ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါပြဿနာများ

သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါ Absence Seizure

0
အတက်ရောဂါအမျိုးမျိုးရှိတဲ့အထဲကမှ Absence seizure ဆိုတဲ့ သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါအကြောင်းကို ဒီကနေ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရောဂါကတော့ လူကြီးတွေထက်စာရင် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ . Absence seizure ဖြစ်တဲ့အခါမှာ ရောဂါရှင်ဟာ နေရာတစ်ခုကို သတိမရှိသလို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေတတ်ပါတယ်။ ပြီးမှ အလျင်အမြန် သတိပြန်ဝင်လာတာဖြစ်ပါတယ်။ အသက်အန္တရာယ်မရှိပေမယ့်...

လေဖြတ်ရောဂါနှင့် ပတ်သတ်သော သိကောင်းစရာများ Stroke

0
လေဖြတ်ရောဂါဟာ (၂၀၁၉) ခုနှစ် ဒေတာများအရကမ္ဘာပေါ်မှာ ဒုတိယမြောက် သေနှုန်းအမြင့်ဆုံးရောဂါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ အသက်သေဆုံးနှုန်းနဲ့ နာတာရှည်အနေနဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ကျန်ခဲ့တဲ့နှုန်း များတဲ့ရောဂါပါ။ လေဖြတ်ရောဂါကို အဓိက (၃) မျိုး ခွဲခြားနိုင်ပါတယ်။ • ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်း (Ischaemic stroke)၊ • သွေးကြောပေါက်လို့ ဦးနှောက်တွင်း...

အတက်လူနာအတွက် ရှေးဦးစောင့်ရှောက်မှု

0
???? သတိလစ်ပြီး တက်နေတဲ့လူနာနဲ့ ကြုံရတဲ့အခါ လွယ်ကူစွာ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ???? ◾မိမိစိတ်ကို တည်ငြိမ်အောင်ထားပါ ဘယ်သူမဆို တက်နေတဲ့လူနာနဲ့ လက်တွေ့ကြုံရတဲ့အခါ "ဟဲ့ လာကြပါဦး။ လုပ်ကြပါဦး...." စသဖြင့် အလန့်တကြားတွေ ဖြစ်တတ်ကြပါတယ်။ ဒီလို မဖြစ်ပါစေနဲ့နော်။ စိတ်အေးအေးထားပါ။ တက်နေတဲ့လူနာတွေဟာ များသောအားဖြင့် မိနစ်ပိုင်းအတွင်း သူ့အလိုလို အတက်ရပ်သွားပါလိမ့်မယ်။...

အကိုက်အခဲပျောက်ဆေးကဲ့သို့သော ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း (Medication Overuse Headache – MOH)

0
ဆေးဝါးများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း (MOH) ဆိုတာဟာ Triptans, Ergotamines, Opiates, NSAIDs နဲ့ Paracetamol လိုမျိုး ဆေးအပြင်းတွေ သို့မဟုတ် အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏအသုံးပြုတာကြောင့် ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine (မိသားစုမျိုးရိုးမှာ Migraine ရှိသူ) တွေမှာ အများအားဖြင့်...

အမြင်အာရုံကြော ရောင်ရမ်းခြင်း Optic Neuritis (February, 2024)

0
အမြင်အာရုံကြော ရောင်ရမ်းခြင်း (Optic neuritis) Optic neuritis ဆိုတာကတော့ မျက်လုံးရဲ့ အမြင်အာရုံကြော ရောင်ရမ်းတဲ့ရောဂါ ဖြစ်ပါတယ်။ အဲဒီ အမြင်အာရုံကြောဟာ မျက်လုံးနဲ့ ဦးနှောက်ကို ကေဘယ်ကြိုးတွေလို ဆက်သွယ်ပေးထားတဲ့ အာရုံကြောအမျှင်အစုဖြစ်ပြီး မျက်လုံးကနေ အမြင်အာရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အာရုံကြောအမျှင်တွေပေါ်မှာ...

နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်း Narcolepsy Disease (February, 2024)

0
ညဘက်တွေမှာ အိပ်မပျော်တာဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သလို နေ့ဘက်တွေမှာ ခဏခဏ အိပ်ငိုက်တတ်တာကလည်း သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Narcolepsy လို့ခေါ်တဲ့ နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီရောဂါမှာ ကာယကံရှင်ဟာ ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့...

အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း Sleep Paralysis (December,2023)

0
အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း (Sleep paralysis) Sleep paralysis ကိုတော့ မြန်မာလူမျိုးတွေမှာ ဘီလူးစီးတယ်၊ သရဲစီးတယ်လို့ ‌တော်တော်များများ ယူဆသတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က လှုပ်မရဖြစ်ပြီး အသက်ရှူကျပ်တာ ဒါမှမဟုတ် အလွန်ကြောက်စရာကောင်းတဲ့ အရာတွေကို မြင်တွေ့ရလို့ ဖြစ်ပါတယ်။ ဒါဆို ဒီလိုတွေ ဘာကြောင့်ဖြစ်ရတယ်...

ဆီးချိုရောဂါနှင့် ခြေထောက်ကျန်းမာရေး (December,2023)

0
သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။ ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချို‌နှီးနွယ် ခြေထောက်ရောဂါအကြောင်း...

“ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ” (December,2023)

0
ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။ ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့... (၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric...

စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း Tension Headache (October,2023)

0
စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ခေါင်းကိုက်ခြင်းဝေဒနာဆိုတာ လူတိုင်း နေ့စဥ်ဘဝမှာ ရံဖန်ရံခါ (သို့) မကြာခဏ ကြုံတွေ့ခံစားရတဲ့ ပြဿနာ ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်တကူ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပါရာစီတ‌မောသောက်ရုံလောက်နဲ့ အဆင်မပြေတဲ့ မပေါ့ဆသင့်တဲ့ ခေါင်းကိုက်ခြင်းတွေရှိသလို အန္တရာယ်မများတဲ့ ခေါင်းကိုက်ဝေဒနာတွေလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခေါင်းကိုက်ဝေဒနာဟာ...

လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ရမလဲ “ Stroke Prevention” (May 2023)

0
ကိုယ်တစ်ခြမ်း မလှုပ်နိုင်၊ လမ်းမလျှောက်နိုင်၊ စကားပီပီသသ မပြောနိုင်...အစရှိတဲ့ လေဖြတ်ခံထားရတဲ့ လူနာမျိုးတွေနဲ့ တွေ့ဖူးကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီနေ့ ပြောပြချင်တဲ့အကြောင်းကတော့ လေဖြတ်ရောဂါမဖြစ်အောင် ဘယ်လို စားသောက်နေထိုင်ရမလဲ ဆိုတဲ့အကြောင်းလေး ဖြစ်ပါတယ်။ လေမဖြတ်အောင် အကောင်းဆုံးနေထိုင်နည်းလမ်းတွေကတော့ အာဟာရမျှတတဲ့ အစားအသောက် စားခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း၊...

မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)

0
ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့.....မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ....... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း Medication overuse headache (March, 2023)

0
အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Medication overuse headache) ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားအတိုင်း မိမိဂရုစိုက်တာဟာ လွန်လွန်ကျွံကျွံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုတာထက်ပိုပြီး ဆေးတွေကို ပိုသုံးခဲ့ရင် ရှိရင်းစွဲရောဂါဟာ...

“ အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)”

0
"အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)" အာရုံကြောအားနည်းခြင်းဆိုတာ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးတာကိုခေါ်ပါတယ်။ . အာရုံကြောအားနည်းစေတဲ့အကြောင်းအရင်းများမှာ ၁။ ဆီးချိုသွေးချိုကြောင့်ဖြစ်တာ (အဖြစ်အများဆုံး) ၂။ ကျောက်ကပ်မကောင်းတာ ၃။ ဟော်မုန်းဓာတ်မညီမျှတာ ၄။ မျိုးရိုးလိုက်တာ ၅။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်ဖြစ်တာ ၆။ အာရုံကြောတွေ ချို့ယွင်းလို့ဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ . အာရုံကြောအားနည်းခြင်းအမျိုးအစားတွေကတော့......... အမျိုးအစားပေါင်း ၁၀၀...

လက်ကောက်ဝတ်အကြောညပ်တဲ့ရောဂါ Carpal Tunnel Syndrome

0
Carpal Tunnel Syndrome ဆိုတာကတော့ အလွယ်တကူပြောရရင် လက်ကောက်ဝတ်အကြောညပ်တဲ့ရောဂါပဲ ဖြစ်ပါတယ်။ လက်ကောက်ဝတ်ကို အာရုံကြောထောက်ပံ့ပေးနေတဲ့ median nerve လို့ခေါ်တဲ့ အာရုံကြော အဖိခံရတဲ့အတွက် ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ လက်ချောင်းတွေကို အာရုံခံစားမှု ထောက်ပံ့ပေးတဲ့ အဲ့ဒီ median nerve ဟာ လက်ကောက်ဝတ်မှာရှိတဲ့ carpal...

သတိလစ်မေ့မြောခြင်း (Fainting / Syncope)

0
( ဆေးပညာအရ syncope ၊ အရပ်အခေါ် fainting )ဆိုတာဟာ ဦးနှောက်ကိုရောက်တဲ့ အောက်စီဂျင်ပမာဏ နည်းလို့ ရုတ်တရက်ခဏတာ သတိလစ်တာကိုပြောတာပါ။ ဒီလိုသတိလစ်တာဟာ စက္ကန့်ပိုင်းကနေ ၃ မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ ( vasovagal attack ဒါမှမဟုတ် passing out လို့လည်း သုံးကြပါတယ် ) လူနာအများစုမှာ...

Tension Headache ( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း )(December, 2022)

0
Tension Headache( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း ) Tension headache ဆိုတာ ဦးခေါင်းရဲ့ နေရာအများစုမှာ တင်းပြီးညှစ်ထားသလိုခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။( tension-type headache သို့မဟုတ် muscle contraction headache လို့လည်း ခေါ်ပါတယ်။ ) စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများတဲ့ သူတွေမှာ တွေ့ရများပါတယ်။ Tension...

Essential Tremor (ခေါင်းတုန်လက်တုန်) (November, 2022)

0
ပတ်ဝန်းကျင်မှာ အတွေ့ရများတဲ့ ခေါင်းတုန်လက်တုန် လက္ခဏာမျိုးကို ဆေးပညာအရ essential tremor လို့ ခေါ်ပါတယ်။ ‌ လက်ဖျား၊ လက်မောင်းနဲ့ ဦးခေါင်းမှာ အဓိကတွေ့ရတတ်ပြီး အသံတုန်တာနဲ့ ခြေထောက်လိုနေရာတွေမှာပါ တုန်တာမျိုးလည်း ရှိတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အတွေ့ရများတယ် ဆိုပေမယ့် တကယ်တော့ ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်တွေ့နိုင်ပါတယ်။ Essential...

အယ်လ်ဇိုင်းမား သတိမေ့ရောဂါ Alzheimer’s Disease (October, 2022)

0
အယ်လ်ဇိုင်းမား သတိမေ့ရောဂါ (Alzheimer's Disease) ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ generation gap အရ လူငယ်ကနေ လူကြီး၊ လူကြီးကနေ လူငယ် အပြန်အလှန်နားလည်ဖို့ ခက်လာချိန်မှာ တချို့လူကြီးရောဂါတွေကို သိနားလည်ထားဖို့ လိုအပ်လာပါတယ်။ အဲဒီ့အထဲမှာ သတိမေ့တတ်တာမဆန်းပေမယ့် လူကြီးတွေမှာ ရောဂါတစ်ခုအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။ သတိမေ့တတ်တဲ့ရောဂါအုပ်စုကြီး Dementiaရဲ့အောက်မှာ သတိမေ့တတ်တဲ့ရောဂါမျိုးခွဲတွေအများကြီးရှိတဲ့ထဲက ၆၀-၇၀%ဟာ...

မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း Bell’s Palsy (October, 2022)

0
Bell’s Palsy (မျက်နှာတစ်ခြမ်းရှိကြွက်သား အားနည်းခြင်း) Bell’s palsy ဆိုတာဟာ အာရုံကြောထိခိုက်ပျက်စီးမှုကြောင့် မျက်နှာတစ်ခြမ်းမှာရှိတဲ့ ကြွက်သားတွေ ၊ ဂလင်းတွေ အားနည်းသွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့ သုံးနှုန်းကြပေမယ့် တကယ်တမ်းတော့ ဦးနှောက်သွေးကြောပေါက်တာ /ပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာမျိုးနဲ့ မတူပါဘူး အဲဒီ့အစား...ခါးရိုးအာရုံကြောညပ်တဲ့အခါ ခြေထောက်တွေ အားနည်းသွားသလိုမျိုးနဲ့ ပိုဆင်တူပါတယ်။...

Epilepsy (အတက်ရောဂါ) (September, 2022)

0
Epilepsy (အတက်ရောဂါ) ဆိုတာဘာလဲ မျက်ဖြူလန် အကြောဆွဲပြီး ထိန်းမရအောင် "တက်" နေတဲ့သူတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ၀က်ရူးပြန်တယ် ခေါ်ကြတာပေါ့... ၀မ်းရူးပြန်တယ်ပြောရင် အရပ်ထဲမှာ လူကြီးတွေက ခြေမချိုး ၊ လက်မချိုး ၊ ကြေးသော့နဲ့ခြေဖဝါးလှည့်....အဲ့လိုတွေ ပြောကုန်ကြတာကိုလည်း ကြားဖူး ကြပါလိမ့်မယ်။( ဒီလို ပြုလုပ်ခြင်းတွေဟာ မလိုအပ်ပါဘူး။...

အာရုံကြောအားနည်းတဲ့အကြောင်း (September, 2022)

0
" အာရုံကြောအားနည်းတဲ့အကြောင်းလေး ရေးပေးပါ "ဆိုတော့ ဘယ်ကစပြီး ဘယ်လို ရေးရမယ်မှန်းလည်းမသိ...အစလည်း ရှာမရ ဖြစ်နေပါတယ် ဒါ့ကြောင့် စကားလုံး အသုံးအနှုန်းကနေပဲ အရင်စပြီး ရေးလိုက်ပါတော့တယ် ... ... အားနည်းတယ် ဆိုတဲ့အသုံးအနှုန်းပါ "အား" ဆိုတဲ့အသုံးအနှုန်းဟာ ဒီနေရာမှာ Force , Power , Energy ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း ဦးစွာပြောပါရစေ ခန္ဓာကိုယ်မှာ...

Stroke: Part (2) (လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) ) ( August,...

0
လေဖြတ်ခြင်း အပိုင်း(၂) ( လေ့ကျင့်ခန်းများ ) Flaccdity after stroke (လေဖြတ်ပြီးနောက်ကြွက်သားလျော့ကျပြီး အားနည်းခြင်း) လေဖြတ်ပြီးနောက် ကြွက်သားများအားနည်းခြင်းဟာ ပြန်လည်ထူထောင်လာခြင်း အစောပိုင်းရက်တွေမှာ ဖြစ်တတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ case တွေမှာတော့ အားနည်းတာဟာ ဆက်လက်ဖြစ်သွားနိုင်ပါတယ်။ ကြွက်သားအားလျော့တယ်ဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြောလမ်းကြောင်းတွေကိုထိခိုက်ပြီး ပုံမှန်လှုပ်ရှားနိုင်မှုမရှိတော့တာ ဖြစ်ပါတယ်။ လေဖြတ်ပြီးတဲ့နောက်မှာ ဦးနှောက်နဲ့ကြွက်သားကြားထဲမှာရှိတဲ့ အာရုံကြောချိတ်ဆက်မှုတွေဟာ...

ဘာကြောင့်လေဖြတ်ရတယ် Stroke (Part 1) ( August, 2022 )

0
ဒီနေ့မှာတော့ တယ်လီကျန်းမာကို ပူးပေါင်းကူညီပေးနေကြတဲ့ အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များ ရေးသားပေးပို့ထားတဲ့ လေဖြတ်ခြင်း အပိုင်း(၁)အကြောင်းလေး တင်ပြပေးပါရစေနော်... အခုအပိုင်း (၁)မှာတော့ ဘာကြောင့်လေဖြတ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေနဲ့ ရောဂါလက္ခဏာတွေကို အဓိကဖော်ပြပေးသွားမှာဖြစ်ပြီး...အပိုင်း(၂)မှာတော့ လေဖြတ်ပြီးနောက် လုပ်ဆောင်ရမယ့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တင်ဆက်ပေးသွားမှာပါ။ တခြားရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောက်ပါ pageမှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်း.....https://www.facebook.com/Tele-Physiotherapy-102788082130988/ ----------------------။ ။----------------------- လေဖြတ်ခြင်း...

ရေများနေတဲ့ ဦးခေါင်း Hydrocephalus ( June, 2022 )

0
လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။ Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။ ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ...

ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine ( May,2022 )

0
ခေါင်းတစ်ခြမ်းကိုက်ခြင်း????(Migraine) လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်.... ❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ - များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး- အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်- မျိုးရိုးလည်းလိုက်တတ်ပါတယ် ❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ - ပျို့အန်တာ-...

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

0
ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါပြဿနာများ