိုသွားဖောက်ထားသေးတယ်။ ကောင်းတယ်လို့ပြောတယ်။ အဖေကလည်း ညဘက်ဆီးခဏခဏသွားတဲ့ကိစ္စ...

ပန်းသေပန်းညှိုးရောဂါ Erectile Dysfunction/ Impotency( May, 2022 )

0
ပန်းသေပန်းညှိုးမဖြစ်စေဖို့ ❓ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ...

ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infections (UTI) in Children

0
ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း =============================== ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုး၀င်တာကို ခေါ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေးသေးခံ(diaper) သုံးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ ဘယ်လိုဖြစ်တာလဲ ? ဘက်တီးရီးယားလို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ ဆီးလမ်းကြောင်းထဲ ၀င်သွားလို့ပါ။ အများအားဖြင့် စအို၀၊...

ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း Kidney Stones

0
ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း============================== (၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ ? ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ... နံရိုးအောက် ခါးအနောက်ပိုင်းနဲ့ ဘေးဘက်တွေမှာ စူးပြီးအောင့်မယ်။ ရံဖန်ရံခါ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ပေါင်ခြံတွေအထိ အောင့်တတ်ပါတယ် နာကျင်မှုဟာ လှိုင်းလုံးတွေဆင့်လာသလို တဖြေးဖြေးတိုးပြီး နာလာတတ်ပါတယ် ဆီးသွားတဲ့အခါမှာ ပူတာ ၊ ကျင်တာ ၊ အောင့်တာ...

ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါပြဿနာများ