ဒီနေ့အတွက် ဆောင်းတွင်းမှာ ရောဂါပိုးဝင်ရောက်မှုကြောင့် ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ) အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Croup မှာဆိုရင်တော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ပိုးဝင်တာဖြစ်ပြီး လေပြွန်ကျဥ်းလာ၊ အသက်ရှူရ ကျပ်လာပြီး ကျယ်ကျယ်လောင်လောင် ဆူညံတဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ချောင်းဆိုးခြင်းနဲ့အတူ တခြားလက္ခဏာတွေကတော့ အသံအိုးနဲ့ လေပြွန်တို့ ရောင်ရမ်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ။ ချောင်းဆိုးတဲ့အခါမှာ ရောင်ရမ်းတာမှတစ်ဆင့် ကျဥ်းနေတဲ့လေပြွန်ကို ဖိအားပေးသလို ဖြစ်နေတဲ့အတွက်ကြောင့် ရောင်နေတဲ့ အသံအိုးတွေကနေတစ်ဆင့် ထူးဆန်းကျယ်လောင်တဲ့ ဖျံအော်သံလိုမျိုး ချောင်းဆိုးသံထွက်လာတာ ဖြစ်ပါတယ်။

Croup ရဲ့ လက္ခဏာ‌တွေကတော့

• ဖျံအော်တဲ့အသံလိုမျိုး ချောင်းဆိုးတာ (ဒီလိုချောင်းဆိုးတာက ငိုတဲ့အချိန်၊ စိတ်လှုပ်ရှားတဲ့အချိန်တွေမှာ ပိုဆိုးတာတွေ့ရပါတယ်။)

• ဖျားတာ

• အသံဩလာတာ

• အသက်ရှူတဲ့အချိန် လေပြွန်ကနေ တခြားအသံတွေကြားရတာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။

ဒီလက္ခဏာတွေက ညဘက်တွေမှာ ပိုဆိုးတတ်ပြီးတော့ (၃) ရက်ကနေ (၅) ရက်ထိ ကြာတတ်ပါတယ်။

ဒီလေပြွန်ရောင်တာက Parainfluenza virus ဆိုတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတာပါ။ ရောဂါပိုးရှိသူရဲ့ ချောင်းဆိုးတာ၊ နှာချေတာတွေကနေတစ်ဆင့် ရောဂါပိုးပါတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိရာကနေ ရောဂါကူးတတ်ပါတယ်။

အများအားဖြင့်တော့ အသက် (၆) လကနေ (၃) နှစ်ကြားကလေးတွေမှာ ကူးစက်တတ်ပြီး အသက် (၆) နှစ်အထက်ကလေးတွေမှာတော့ Croup ဖြစ်တာ ရှားပါတယ်။

ဒါကို ကာကွယ်တဲ့အနေနဲ့

• အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် လက်ဆေးပါ။

• ဖျားနာနေတဲ့သူတွေရှိရင် သီးသန့်ထားပါ။

• မိမိရဲ့ ကလေးတွေကို ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းတွေကို ပိတ်ပြီးမှ ပြုလုပ်ဖို့ သင်ပေးပါ။

မိမိရဲ့ ကလေးငယ်တွေမှာ အ‌ပေါ်ကပြောပြခဲ့တဲ့ ချောင်းဆိုးတဲ့ပုံစံမျိုးနဲ့အတူ တခြားလက္ခဏာတွေ ဖြစ်လာခဲ့ရင် အချိန်မဆွဲဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဒါ့အပြင်…

• ကလေးကို သက်တောင့်သက်သာ နေခိုင်းပါ။ စာအုပ်ဖတ်ခိုင်းတာမျိုး၊ ငြိမ်သက်စွာ ထိုင်ဆော့ခိုင်းတာမျိုးတို့ ပြုလုပ်ပေးလို့ရပါတယ်။

• ကလေးကို ထိုင်တဲ့အခါ မတ်မတ်ထိုင်ခိုင်းပါ။ အသက်ရှူရတာ လွယ်ကူစေနိုင်ပါတယ်။

• နို့စို့ကလေးငယ်တွေမှာ မိခင်နို့ကို ဆက်လက်တိုက်ကျွေးပါ။ အရွယ်‌ရောက်ပြီးသား ကလေးတွေမှာတော့ အာဟာရရှိတဲ့ စွပ်ပြုတ်လိုအရည်မျိုးတွေ များများတိုက်ပေးဖို့ လိုပါတယ်။

• အိပ်ရေးဝဝ အိပ်ပါစေ။

References – ????

https :// www . mayoclinic . org /diseases-conditions/croup/symptoms-causes/syc-20350348

https :// www . mayoclinic . org /diseases-conditions/croup/diagnosis-treatment/drc-20350354

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here