ညဘက်တွေမှာ အိပ်မပျော်တာဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သလို နေ့ဘက်တွေမှာ ခဏခဏ အိပ်ငိုက်တတ်တာကလည်း သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Narcolepsy လို့ခေါ်တဲ့ နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီရောဂါမှာ ကာယကံရှင်ဟာ ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။

▪️လက္ခဏာတွေကတော့….

???? နေ့လယ်ဘက်တွေမှာ ရုတ်တရက် အိပ်ပျော်သွားတတ်တာ – Narcolepsy ရှိတဲ့သူတွေက ဘာလက္ခဏာမှမပြဘဲ နေ့အချိန်တွေမှာ အိပ်ပျော်သွားလေ့ရှိပါတယ်။ ပျင်းရိပြီး လုပ်စရာမရှိတဲ့အချိန်မှာ အိပ်ပျော်တတ်တာလည်း ဖြစ်နိုင်သလို အလုပ်လုပ်နေချိန်အတွင်းမှာ ရုတ်တရက် အိပ်ပျော်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ အန္တရာယ်မရှိနိုင်ဘူးလို့ ထင်ရပေမယ့် ကားမောင်းနေတုန်း ရုတ်တရက် အိပ်ပျော်သွားတာမျိုးကတော့ တော်တော့်ကို အန္တရာယ်များလှပါတယ်။ အဲဒီလို အိပ်ပျော်သွားတတ်တာမျိုးက မိနစ် (၂၀) ဒါမှမဟုတ် နာရီဝက်လောက်ဖြစ်ပြီးတော့ ခဏတဖြုတ် လမ်းလျှောက်လိုက်ရင် ပြန်လန်းဆန်းသွားမှာပါ။ ဒါပေမယ့် Narcolepsy မှာတော့ နောက်တစ်ခေါက် ပြန်အိပ်ပျော်သွားတတ်ပါတယ်။

???? ကြွက်သားအားနည်းတာ – ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ ကြွက်သားတွေ အားနည်းသွားတဲ့အတွက်ကြောင့် စကားပြောတဲ့အခါ လုံးလာတာ၊ ကိုယ်လက်လှုပ်ရှားမှု မလုပ်နိုင်တော့တာတွေ ဖြစ်နိုင်ပါတယ်။ တချို့သူတွေမှာ ဒီလိုမျိုးကြွက်သားအားနည်းတာက တစ်နှစ်မှာ နှစ်ကြိမ်လောက်သာ ဖြစ်တတ်ပြီး တချို့သူတွေမှာတော့ ရံဖန်ရံခါ ဖြစ်တတ်ပါတယ်။

???? အိပ်ပျော်နေစဥ်မှာ ကြွက်သားတွေ တုံ့ဆိုင်းပြီး လှုပ်ရှားလို့မရတာ၊ ထင်ယောင်ထင်မှားတွေ မြင်ယောင်တာ

???? လူတွေ အိပ်မောကျပြီး အိပ်မက်မက်တဲ့ အိပ်ပျော်ခြင်းဖြစ်စဥ်တွေထဲက တစ်ခုဖြစ်တဲ့ REM (Rapid eye movement) အဆင့်ကို ပုံမှန်ထက်မြန်မြန်ရောက်တာ… အစရှိတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

.

တချို့သော narcolepsy ရှိသူတွေမှာတော့ ရုတ်တရက်အိပ်ပျော်သွားတဲ့အချိန်မှာတောင် လုပ်လက်စအလုပ်တွေ ဆက်လုပ်နေတတ်ပါတယ်။ ပြန်နိုးလာတဲ့အချိန်မှာတော့ ဒီဖြစ်စဥ်ကို သတိမရဘဲ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ အိပ်ပျော်နေစဥ်မှာ တောင်စဥ်ရေမရ အစီမစဥ်မကျတဲ့ စကားတွေ ပြောနေတတ်တာကိုလည်း တွေ့ရပါတယ်။

.

Narcolepsy ဘာကြောင့် ဖြစ်ရလဲဆိုတာကို အတိအကျမသိရပေမယ့် Narcolepsy ဖြစ်တဲ့သူတွေမှာ ဦးနှောက်မှာရှိတဲ့ Hypocretin လို့ခေါ်တဲ့ လူတွေရဲ့နိုးကြားမှုကို ထိန်းချုပ်ပေးနိုင်တဲ့ ဓာတုပစ္စည်း (Chemical) တစ်မျိုး နည်းပါးနေတာကို တွေ့ရပါတယ်။

▪️Narcolepsy ရှိတဲ့သူတွေနဲ့ သာမန်လူတစ်ယောက်အကြား အိပ်ပျော်ခြင်းဖြစ်စဥ်တွေဟာ ဘယ်လိုကွာခြားကြသလဲ….

သာမန်လူတွေမှာဆိုရင် NREM (Non rapid eye movement) ဆိုတဲ့ ဖြစ်စဥ်ပြီးတော့မှ အိပ်မောကျတဲ့၊ အိပ်မက်မက်တဲ့ REM (rapid eye movement) အဆင့်ကို ရောက်ရှိပါတယ်။

Narcolepsy ရှိသူတွေမှာတော့ REM အဆင့်ကို တန်းရောက်သွားပါတယ်။

▪️ဘယ်သူတွေမှာ Narcolepsy ဖြစ်နိုင်ခြေများလဲ….

– အသက် (၁၀) နှစ်နဲ့ (၃၀) ကြား အရွယ်တွေ

– မိသားစုထဲမှာ Narcolepsy ရောဂါရှိသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။

▪️ဆိုးကျိုးတွေအနေနဲ့ကတော့

အလုပ်လုပ်နေစဥ်မှာ ရုတ်တရက် အိပ်ပျော်သွားတတ်တာကြောင့် ဒီရောဂါရှိကြောင်း မသိတဲ့သူတွေအနေနဲ့ မိမိကို အပျင်းကြီးတာ ဒါမှမဟုတ် အရမ်းပင်ပန်းလွယ်တာဆိုပြီး အထင်အမြင်မှားတာတွေ ဖြစ်နိုင်ပါတယ်။

ကားမောင်းနေတဲ့အချိန်မှာ ရုတ်တရက် အိပ်ပျော်သွားတတ်တာကြောင့် မတော်တဆမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါ့အပြင် Narcolepsy ရှိတဲ့သူတွေမှာ အဝလွန်ရောဂါဖြစ်နိုင်ခြေများတာကို တွေ့ရပါတယ်။

▪️ဘယ်လို ကုသနိုင်သလဲ….

အာရုံကြောစနစ်ကို နိုးကြားအောင် လုပ်ပေးနိုင်တဲ့ဆေးတွေ၊ အိပ်ပျော်ခြင်းနဲ့ နိုးကြားခြင်းကို ထိန်းညှိပေးနိုင်တဲ့ ဟော်မုန်းဆေးတွေကို သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီလိုဆေးမျိုးတွေက တစ်ဖက်မှာလည်း အာရုံကြောတွေနဲ့ ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတဲ့အတွက်ကြောင့် မိမိသဘောနဲ့မိမိ မသောက်သုံးဘဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စနစ်တကျ သောက်သုံးသင့်ပါတယ်။

.

Narcolepsy ရောဂါဟာ တိုက်ရိုက်အသက်အန္တရာယ်ရှိတဲ့ ရောဂါမဟုတ်ပေမယ့် ရုတ်တရက်အိပ်ပျော်သွားတတ်တာကြောင့် လုပ်ငန်းခွင်အန္တရာယ်တွေ၊ မတော်တဆမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိမှာ အထက်မှာဖော်ပြထားခဲ့တဲ့ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် မပေါ့ဆဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသကုသမှုခံယူဖို့ အကြံပေးတိုက်တွန်းလိုပါတယ်။

Reference – ????

https: // www . mayoclinic . org /diseases-conditions/narcolepsy/symptoms-causes/syc-20375497

https: // www . mayoclinic . org /diseases-conditions/narcolepsy/diagnosis-treatment/drc-20375503

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here