၀က်သက်ရောဂါ (Measles)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ မနက်ဖြန်ဆိုရင် ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒီ ၃ နှစ်အတွင်းပြည်သူလူထုအနေနဲ့ ဒုက္ခမျိုးစုံကို တစ်နေ့မပြတ် ခံစားကြရပါတယ်။ စစ်တပ်အာဏာသိမ်းခြင်းကြောင့် အသက် ၅ နှစ်အောက် ကလေးငယ်များစွာဟာ ကာကွယ်ဆေးထိုးနှံနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒါကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပြီး ကာကွယ်နိုင်တဲ့ရောဂါတွေကို မကာကွယ်နိုင်တဲ့အပြင် အချို့သောရောဂါတွေဟာ ကပ်ရောဂါအသွင် ကူးစက်နိုင်တဲ့အန္တရာယ်ရှိတာ တွေ့ရပါတယ်။
ဒီရောဂါတွေထဲမှာ ကူးစက်ပျံ့ပွားလွယ်တဲ့ ၀က်သက်ရောဂါနဲ့ပတ်သက်ပြီး ရောဂါဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကူးစက်တယ်၊ ဘယ်လိုရောဂါလက္ခဏာတွေ ပြတတ်တယ်၊ နောက်ဆက်တွဲ ဘယ်လိုရောဂါတွေဖြစ်နိုင်တယ်၊ ဘယ်လိုကာကွယ်နိုင်တယ် စတဲ့ အရေးကြီးတဲ့အချက်တွေကို မေကံကောင်းက ဝေမျှပေးထားပါတယ်။
Ministry of Health,
National Unity Government.